onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
သင့်ကျန်းမာရေးအတွက် သင့်မျက်လုံးများမှာ အရေးကြီးပါသည်။ သင့် စက္ခုအာရုံ၏အရေးပါမှုကို သိမြင်နားလည် သည့် ဖရာထိုင်း 2 ဆေးရုံကြီးမှ သင်နှင့် သင့်မိသားစုအတွက် မျက်လုံးကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နေ ပြီ ဖြစ်ပါသည်။ လူနာများခံစားနေရသည့် အမြင်အာရုံချို့ ယွင်းမှုကို လျှော့ချနိုင်ရန်အတွက် ဘုတ်အဖွဲ့ အသိအမှတ်ပြု လက်မှတ်ရ ကောင်းမွန်စွာလေ့ကျင့်သင်ယူထားကြသည့် ကျွန်ုပ်တို့ ၏ မျက်စိအထူးကုဆရာဝန်များမှာ လုပ်ရိုး လုပ်စဉ် မျက်စိစမ်းသပ်စစ်ဆေးမှု၊ အဆင့်မြင့် ရောဂါရှာဖွေစမ်းသပ်မှု လုပ်ထုံးလုပ်နည်းများနှင့် များပြားကျယ်ပြန့်သည့် မျက်စိ ရောဂါများနှင့် အခြေအနေများအတွက် ဆေးဘက်နှင့် ခွဲစိတ်ကုသမှုများအပါအ၀င် မျက်လုံးနှင့် သက်ဆိုင်သည့် ရောဂါများ ကိုကုသပေးနေပါသည်။
• (မျက်စိ) ရောဂါအမျိုးမျိုး စမ်းသပ်စစ်ဆေးခြင်းနှင့် ဆွေးနွေးတိုင်ပင်ခန်းများ
• မျက်စိစမ်းသပ်စစ်ဆေးခန်း
• ရေတိမ်အတွက် မျက်လုံးဖိအားတိုင်းတာ စမ်းသပ်စစ်ဆေးခြင်း
• စက္ခုအာရုံ စူးရှမှုကို စမ်းသပ်စစ်ဆေးခြင်း
• အော်တို ရီဖရက်ရှန် (Auto refraction)
မျက်လုံးစမ်းသပ်စစ်ဆေးခြင်းများအပြင် အောက်ဖော်ပြပါ မျက်စိရောဂါများဆိုင်ရာ ကုသမှုများကို ပြုလုပ်ပေးနေပါ သည်။
• အတွင်းတိမ် အကဲဖြတ်ခြင်းနှင့် ခွဲစိတ်ကုသခြင်း (Cataract evaluation and surgery)
• မျက်ကြည်လွှာနှင့် ပြင်ပဆိုင်ရာရောဂါ (Cornea and external disease)
• ဆီးချိုကြောင့် ဖြစ်ပွားသည့် မျက်လုံးရောဂါ (Diabetic Retinopathy)
• ရေတိမ် (Glaucoma)
• ကလေးမျက်လုံးရောဂါများနှင့် အရွယ်ရောက်သူတွင်ဖြစ်ပွားသည့် မျက်စိစွေခြင်း (Pediatric Ophthalmology and Adult Strabismus)
• မျက်ကြောလွှာအခြေအနေများ (Retinal conditions)
• မျက်လုံးနီရဲရောင်ရမ်းခြင်း (Uveitis and Ocular Inflammation)
• မျက်စိတွင်းရှိ ဖန်သားနှင့်တူသည့် Vitreous ဆိုင်ရာ ပြဿနာ (Vitreous problem)
နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 8.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 2 ထပ်၊ အဆောက်အဦး A
ဆက်သွယ်ရန်: ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် + 66-(0)2 617-2444 ext 4215, 4227 သို့ဖုန်း ခေါ်ဆိုပါ။