Top

 လည်မျို ကင်ဆာ

“လည်မျို ကင်ဆာ” သည် အမျိုးသမီးများထက် အမျိုးသားများတွင် အတွေ့ ရများပါသည်။ အဘယ်ကြောင့် ဆိုသော် ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းများသည် လည်မျိုကင်ဆာဖြစ်ပွားရန်အတွက် သိသာ ထင်ရှားသော အန္တရာယ် ဖြစ်သောကြောင့်ဖြစ်ပါသည်။ လူအတော်များများသည် ဆေးလိပ်နှင့် အရက်ကို ဆယ်ကျော် သက်အရွယ်မှ စတင်ပြီး အချိန်ကာလကြာမြင့်စွာသောက်သုံးခဲ့ကြသည်။ သို့သော်၊ ဆိုးဝါးသည့် ကျန်းမာရေး ပြဿနာများအား တွေ့ကြုံခဲ့ ရခြင်းမရှိကြပေ။ အမှန်မှာ ရောဂါများသည် တဖြည်းဖြည်းချင်းနှင့် အစပြုပြီးနောက် အဆုံးတွင်ကင်ဆာဖြစ်ပွား စေနိုင်သည့် ရောဂါ လက္ခဏာများ သက်လတ်ပိုင်းအရွယ်တွင် ပေါ်လာတတ်ပါသည်။ ထို ရောဂါ လက္ခဏာများရှိမရှိ ကို မည်ကဲ့သို့သိရှိနိုင်ပါသနည်း။ ဖရာထိုင်း 2 ဆေးရုံ၏ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်ကုသမှု စင်တာမှ အထူးကု ဒေါက်တာ ချန်တီမာ အာရာရန်ကွန် (Dr. Chantima Arayangkun) မှ လည်မျို ကင်ဆာ၏ ရောဂါ လက္ခဏာများ အကြောင်းကို ရှင်းလင်းပြောပြထားပါသည်။ 

 

လည်မျို ကင်ဆာ၏ ရောဂါ လက္ခဏာများ 

1။ ဆက်တိုက် အသံကွဲ၊ အသံအက်၊ အသံဝင်၊ အသံပြာခြင်း (Persistent hoarseness) 

2။ မျိုချရန် ခက်ခဲခြင်း နှင့် မျိုချရာတွင် နာကျင်မှုခံစားရခြင်း (Difficulty swallowing, pain when swallowing)

3။ ပြင်းထန်သည့် အခြေအနေများတွင် အသက်ရှူရခက်ခဲခြင်း (Difficulty breathing in severe cases)

 

ရောဂါအားရှာဖွေဖော်ထုတ်ခြင်း 

ဖော်ပြထားသည့် လက္ခဏာများဖြစ်ပေါ်ခံစားရပါက၊ လည်ချောင်းကင်ဆာ ဖြစ်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ ရောဂါ ရှာဖွေဖော်ထုတ်ခြင်းကို အောက်ပါအတိုင်းပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

 

1။ နား၊ နှာခေါင်း နှင့် လည်ချောင်းအား စမ်းသပ်စစ်ဆေးခြင်း

2။ လည်မျိုပြွန်အား မှန်ပြောင်း (endoscopy) ဖြင့် မူမမှန်မှုများရှိမရှိ ကြည့်ရှူစစ်ဆေးခြင်း။ အကျိတ်အား တွေ့ ရှိပါက၊ ကင်ဆာဟုတ်မဟုတ် စစ်ဆေးရန်အတွက် အသားစဆဲလ်လေးတစ်ခုကို ဖြတ်ယူပါမည်။ 

3။ လူနာတွင် လည်ပင်း သို့မဟုတ် လည်ချောင်းတွင် အဖုရှိပါက၊ နောက်ထပ်စစ်ဆေးမှုများပြုလုပ်ရန်အတွက် ၄င်းအား ဖယ်ရှားပါသည်။ 

4။ ကိုယ်ကာယပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း

5။ သွေးစစ်ခြင်း

6။ ရောဂါအဆင့်ကို သတ်မှတ်နိုင်ရန်အတွက် ဓာတ်မှန် ပုံရိပ်ဖော် စမ်းသပ်စစ်ဆေးခြင်း (X-Ray imaging tests) 

 

လည်မျို ကင်ဆာ ကုသမှု  

1။ ကင်ဆာ ကနဦးအဆင့် – ကင်ဆာအား ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း သို့မဟုတ် လည်မျိုပြွန်ကို ယခင်အတိုင်း ထားရှိပြီး ခွဲစိတ်ကုသခြင်းများပြုလုပ်နိုင်သည်။ ထို့ကြောင့်၊ လူနာသည် သာမာန်ကဲ့သို့ပင် စကားပြောနိုင်၊ အသက်ရှူ နိုင်မည်ဖြစ်ပါသည်။ 

 

2။ အဆင့်မြင့် လည်မျိုးကင်ဆာ (အဆင့် III-IV) - လည်ပင်းရှိ လည်မျိုပြွန် သို့မဟုတ် အဖုအကျိတ်များကို ခွဲစိတ် ဖယ်ရှားပါမည်။ လည်မျိုပြွန် သို့မဟုတ် အသံအိုးကို ခွဲစိတ်ဖယ်ရှားပြီးနောက် လူနာသည် သာမာန်ကဲ့သို့စကားပြော နိုင်၊ အသက်ရှူနိုင်မည် မဟုတ်ပေ။ လူနာအသက်ရှူနိုင်စေရန်အတွက် လည်ပင်းတွင် အပေါက်ဖောက်ပြီး လေပြွန်နှင့် တွဲဆက်ပေးပါမည်။ လူနာသည် အစာပြွန်မှထွက်ပေါ်လာသည့် အသံဖြင့် စကားပြောခြင်းနှင့် အသံအိုးအတုဖြင့် စကားပြောခြင်း အပါအ၀င် တစ်ဖန်စကားပြောဆိုနိုင်ရန်အတွက် လေ့လာသင်ယူသွားရမည်ဖြစ်သည်။ ဤအဆင့်တွင် ဓာတုဆေးသွင်းခြင်းနှင့်အတူ ဓာတ်ရောင်ခြည်ပေးခြင်းများတွင် ရောဂါပျောက်ကင်းနိုင်မှုနှုန်းအားတိုးတက်စေပါသည်။ 

 

လည်မျိုကင်ဆာ၏ အကျိုးသက်ရောက်မှုများ 

1။ လည်မျိုကင်ဆာကို အချိန်ကြာမြင့်စွာ မကုသပဲထားရှိပါက၊ အကျိတ်မှ လေပြွန်ကို သွားရောက်ပိတ်ဆို့လိုက် သောကြောင့် လူနာသည် အသက်ရှူနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် အသက်ရှူနိုင်ရန်အတွက် လည်ပင်းရှေ့ တွင် အပေါက်ဖောက်ရန်လိုအပ်ပါသည်။ လူနာသည် ဆေးရုံသို့အချိန်မှီ ရောက်ရှိခြင်းမရှိခဲ့ပါက၊ အသက်ရှူရကြပ်ပြီး သေဆုံးနိုင်ပါသည်။ 

 

2။ ကင်ဆာသည် အစာပြွန်၊ လျှာခြေ၊ လေပြွန် များကဲ့သို့သော အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့  ရောက်ရှိနိုင်ပါသည်။ သွေးထွက်နိုင်ပြီး လူနာမှ အစာမစားနိုင် သို့မဟုတ် အသက်မရှူနိုင်ဖြစ်ပြီး အသက်ဆုံးရရှုံးရနိုင် ပါသည်။ ကင်ဆာသည် အဆုတ်၊ အရိုး နှင့် အသည်းများသို့လည်း ကူးစက်ပျံ့ နှံ့ နိုင်ပါသည်။ 

 

လည်မျိုကင်ဆာဖြစ်ပွားမှုမှ မိမိကိုယ်ကို မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်ရမည် 

1။ လည်မျိုကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ အန္တရာယ်ကိုလျှော့ချရန်ပင်ဖြစ်ပါ သည်။ ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကို ရှောင်ကျဉ်ပြီး မိမိကိုယ်ကိုအားကောင်းမွန်စွာဂရုစိုက်ပါ။ 

 

2။ အသံကွဲအက်ဝင်ပြာခြင်း၊ နာတာရှည်လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်း များကဲ့သို့သော လက္ခဏာများကို ခံစားရပါက သမားတော်နှင့် ပြသသင့်သည်။ အချိန်မဆွဲပါနှင့်။ ဆေးကို မိမိဖာသာ မသောက်ပါနှင့်။ အဘယ်ကြောင့် ဆိုသော်၊ ထိုအရာသည် လည်မျိုကင်ဆာ၏ရောဂါလက္ခဏာများ ဟုတ်မဟုတ် မသိနိုင်သောကြောင့် ဖြစ်သည်။ 

 

 

Dr.Chantima Aranyangkun

နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်အထူးကု (Otolaryngologist)၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ဆရာဝန် 

ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်စင်တာ၊ ဖရာထိုင်း 2 ဆေးရုံ

 

ဖရာထိုင်း 2 ဆေးရုံ၏ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်စင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com

 


Health Article

Natural Orifice Transluminal Endoscopic Surgery

Read More

Water Vapor Therapy for Benign Prostatic Hyperplasia

Read More

Do not fear intestinal surgery if you are not yet aware of this

Read More

Hemifacial spasm

Read More

Voice Feminization Surgery

Read More

Laryngeal Cancer

Read More