onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
معرض الصور |
عرض عام |
اتصل بنا
Language
ကျွန်တော်သည် ဇန်တိကာ (Zantika) အရက်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုကြောင့် ဖရာထိုင်းဆေးရုံ၏ လောင်ကျွမ်းမှု (Burn) စောင့်ရှောက်ကုသသည့် ယူနစ်တွင် တစ်လကြာ တက်ရောက်ကုသမှုကို ခံယူခဲ့ရပါ သည်။ ကျွန်တော်၏ ထိုင်းနိုင်ငံသားမိတ်ဆွေမှ ဤဆေးရုံတွင် ကုသမှုကို ခံယူရန် မိတ်ဆက်ပြောကြားခဲ့ပါသည်။ ကျွန်တော် သည် အင်္ဂလိပ် နှင့် ထိုင်း စကားများကို ကျွမ်းကျင်စွာပြောဆိုနိုင်ခြင်းမရှိသော်လည်း ဘာသာစကားအတွက် အခက်အခဲမရှိခဲ့ပါသည်။ အကြောင်းမှာ ဆေးရုံ၏ ဂျပန်စကားပြန်က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကူညီဖေးမခဲ့ သောကြောင့်ဖြစ်ပါသည်။
ထို့အပြင်၊ ဆရာဝန်များကလည်း ကုသမှုအကြောင်းကို အသေးစိတ်ရှင်းလင်းပြောပြပေးခဲ့သည့်အတွက် ရှင်းရှင်း လင်းလင်း လွယ်လွယ်ကူကူ နားလည်နိုင်ခဲ့ပါသည်။ ထို့ကြောင့်၊ ကျွန်တော် ဆေးရုံတက်နေသည့်အချိန်ကာလ အတွင်း လုံခြုံစိတ်ချမှုကို ခံစားရပြီး၊ ကုသမှုအပေါ်လည်း ယုံကြည်အားထားနိုင်ခဲ့ပါသည်။ ဖရာထိုင်းဆေးရုံ၏ ဆရာဝန်များ၊ သူနာပြုအဖွဲ့များနှင့် ၀န်ထမ်းများလုံးကို စိတ်ရင်းနှင့် ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါသည်။
خالد عبدالله الشحي