Top

ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါများ (Cerebral Palsy)

ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါ (Cerebral palsy)၊ CP ဟုလည်းရည်ညွှန်းခေါ်ဆိုသည့် ရောဂါဆိုသည်မှာ ခန္ဓာကိုယ်နှင့် ဆက်စပ်နေသည့် ကြွက်သားများ၏ရွေ့ လျားလှုပ်ရှားမှုများကို ထိခိုက်စေသော ဦးနှောက်ယိုယွင်းပျက်စီး သည့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ အခြေအနေများဖြစ်ပါသည်။ ရောဂါအခြေအနေပြင်းထန်းလာနိုင်ခြင်းမရှိသည့် ဦးနှောက်မူမမှန်မှုဖြစ်ပါသည်။ လက်ရှိတွင် ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါ (Cerebral palsy) ဖြစ်ပွားသည့် ကလေးများ၏ဦးရေမှာ မြင့်တက်လာလျက်ရှိနေပါသည်။ ဤသို့မြင့်တက်လာရခြင်း၏ အကြောင်းရင်းမှာ လမစေ့ဘဲ မွေးဖွားပြီး ပေါင်မပြည့်သည့် မွေးကင်းစကလေးငယ်လေးများကို ထိရောက်ကောင်းမွန်စွာပြုစုစောင့်ရှောက်နိုင်ခြင်း ကြောင့်ဖြစ်နိုင်ပါသည်။ နှစ်စဉ်နှစ်တိုင်း မွေးဖွားသည့် ကလေးအယောက် 800,000 တွင် ဤသို့ ဖြစ်ပွားသည့် ကလေး များ၏ရာနှုန်းမှာ 10 ရာခိုင်နှုန်းမျှရှိပါသည်။ အကျိုးဆက်အနေဖြင့် နှစ်စဉ် ကလေးများကြုံတွေ့ ရသည့် မတော်တဆမှု ကြောင့် ခန့မှန်းခြေအားဖြင့် ကလေးလူနာ 200,000 အပါအ၀င် ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါကို ခံစားရ နိုင်သော မွေးကင်းစ ကလေးငယ်များပိုမိုများပြားလာပါသည်။ 

 

ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါ (Cerebral Palsy) ဖြစ်ပွားရသည့်အကြောင်းရင်း 

ဦးနှောက်သွက်ချာပါဒရောဂါဖြစ်ပွားရသည့် အကြောင်းရင်းတစ်စုံတစ်ရာမရှိပါ။ ဦးနှောက်သွက်ချာပါဒ ဖြစ်ပွားသည့် 20 ရာခိုင်နှုန်း အတွက်အကြောင်းရင်း ရှာမတွေ့နိုင်ပေ။ အများအားဖြင့် မမွေးဖွားမီ ကိုယ်ဝန်ဆောင်ကာလအတွင်း မှ   ခန့်မှန်းခြေအားဖြင့် အသက် 7-8 နှစ်အရွယ်ထိ ကလေးငယ်၏ ဦးနှောက် ကြီးထွားဖွံ့ဖြိုးစဉ် ကာလအတွင်း ပုံမှန်မဟုတ်သည့် ဦးနှောက်ဖွံ့ ဖြိုးမှု ဖြစ်ပေါ်နိုင်ပါသည်။ 

 

မမွေးဖွားမီ 

အချို့သော ကလေးများအတွက် ဦးနှောက်သွက်ချာပါဒရောဂါသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖြစ်ပေါ်လာသည် ဟု မှတ်ယူကြသည်။ မိခင်သည် မမွေးဖွားမီ (ဂျာမာန်ဝက်သက်) နှင့် cytomegalovirus (CMV)  ဗိုင်းရပ်စ် ကဲ့သို့သော ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း၊ သွေးကြောအခြေအနေများ၊ ဇီဝ ဖြစ်စဉ်ဆိုင်ရာ ရောဂါများ၊ အဆိပ်အတောက် ရှိသည့် အရာများနှင့်ထိတွေ့ ခြင်း များနှင့်ဆက်နွယ်နေသည်ဟု ယူဆကြသည်။ 

 

ကလေးမီးဖွားစဉ် 

ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါအတော်များများသည် ခက်ခဲသည့် မွေးဖွားမှုကြောင့်ဖြစ်နိုင်ပါသည်။ ချက်ကြိုး 

ပတ်ခြင်းနှင့် မွေးဖွားစဉ် အသက်ရှူမွန်းကြပ်ခြင်းသည် မွေးကင်းစကလေးငယ်လေး၏ ဦးနှောက်ကို ထိခိုက်စေနိုင်ပါ သည်။ ဤတွင် ကူးစက်ရောဂါ၊  အသားဝါ၊ သကြားဓာတ်နည်းခြင်း၊ ဦးနှောက်ပျက်စီးခြင်း နှင့် ဦးနှောက်တွင်း သွေးယိုခြင်းများဖြင့် လမစေ့ ပေါင်မပြည့်ပဲ မွေးလာသည့် ကလေးငယ်များပါဝင်ပါသည်။ 

 

မွေးဖွားပြီးနောက်

မွေးဖွားပြီးနောက်တွင် ဒဏ်ရာ သို့မဟုတ် စိတ်ဒဏ်ရာ (trauma) အချို့နှင့် ဦးနှောက်အမြှေးရောင်ရောဂါကို လျောက်ပတ်စွာ စီမံခန့်ခွဲကုသခြင်း မပြုပါက ကလေး၏ ဦးနှောက်ကို ပျက်စီးယိုယွင်းစေပြီး ဦးနှောက်နှင့်ဆိုင်သည့် သွက်ချာပါဒရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။ 

 

ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါများ၏ လက္ခဏာများ 

ထိခိုက်ခံရသည့် ဦးနှောက်ဧရိယာအပေါ်မူတည်ပြီး CP ၏ ရောဂါ လက္ခဏာများ ပြင်းထန်ခြင်းမရှိနိုင် သို့ မဟုတ် ပြင်းထန်နိုင်ပါသည်။ တွေ့ ရှိရသည့်ရောဂါ လက္ခဏာများတွင် ဖွံ့ ဖြိုးကြီးထွားမှုနှောင့်နှေးခြင်း၊ ထိုင်ခြင်း၊ လမ်းလျှောက် ခြင်း၊ စကားပြောဆိုခြင်း နှင့် ဘာသာစကား များတွင် အခက်အခဲများရှိခြင်း၊ ကြွက်သား မူမမှန်ခြင်း နှင့် ပုံမှန်မဟုတ် သည့်ကိုယ်ဟန်အနေအထားများ ပါဝင်ပါသည်။ 

 

ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါများအား ကုသမှု 

ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါသည် ခက်ခဲရှုပ်ထွေးသည့် မသန်မစွမ်းဖြစ်မှုဖြစ်သည်။ သင်္ကေတနှင့် လက္ခဏာ များမှာ တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိကွဲပြားနိုင်ပြီး အထူးသဖြင့် ရွေးလျားလှုပ်ရှားမှုနှင့် ကြွက်သွားဖွံ့ ဖြိုးကြီးထွားမှု များ ဖြစ်ကြသည်။ မိဘများမှ ကလေး၏ကြီးထွားဖွံ့ ဖြိုးမှု ပုံမမှန်မဟုတ်သည်ကို သတိပြုမိချိန်တွင် ထိရောက်သည့် ကုသမှု အတွက် ကလေးဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးသင့်ပြီးပါသည်။ ကလေး၏ရွေ့လျားလှုပ်ရှားမှု နှင့် သင်ယူမှု စွမ်းရည်ကို အကဲဖြတ်ပြီး ရောဂါ၏ပြင်းထန်မှုကို စစ်ဆေးမည်ဖြစ်သည်။ စည်းကမ်းသတ်မှတ်ချက်ပေါင်းစုံ လိုက်နာ သည့် အသင်း (multidisciplinary team) မှ ကလေးတစ်ဦးစီအတွက် ကုသမှု၏ရည်ရွယ်ချက်ကို သတ်မှတ်ရန် နှင့် သင့်လျော်သည့် ကိုယ်ကာယ (ရုပ်ပိုင်း) ဆိုင်ရာကုထုံးများကို ဒီဇိုင်းရေးဆွဲရန်အတွက် ဆေးဘက်ဆိုင်ရာနှင့် ကိုယ် ကာယပိုင်းဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကိုယ်ကာယပိုင်း (ရုပ်ပိုင်း) ဆိုင်ရာကုထုံး များကြောင့်  ကလေး၏ကြွက်သားလှုပ်ရှားနိုင်စွမ်းတိုးတက်ကောင်းမွန်လာခြင်း၊  လှုပ်ရှားသွားလာ နိုင်မှုပိုမိုဆိုးဝါး သွားခြင်းမှ ကာကွယ်နိုင်ခြင်း နှင့် ကလေးအား ပိုမိုပြီးအမှီအခိုကင်းစေနိုင်မည်ဖြစ်ပါသည်။ မည်သည့် ကိုယ်ကာယပိုင်း ဆိုင်ရာ ကုထုံးနှင့် သင့်လျော်မည်ဆိုသည်မှာ ရောဂါပြင်းထန်မှုအပေါ်တွင်မူတည်ပါသည်။ 

 

ဖရာထိုင်း 2 ဆေးရုံ၏ ကလေးစင်တာတွင် ဦးနှောက်ဆိုင်ရာ သွက်ချာပါဒရောဂါများဖြစ်ပွားခံစားနေရသည့် ကလေးကို ကုသပေးမည့် အဖွဲ့ ရှိပါသည်။ ရောဂါခံစားနေရသည့် လူနာနှင့် သင့်လျော်သည့် ကုသမှုများကို ဖွံ့ ဖြိုးမှုဆိုင်ရာ ကလေး အထူးကု၊ ကလေး ဦးနှောက်နှင့်အာရုံကြော ပါရဂူ၊ ကလေးအရိုးအထူးကု၊ ကိုယ်ကာယပိုင်းဆိုင်ရာ ကုထုံးပညာရှင်နှင့် လုပ်ငန်းခွင်ကုထုံးပညာရှင် (occupational therapist) များမှ အတူပူးပေါင်းကုသပေးသွားမည်ဖြစ်ပါသည်။ ရောဂါအခြေအနေတိုးတက်ကောင်းမွန်လာစေရန်နှင့် လှုပ်ရှားနိုင်မှုစွမ်းရည်ကို တိုးမြင့်ပေးနိုင်ရန်အတွက် ကာယ ကုသမှု ကုထုံး (physiotherapy)၊ စကားပြောနှင့် ဘာသာစကားကုထုံး များကို အခြားသော ကုသမှုများ၊ ဆေးဝါးများ နှင့် အတူအသုံးပြုသွားမည်ဖြစ်ပါသည်။ ထို့ကြောင့်၊ ကလေးသည်လည်း တတ်နိုင်သမျှ သက်တောင့်သက်သာဖြင့် နေထိုင်နိုင်မည်ဖြစ်ပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ ကလေးစင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



Health Article

Natural Orifice Transluminal Endoscopic Surgery

Read More

Water Vapor Therapy for Benign Prostatic Hyperplasia

Read More

Do not fear intestinal surgery if you are not yet aware of this

Read More

Hemifacial spasm

Read More

Voice Feminization Surgery

Read More

Laryngeal Cancer

Read More