Top

အပြည်ပြည်ဆိုင်ရာ လူနာဝန်ဆောင်မှု 

 

 

 

 
ဖရာထိုင်း 2 ဆေးရုံမှ အပြည်ပြည်ဆိုင်ရာ လူနာများကို ကြိုဆိုပါသည်။ ကျွန်ုပ်တို့မှ အပြည်ပြည်ဆိုင်ရာ လူနာများအား အကောင်းဆုံး ကျန်းမာရေး ကုသစောင့်ရှောက်မှု ပေးရန် အသင့်ရှိနေပါသည်။ 
နိုင်ငံရပ်ခြားမှ လူနာများအား အဆင့်အမြင့်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင်ရန် အပြည်ပြည် ဆိုင်ရာ ကျန်းမာရေးစင်တာအား တည်ထောင်ထားခြင်းဖြစ်ပါသည်။ ကွဲပြားသည့် ထုံးတမ်းဓလေ့နှင့် လူမှုရေးနောက်ခံများကို လေးစားသမှုဖြင့် လူနာအယောက်ချင်းစီအား ကုသစောင့်ရှောက်ပေးသွားမည်ဖြစ်ပါသည်။ 
 

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးစင်တာ (IRC)

အရည်အသွေးမြင့် မေတ္တာဂရုဏာပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုအတွက် ကောင်းမွန်သည့် ဆက်ဆံရေးသည် မရှိမဖြစ်လိုပါသည်။ ထို့ကြောင့်၊ နိုင်ငံတကာမှ လူနာများအတွက် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးစင်တာမှ စကားပြန် ၀န်ဆောင်မှုကို စီစဉ်ထားရှိပေးထားပါသည်။ ကျွန်ုပ်တို့၏ အထူးသံတမန်များသည် အင်္ဂလိပ်၊ အာရပ်၊ တရုတ်၊ ဂျာမာန်၊ ကမ္ဘောဒီးယား၊ ပြင်သစ်၊ စပိန်၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် ကဲ့သို့သော ဘာသာစကားအများအပြားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်စွမ်းရှိကြသည်။ ၄င်းတို့သည်  သင့်လာရောက်မှု အဆင်ပြေလွယ်ကူစေရေးအတွက် ဆေးကုသမှု လုပ်ငန်းစဉ်တစ်လျှောက်တွင် သင့်အား ၀မ်းမြောက်ဝမ်းသာစွာဖြင့် လိုက်ပါကူညီပေးရန် အသင့်ရှိပါသည်။ 
 
 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ (ICC)

ဖရာထိုင်း 2 ဆေးရုံသို့နိုင်ငံတကာမှ လူနာများသည် ဆွေးနွေးတိုင်ပင် အကြံဥာဏ်များရယူရန်နှင့် ဒုတိယ ထင်မြင်ချက် နှင့် ဆေးကုသမှုများ ခံယူရန် နှစ်စဉ်နှစ်တိုင်း လာရောက်လေ့ရှိပါသည်။ ကမ္ဘာ့အဆင့်မီ ကျန်းမာရေး ၀န်ဆောင်မှု အတွက် ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးစင်တာတွင် သင့် ကိုသြဒိနိတ်တာ (coordinator) အဖြစ် ကျွန်ုပ်တို့၏ဆေးရုံသို့မလာရောက်မီ နှင့် လာရောက်စဉ်အတွင်း အောက်ဖော်ပြပါ ၀န်ဆောင်မှု များပေးမည့် ၀န်ထမ်းများရှိပါသည်။ 
 
    • ဆေးဝါးကုသမှုနှင့်ဆိုင်သော စုံစမ်းမေးမြန်းလိုသည်များအတွက် ပံ့ပိုးကူညီခြင်း 
    • ဆေးဝါးကုသမှု ရက်ချိန်းများအတွက်  စီစဉ်ပေးခြင်း 
    • ဆေးရုံတက်ရောက်ခွင့်လုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း 
    • ၀န်ဆောင်မှုအတွက် ကုန်ကျစရိတ်များကို တွက်ချက်ခန့်မှန်းပေးခြင်း 
    • ဟိုတယ်အခန်းအတွက် ကြိုတင်မှာယူပေးခြင်း 
    • ဗီဇာအတွက် ကူညီပေးခြင်း 
    • သယ်ယူပို့ဆောင်ရေး အတွက်စီစဉ်ပေးခြင်း လေဆိပ်သို့မဟုတ် ဟိုတယ်တွင် သွားရောက်ကြိုဆိုခြင်း
    • ငွေသားမဲ့ ၀န်ဆောင်မှုအတွက် ဆန္ဒရှိပါက သင့်ကျန်းမာရေးအာမခံကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း  
 
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးစင်တာတွင် မှတ်ပုံတင်ထားပါက ပထမဦးဆုံးခရီးစဉ်တွင်သာမက ဆေးဝါးကုသမှုတစ်လျှောက်လုံးတွင် လူနာ တစ်ဦးချင်းစီအား ပံ့ပိုးကူညီလမ်းညွှန်းပေးသွားမည်ဖြစ်ပါသည်။ သင့်အား သင်ကုသမှု ခံယူရမည့် ဆေးရုံတွင် သင်၏ဆေးကုသမှုနှင့်ဆိုင်သည့် ဖိုင် မှအဆင် သင့်စောင့်ဆိုင်းနေပါမည်။          ထို့ကြောင့်၊ လုပ်ငန်းစဉ်များ တိုတောင်းပြီး စောင့်ဆိုင်းရသည့်အချိန်ကို သက်သာစေပါသည်။ ကျွန်ုပ်တို့၏ဆောင်ရွက် မှုတိုင်းသည် သင်၏ အဆင်ပြေလွယ်ကူစေရေးအတွက် အတတ်နိုင်ဆုံးဒီဇိုင်းရေးဆွဲဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ 
 
 
သင့်အားဝန်ဆောင်မှုများပေးအပ်နိုင်ရန် မျှော်လင့်ပါသည်။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုပါက -
အီးမေး : onestop@phyathai.com
ဖုန်း     : +662-617-2444 ext. 2020, 2047, 5221
ဖက်စ်   : +662-619-8555