Top

မျက်စိစွေခြင်း

လူအများမှ မျက်စိစွေခြင်းကို နားလည်မှုလွဲနေတုန်းပင်ဖြစ်သည်။ ၄င်းတို့သည် မျက်စိစွေခြင်းကို ကုသ၍မရနိုင်ဟု တွေးထင်ကြသည်။ ထို့ကြောင့်၊ မျက်စိစွေသည့် ကလေးအတော်များများသည် ကုသမှုကို ခံယူရရှိခြင်း မရှိကြပေ။ ထို သို့မကုသပဲ ထားရှိပါက ၄င်းတို့၏ကိုယ်ရည်ကိုယ်သွေး၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု နှင့် ဘ၀အရည်အသွေးများကို ထိခိုက်လာနိုင်စေပါသည်။ 

 

ကလေးမျက်စိအထူးကုဆရာဝန်ဖြစ်သည့် Dr.Rattiya Pornchaisuree မှ မျက်စိစွေခြင်းသည် အကြောင်းအမျိုးမျိုး ကြောင့်ဖြစ်ခြင်း ဖြစ်ကြောင်းနှင့် ကလေးများတွင် အများဆုံးတွေ့ ရတတ်ကြောင်း ရှင်းလင်းပြောပြပါသည်။ 

 

          -     မျက်လုံးကြွက်သားကို ထိန်းချုပ်သည့် ဦးနှောက်ကောင်းစွန်အလုပ်မလုပ်ခြင်း  

          -     မျက်လုံးကြွက်သား၏ ဖွံ့ ဖြိုးမှု ပုံမမှန်ခြင်း 

          -     မျက်လုံးကြွက်သားကို ထိန်းချုပသည့် အာရုံကြောများ၏ ဖွံ့ ဖြိုးမှု ပုံမမှန်ခြင်း  

          -     မျက်လုံးကင်ဆာ Retinoblastoma ကဲ့သို့သော ရောဂါအချို့ ကြောင့်ဖြစ်ခြင်း  

          -     အဝေးမှ အရာများကို လွန်မင်းစွာအာရုံစူးစိုက်ခြင်း 

 

ကလေးများ၏ မျက်စိစွေခြင်းကုသမှု၏ရည်ရွယ်ချက်မှာ အမြင်အာရုံကွယ်ပျောက်စေနိုင်သည့် “lazy eye” ရောဂါကို ကုသရန် ရည်ရွယ်ပါသည်။ ကလေးဘ၀သည် အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ပင်အရေးကြီးသည့် အရွယ်ဖြစ်ပါသည်။ ထို့ကြောင့်၊ ဤကာလတွင် မျက်စိစွေပါက ပျင်းရိ (lazy) လာသည်အထိ မျက်စိကို အသုံးပြုမှု လျော့နည်းလာပါမည်။ ၄င်းပြင်၊ အမြင်အာရုံသည်လည်းကောင်းမွန်စွာ ဖွံ့ဖြိုးလာမည်မဟုတ်ပေ။ မကုသပါက အကျိုးဆက်အနေဖြင့် မျက်စိအမြင်အာရုံကို ပျက်စီးဆုံးရှုံးစေနိုင်ပါသည်။ မျက်စိစွေသည်ကို တတ်နိုင်သမျှ စောလျင် စွာ သိရှိပြီး ကုသနိုင်ရန် လိုပါသည်။ အကြောင်းမှာ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်စေနိုင်သည်သာမက အမြင်အာရုံ ဆုံးရှုံးနိုင်ပြီး၊ အနာဂတ်တွင်လည်း ဘ၀အရည်အသွေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ပါသည်။ 

 

မိမိတို့ ၏ကလေးများက မျက်စိစွေနေကြောင်း မည်သို့ သိရှိနိုင်ပါသနည်း။ 

မိဘများသည် မိမိတို့၏ရင်သွေးများ မျက်စိစွေခြင်း ရှိမရှိကို သိရှိနိုင်ကြသည်။ အသက် 4 နှစ်ကျော်သည့် ကလေးများ တွင် သိသားထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ကလေးက ၄င်း၏ မိခင် သို့မဟုတ် ဖခင်ကို ကြည့်ရာတွင် ၄င်းတို့၏ မျက်စိများ တစ်နေရာတည်းတွင် မတန်းနေပါက နောက်ထပ်စမ်းသပ်စစ်ဆေးမှုများပြုရန် သမားတော် နှင့် ပြသ တိုင်ပင် သင့်ပါသည်။ 

 

ခွဲစိတ်ကုသမှု 

မျက်စိ တစ်ဘက်နှင့် တစ်ဘက်အားချိန်ညှိပေးမည့် “ကြွက်သားမှန်ကန်အောင်ပြင်ဆင်ခြင်း” (muscle correction) ဆိုင်ရာ ခွဲစိတ်မှုကို ပြုလုပ်ပြီး မျက်လုံးကြွက်သွားများကို လျှော့ပေးခြင်း သို့မဟုတ် တင်းကျပ်ခြင်းကို ပြုလုပ်နိုင်ပါ သည်။ လူကြီးများအား ထုံဆေးဖြင့် ခွဲစိတ်ပြုပြင်နိုင်သော်လည်း၊ ကလေးအများစုအား မေ့ဆေးဖြင့် ခွဲစိတ်ပြုပြင်ကြရ သည်။ ခွဲစိတ်ကုသပြီးနောက်တွင် မျက်သားနီနေခြင်းမှာ ပုံမှန်ဖြစ်ပြီး ရက်အနည်းအကြာတွင် သက်သာပျောက်ကင်း နိုင်ပြီး ခန့် မှန်းခြေအားဖြင့် တစ်ပတ်အကြာတွင် ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။ 

 

မျက်စိစွေခြင်းကို စောစီးစွာသိရှိပြီး ကုသနိုင်ပါက ကုသမှုရလဒ်မှာ အလွန်ပင်ကောင်းမွန်နိုင်ပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ မျက်လုံးစင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



Health Article

Natural Orifice Transluminal Endoscopic Surgery

Read More

Water Vapor Therapy for Benign Prostatic Hyperplasia

Read More

Do not fear intestinal surgery if you are not yet aware of this

Read More

Hemifacial spasm

Read More

Voice Feminization Surgery

Read More

Laryngeal Cancer

Read More