Top

MOBILE CCU လူနာတင်ယာဉ်များတွင်

Mobile CCU လူနာတင်ယာဉ်များတွင် ခေတ်မီဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများကြောင့် နှလုံးရောဂါရှင်လူနာများ၏ ရှင်သန်မှုနှုန်းကို တိုးမြင့်ပေးပါသည်။ 
 
ပြင်းထန်သည့် နှလုံးရောဂါဝေဒနာရှင် အတော်များများသည် ထိရောက်သည့် ကုသမှုများကို မချိန်မီမရရှိခြင်းကြောင့် အသက်များဆုံးရှုံးကြရပြီး။ ၄င်းကို ကာကွယ်တားဆီးသင့်ပါသည်။ ဖရာထိုင်း 2 ဆေးရုံသည် လူနာများကို ဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်ပေးမည့် Mobile CCU လူနာတင်ယာဉ် (Mobile CCU, intensive care units on wheel) ကို စီစဉ်ထားရှိပေးပါသည်။ Mobile CCU လူနာတင်ယာဉ် သည် နှလုံးရောဂါ ဝေဒနာရှင်များနှင့် စိုးရိမ်ရသည့် နာမကျန်းလူနာများအတွက် ၀န်ဆောင်မှုများကို ပေးအပ်နေပါသည်။ ဤခေတ်မီ စက်ကိရိယာများတပ်ဆင်ထားသည့် လူနာတင်ယာဉ်ထဲတွင် လူများ၏အသက်ကို ကယ်ဆယ်ရန်လိုအပ်သည့် အသက်ရှူကိရိယာ၊ EKG မော်နီတာ၊ သွေးခုန်နှုန်းစောင့်ကြည့်စစ်ဆေးသည့် ကိရိယာ (Pulse oximeter) နှင့် Infusion pump များကဲ့သို့သော ကိရိယာ များကိုတပ်ဆင်ထားပါသည်။ အရေးပေါ်အခြေအနေအတွက် လေ့ကျင့်သင်ကြားထားသည့် ကျွမ်းကျင် ဆရာဝန်များ နှင့် သူနာပြုအဖွဲ့မှ လူနာနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါစောင့်ကြပ်ပါမည်။ ထို့ကြောင့်၊ Mobile CCU သည် လူနာများ မြန်ဆန်တိကျသည့် ကုသမှုကို လက်ခံရနိုင်မည့် mobile ICU တစ်ခုအဖြစ်နှင့်လည်း ၀န်ဆောင်မှုပေးနေပါသည်။ 
 
နှလုံးရောဂါဝေဒနာရှင်များအတွက် Mobile CCU သည် မည်ကဲ့သို့လိုအပ်သနည်း။ နှလုံးရောဂါဝေဒနာရှင်များသည် စိုးရိမ်ရသည့်အခြေအနေဖြစ်နိုင်သည့် အန္တရာယ်မြင့်မားပါသည်။ ၄င်းပြင်၊ ရောဂါ လက္ခဏာများသည်လည်း အချိန်တို အတွင်း အမြဲပင်ပြောင်းလဲနိုင်ပြီး အသက်ဆုံးရှုံးရနိုင်ခြင်း၊ သို့မဟုတ် သမားတော် သို့မဟုတ် အထူးကု၏ အရေးပေါ် ကုသမှုနောက်ဆက်တွဲ ရောဂါများရရှိခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။ Mobile CCU တွင် တပ်ဆင်ထားသည့် ခေတ်မီစက်ကိရိယာများဖြင့် ထိရောက်သည့်ကုသမှုများကြောင့် သေဆုံးမှုနှုန်းနှင့် နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ် သည့် နှုန်းကို လျှော့ချနိုင်ပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ လူနာများကို ကုသပေးရန်သာမဟုတ်ပဲ ၄င်းတို့ကို သာမာန်လူများကဲ့သို့ပင် ကောင်းမွန်သည့် ဘ၀အရည်အသွေးကို ရရှိစေလိုရင်းဖြစ်ပါသည်။ 
 
 
ကျွန်ုပ်တို့သင့်ကို ၀န်ဆောင်မှုပေးရန်အသင့်ရှိပါသည်။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုပါက 
အီးမေး:   onestop@phyathai.com
ဖုန်း    : +66 2617 2444 ext. 2020, 2057, 5221
ဖက်စ် :  +66 2619 8555


Innovation and Technology

Hybrid Operating Theater

Read More

Pediatric Intensive Care Unit (PICU)

Read More

MOBILE CCU

Read More

Fibroscan

Read More

Computerized Dynamic Posturography (CDP)

Read More

Digital Mammography

Read More