Top

သားအိမ်အလုံးတည်ခြင်း (Ovarian Cysts)

ဆစ် (Cysts) များသည် အလုံပိတ်အိတ်များဖြစ်ကြပြီး အများအားဖြင့် ရေများနှင့် ပြည့်နေကာ ခန္ဓာကိုယ်၏မည်သည့် အစိတ်အပိုင်းမဆို၏ တစ်ရှူးများတွင်ဖြစ်ပေါ်နိုင်ပါသည်။ သားအိမ်အလုံးသည် အမျိုးသမီး၏သားအိမ် အတွင်းနှင့် မျက်နှာပြင်ပေါ်တွင် ဖြစ်ပွားနိုင်ပါသည်။ ၄င်းကို အဓိက အမျိုးအစားနှစ်မျိုးခွဲနိုင်သည်။ ရောဂါနှင့် ဆက်စပ်သည့် သာအိမ်အလုံး (disease-related cysts) နှင့်  ရာသီသွေးစက်ဝန်းကြောင့်သားအိမ်မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်ပြီး ကုသရန်မလိုဘဲ အလို အလျောက်ပျောက်ကင်းသက်သာနိုင်သည့် functional ovarian cysts အလုံး ဟူ၍ဖြစ်သည်။ 

 

1။ ရောဂါနှင့် ဆက်စပ်သည့် သားအိမ်လုံး (Disease-related cysts) ပြဿနာဖြစ်နိုင်သည့် ချော့ကလက် ဆစ် (chocolate cysts) နှင့် ပုံမှန် မဟုတ်သည့် ဆဲလ်များဖြစ်တည်ကြီးထွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆစ် (cysts) များဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်ပါသည်။ 

 

2။ Functional ovarian cysts, လစဉ် သားအိမ် follicle အတွင်းတွင် သဘာဝအတိုင်း ဖွံ့ ဖြိုးကြီးထွားလာသည့် မျိုးဥ အား သားအိမ်မှတဆင့်ထုတ်လွှတ်ပေးပါသည်။ သားအိမ် follicle မှ မျိုးဥကို ထုတ်လွှတ်ရန် ပွင့်လာခြင်းမရှိပါက အလုံး အဖြစ်ဆက်လက်ကြီးထွားလာပါသည်။ Follicular cysts များသည် သုံးလအတွင်း အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါသည်။ အချို့သောအခြေအနေများတွင် သားအိမ် follicle မျိုးဥအား ထုတ်လွှတ်လိုက်သော် လည်း ပြန်လည် သေးငယ်သွားခြင်းမရှိပေ။ ထို့အပြင်၊ အရည် သို့မဟုတ် သွေးများသည်လည်းအတွင်းတွင် ဖွဲ့စည်း ဖြစ်ပေါ်လာပြီး သားအိမ်အတွင်းတွင် အလုံးအနေနှင့် ဖြစ်တည်လာပါသည်။ ထို့နောက်၊ အလိုအလျောက်ပျောက်ကင်း သွားမည်ဖြစ်ပါသည်။ 

 

သားအိမ်အလုံးကို ပထမအကြိမ်အဖြစ် စတင်စမ်းသပ်သိရှိချိန်တွင် ရောဂါ လက္ခဏာများထင်ရှားခြင်းမရှိဘဲ နှင့် မည်သည့်အမျိုးအစားဖြစ်ကြောင်း တိကျစွာသတ်မှတ်နိုင်ခြင်းမရှိပေ။ အများအားဖြင့် လူနာသည် ဆရာဝန်ထံသို့ 2 လ - 3 လ အထိ သွားရောက်ပြသရန် လိုအပ်သည်။ အလုံးပျောက်ကင်းသွားပါက မည်သည့်ကုသမှုမျှ ပြုလုပ်ရန် မလိုအပ်ပေ။ 

 

သားအိမ်အလုံး၏ ရောဂါ လက္ခဏာများ  

ကင်ဆာအလုံး သို့မဟုတ် ရိုးရိုးသာမာန်အလုံးများ ဖြစ်သည့် သားအိမ်လုံးအတော်များများသည် မည်သည့်ရောဂါ လက္ခဏာမှ ပြသခြင်းမရှိပေ။ ထို့ကြောင့်၊ အမျိုးသမီးအများစုသည် ၄င်းတို့၌ သားအိမ်အလုံးရှိကြောင်း သတိမမူမိ ကြပေ။ သို့သော်၊ သားအိမ်လုံးအမျိုးအစားပေါ်မူတည်ပြီး ရောဂါလက္ခဏာများဖြစ်တည်လာတတ်သည်။ ဥပမာအား ဖြင့် ချော့ကလက် ဆစ် (chocolate cysts) ရှိသည့် အမျိုးသမီးများသည် ရာသီလာစဉ်တွင် တင်ပါးဆုံတွင်း ပြင်းထန် သည့်နာကျင်မှုကို ခံစားရတတ်သည်။ သင့် ၀မ်းဗိုက်အောက်ပိုင်း သို့မဟုတ် တင်ဆုံတွင် ပုံမှန် နာကျင်ပြီး မသက်မသာ ဖြစ်နေပါက မီးယပ်ရောဂါအထူးကုနှင့် ပြသတိုင်ပင်ပါ။ 

 

သားအိမ်အလုံးသည် ကိုယ်ဝန်အားမည်သို့ ထိခိုက်စေနိုင်သနည်း။ 

သားအိမ်ပေါ်တွင်ဖြစ်သည့် ချော့ကလက် ဆစ် (Chocolate cyst) သည် မမျိုးဥ ဖြစ်တည်နိုင်ခြင်းကို တားဆီးသည်။ အန်ဒိုမီထရီအိုစစ် (endometriosis) ကြောင့်ဖြစ်ပေါ်သည့် အလုံး (cyst) သည်လည်း မျိုးမပွားနိုင်ခြင်းနှင့် ဆက်စပ်မှု ရှိသည်။ အန်ဒိုမီထရီအိုစစ် (endometriosis) သည် သားဥအိမ်၊ မျိုးဥ၊ သားအိမ်ပြွန် သို့မဟုတ် သားအိမ် တို့၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေပြီး ကိုယ်ဝန်ရနိုင်ရန် ခက်ခဲစေသည်။ လစဉ်လတိုင်း အမိဝမ်းတွင်းရှိ နံရံသည် မျိုးအောင်မည့် မျိုးဥအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သဘာဝဟော်မုန်းများဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ကိုယ်ဝန်မရပါက ဤအရာသည် ရာသီသွေးအဖြစ် ခန္ဓာကိုယ်တွင်းမှ စီးဆင်းသွားကြသည်။ 

 

အန်ဒိုမီထရီအိုစစ် (endometriosis) သည် သားအိမ်အတွင်းရှိ တစ်ရှူးနံရံများသည် အခြားနေရာများတွင် ဖွံ့ ဖြိုးကြီး ထွားလာခြင်းဖြစ်သည်။ ၄င်းသည် ထူထဲလာပြီး ပုံမှန်ကဲ့သို့ပင် ရာသီစက်ဝန်းတိုင်းတွင် စီးဆင်းသော်လည်း ခန္ဓာကိုယ် မှ စီးဆင်းထွက်ခွာသွားခြင်းမရှိပေ။ ဤသို့ ဖြင့် ကိုက်ကဲရောင်ရမ်းမှုကို ဖြစ်ပေါ်စေသည်။ သားအိမ်ပြွန်ကို ပိတ်ဆို့ နိုင်သည့် အမာရွတ်တစ်ရှူး (scar tissue) နှင့် cysts တို့ဖွဲ့ စည်းတည်ဆောက်ခြင်းကြောင့် မျိုးဥ နှင့် သုတ်ပိုး တို့  တွေ့ ဆုံနိုင်ခြင်းမရှိစေရန် တားဆီးသည်။  အန်ဒိုမီထရီအိုစစ် (endometriosis) သည် တစ်ရှူးပျက်စီးစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖျက်ဆီးမည့် adhesions (စွဲကပ်လုံးထွေးခြင်း) များကိုဖြစ်ပေါ်စေနိုင်ပါသည်။ 

 

ကုသမှု  

ယေဘုယျအားဖြင့် သားအိမ်အလုံးများအား ဆေးဝါးသောက်သုံးခြင်း၊ ခွဲစိတ်ခြင်းများဖြင့် ကုသနိုင်သည်။ အလုံး ကြီးထွားမှုကို နှေးကွေးစေရန်အတွက် ဆရာဝန်မှ သန္ဓေတားဆေးများပေးတတ်သည်။ သို့သော်၊ ကလေးရလိုသည့် လူနာများနှင့် မသင့်တော်ပေ။ 

 

သားအိမ်အလုံးအား laparoscope အသုံးပြုသည့် ခွဲစိတ်မှုဖြင့် ဖယ်ရှားရန် အကြံပြုနိုင်ပါသည်။ ခွဲစိတ်ဖယ်ရှားလိုက် သည့် အလုံးအား ကင်ဆာဟုတ်မဟုတ် သတ်မှတ်ရန်အတွက် စမ်းသပ်စစ်ဆေးရန် ပို့ဆောင်ပါမည်။ ခွဲစိတ်ဆရာဝန်မှ laparoscopy နည်းဖြင့် အလုံးကို သေးငယ်သည့်ခွဲစိတ်ကြောင်းမှ ဖယ်ထုတ်သောကြောင့် လူနာသည် နာကျင်မှုကို အနည်းငယ်သာ ရရှိခံစားနိုင်ပါသည်။ လျင်မြန်စွာလည်း ပြန်လည်နာလန်ထူနိုင်ပါသည်။ ၄င်းပြင်၊ laparoscopy နည်းဖြင့် ခွဲစိတ်ကုသမှုကိုခံယူခြင်းကြောင့် သဘာဝအတိုင်းကိုယ်ဝန်ဆောင်နိုင်သည့် အခွင့်အလမ်းလည်းများပြားပါ သည်။ 

 

သားအိမ်လုံးကုသမှုမှာ ဖြစ်ပေါ်သည့်အလုံး၏ အမျိုးအစားပေါ်မူတည်သကဲ့သို့ လူနာ၏လိုအပ်ချက်ပေါ်တွင်လည်း မူတည်ပါသည်။ ကိုယ်ဝန်ရယူလိုပါက ဆရာဝန်မှ ကိုယ်ဝန်ဆောင်နိုင်သည့် သင့်အရည်အချင်းကို ထိခိုက်မှုမရှိစေရန် သင့်လျော်သော ကုသမှုကို စီစဉ်ပေးမည်ဖြစ်ပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ Assisted Reproductive Center (ARC) တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို 

တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



مقالة صحية

تقويم مفاصل الفخذ كليًا في ليلتين فقط معهد العظام

Read More

تمدد الشريان الأورطي

Read More

مرض الزهايمر

Read More

الإفرازات المهبلية

Read More

مركز الكبد

Read More

الحول (حول العين)

Read More