Top

သက်ကြီးပိုင်းအမျိုးသမီးများတွင်တွေ့ရသောရောဂါများ

အသက်အရွယ်ကြီးလာသည်နှင့်အမျှ အမျိုးသမီးများသည် အမျိုးသားများထက် အသက်အရွယ်ကြီးပိုင်းတွင် အောင်နိုင်သူဖြစ်သည်။ စစ်တမ်းအရထိုသို့ပြောသော်ငြားလည်း အသက်အရွယ်ကြီးလာလျှင် ရှောင်လွှဲရန်မရသောအချက်မှာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ အရွယ်ကျလာသည့်အပြင် နောက်ဆက်တွဲရောဂါများကို သက်ကြီးပိုင်းအမျိုးသမီးများတွင် တွေ့ရသည်။ သက်ကြီးပိုင်းအမျိုးသမီးတွင် တွေ့ရသောရောဂါများမှာ

 

(၁) သွေးတိုးရောဂါ
ပုံမှန်သွေးပေါင်ချိန်မှာ ၁၂၀-၁၂၉ နှင့် ၈၀-၈၄ mmHg ဖြစ်ပြီး ထိုထက်များပါက သွေးတိုးရောဂါဖြစ်နေသည်ဟုယူဆပြီး သက်ကြီးပိုင်းတွင် အန္တရာယ်ရှိသောရောဂါဖြစ်သည်။ သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် အသက်အန္တရာယ်ဆုံးရှုံးနိုင်သော ရောဂါတခုဖြစ်ပြီး လေဖြတ်၊ လေဖြန်းခြင်းနှင့် နှလုံးရောဂါများကို ဖြစ်ပွားစေနိုင်သည်။ သွေးတိုးရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများမှာ မျိုးရိုးဗီဇလိုက်ခြင်း၊ အ၀လွန်ရောဂါဖြစ်ခြင်း သို့မဟုတ် ခန္ဓာကိုယ်အလေးချိန်များလွန်းခြင်း၊ ပြင်းထန်သောကျောက်ကပ်ရောဂါဖြစ်ခြင်း၊ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်းတို့ကြောင့် ဖြစ်သည်။

(၂) ဆီးချိုရောဂါ
ဆီးချိုရောဂါသည် ယောကျာ်းမိန်းမလူကြီးလူငယ်မရွေးတွင်ဖြစ်တတ်ပြီး ယခုအခါ သက်ကြီးပိုင်းတွင် အတွေ့များ၍ အသက်အန္တ ရာယ်ထိခိုက်စေနိုင်သည်။ ဆီးချိုဖြစ်စေနိုင်သောအကြောင်းရင်းများမှာ ၁. အ၀လွန်ခြင်း ၂.မုန်ချိုအိတ်လုပ်ဆောင်ချက်ပုံမမှန်ခြင်း ၃. မျိုးရိုးဗီဇတို့ကြောင့်ဖြစ်သည်။ အကယ်၍ ဆီးချိုဖြစ်နေပြီကို သံသယရှိပါကနည်း လမ်းမှန်ကန်စွာ ကုသရန်လိုပါသည်။        လက္ခဏာများမှာမကြာခဏဆီးသွားခြင်းနှင့် အခေါက်တိုင်းဆီးသွားများခြင်း၊ ရေမကြာခဏဆာငတ်ခြင်း၊ မကြာခဏဆာလောင်ခြင်း၊ အစားလွန်ကဲစွာစားခြင်း နှင့်မောပန်းလွယ်ခြင်းတို့ဖြစ်သည်။ 

(၃) နှလုံးသွေးမလျှောက်ခြင်းသို့မဟုတ် သွေးကြောပိတ်ခြင်း
နှလုံးသွေးကြောပိတ်ခြင်းသည် နှလုံးသွေးမလျှောက်ခြင်းဖြစ်စေနိုင်သော အကြောင်းရင်းဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်သည်။ နှလုံးသွေးမလျှောက်ခြင်းသည် နှလုံးသွေးကြောပိတ်ခြင်းမှ စတင်ပြီး နှလုံးတွင်းသွေးလည်ပတ်မှုမလုံလောက်ခြင်းကြောင့်ဖြစ်သည်။ နှလုံးထဲကိုသွေးမလျှောက်သောအခါ နှလုံးသွေးကြောပျက်စီးစေပြီး နှလုံးကြွက်သားများသေစေနိုင်သည်။ ဖြစ်စေသောအကြောင်းရင်းမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ စိတ်ဖိစီးမှုများခြင်း သို့မဟုတ် ကိုက်ခဲခြင်း၊ အလွန်အေးသောပတ်ဝန်းကျင်တွင် နေထိုင်ခြင်း နှင့်ဆေးလိပ်သောက်ခြင်းတို့ဖြစ်သည်။ နှလုံးသွေးမလျှောက်သော လက္ခဏာမှာ ရင်ဘတ်အောင့်ပြီးနာခြင်း၊ အသက်ရှူစိပ်ခြင်း၊ ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်း၊ ခန္ဓာကိုယ်အေးသော်လည်း ချွေးထွက်ခြင်း၊ အကြောင်းအရင်းမရှိပုံမမှန်မောပန်းခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးသင့်သည်။
 
(၄)အတိတ်မေ့ရောဂါ
စစ်တမ်းအရ အမျိုးသားများသည် အမျိုးသမီးများထက်အသက်တိုသည်။ ထို့ကြောင့် အသက်၆၀ကျော်အမျိုးသမီးများသည် အမျိုးသားများထက် အတိတ်မေ့ရောဂါဖြစ်ပွားနှုန်းများသည်။ လက္ခဏာများမှာ နေ့ဓတူဝအကြောင်းကိစ္စများကို မေ့လွယ်ခြင်း၊ အဆိုပါကိစ္စကိုထပ်ခါပြန်ပြောခြင်းနှင့် ပိုမိုဆိုးဝါးပါက ကိုယ်တိုင်အစားအသောက်စားခြင်း လမ်းလျှောက်ခြင်းများမလုပ်နိုင်ပါ။ ရောဂါဖြစ်စေသော အကြောင်းရင်းမှာ မျိုးရိုးဗီဇပုံမမှန်ခြင်း၊ မျိုးရိုးစဉ်ဆက်လိုက်ခြင်း၊ အသက်အရွယ်ကြီးခြင်း၊ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရခြင်းဖြစ်သည်။ လက္ခဏာများမှာ မကြာသေးခင်မှဖြစ်ပွားသော အကြောင်းအရာကိုမေ့ခြင်း၊ ထပ်ခါထပ်ခါလုပ်ခြင်း၊ စိတ်အပြောင်းအလှဲမြန်ခြင်း၊ အိပ်ပျော်ရာတွင် အခက်အခဲရှိခြင်း၊ စိတ်ကယောင်ခြောက်ခြားခြင်း၊ခန္ဓာကိုယ်ရွေ့လျားရန်ခက်ခဲခြင်းတို့ဖြစ်သည်။
 
(၅) ဒူးခေါင်းအရိုးယိုယွင်းပျက်စီးခြင်း
အသက် ၄၀ အထက်မှစ၍ အမျိုးသမီးအများသည် အမျိုးသားများထက်    ၂-၃ဆအဖြစ်များသောရောဂါဖြစ်သည်။ အကြောင်းရင်းမှာ ၁.အသက်အရွယ်ကြီးလာခြင်း ၂.အရိုးအဆစ်အသုံးများခြင်း ၃.ခန္ဓာကိုယ်အလေးချိန်များခြင်း ၄.ထိခိုက်ဒဏ်ရာရခြင်း ၅.မျိုးရိုးဗီဇလိုက်ခြင်း ၆.ဇီဝဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါပိုးဝင်ခြင်း ၇.အဆစ်ယောင်ခြင်းနှင့် Rheumatoid ရောဂါများရှိခြင်း တို့ဖြစ်သည်။ အဆစ်ယောင်ခြင်း၊ Rheumatoid၊ ဂေါက်ရောဂါများမှာ အရိုးပတ်ဝန်းကျင်တွင်နာကျင်ခြင်း၊ ယောင်ယမ်းခြင်း၊ ပူခြင်းနှင့် အဆစ်ကြားတွင်ရေများတွေ့ရခြင်းတို့ဖြစ်တတ်သည်။ အကယ်၍  အရိုးအဆစ်ပျက်စီးမှုများပါက ဒူးကွေးဆန့်ရန်မလွယ်ကူခြင်းနှင့် အချို့တွင် ဒူးခေါင်းဝန်းကျင်နီးပြီးယောင်ခြင်းများဖြစ်တတ်သည်။

(၆) အရိုးပွရောဂါ(Osteoporosis)
များသောအားဖြင့် သက်ကြီးပိုင်းအမျိုးသမီးတွင် အဖြစ်များပြီး မီးယပ်သွေးဆုံးပြီးသော သို့မဟုတ်အမျိုးသမီးဟော်မုန်းနည်းသောအခါ အရိုးတည်ဆောက်ခြင်းနှင့် ဖျက်စီးခြင်းကိုပုံမမှန်ဖြစ်စေပြီး အရိုးသိပ်သည်းဆနည်းကာ အရိုးကျိုးလွယ်စေသည်။ ရောဂါလက္ခဏာများမှာ သွားကျင်ခြင်း၊ လမ်းလျှောက်လျှင်ခါးကုန်းခြင်းကြောင့်အရပ်ပုသွားခြင်း၊ ခါး၊တင်ပါးနှင့် အဆစ်နေရာများတွင် နာကျင်ခြင်း ဖြစ်စေသည်။ အရိုးပွစေသောအကြောင်းရင်းများမှာ မျိုးရိုးတွင်အရိုးပွရောဂါဖြစ်သောသူရှိခြင်း၊ ကယ်ဆီယမ်နှင့် ဗီတာမင်ဒီ မလုံလောက်ခြင်း၊ အရက်သို့မဟုတ်ကဖေးအင်းဓာတ်ပါသော အရည်ကိုရေရှည်သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းသို့မဟုတ် အစာဆင်ခြင်ခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်အမြန်ကျစေခြင်း၊ စတီးရွိုက်ဆေးလွန်ကဲစွာသုံးစွဲခြင်း သို့မဟုတ်ကာလရှည်ကြာစွာသုံးစွဲခြင်း၊ ဟော်မုန်းပုံမမှန်ခြင်း၊ အသဲရောဂါစသောနာတာရှည်ရောဂါဖြစ်ခြင်း တို့ကြောင့်ဖြစ်သည်။

(၇) သားအိမ်တွင်းအသားပိုရှိသောရောဂါ(Myola uteri / Leiomyoma)
အမျိုးသမီးအများစုတွင်ဖြစ်တတ်ပြီး များသောအားဖြင့် ၄၀-၅၀ကြားတွင် အဖြစ်များသည်။ သားအိမ်တွင်းအသားပိုသည် သားအိမ်တွင်းရှိပုံမှန်ကြွက်သားဆဲလ်ပြောင်းလဲခြင်းမှဖြစ်ပွားစေသည်။ မျိုးရိုးဗီဇလိုက်ခြင်း သို့မဟုတ်အမျိုးသမီးဟော်မုန်းမှဖြစ်ပွားစေနိုင်ပြီး ခန္ဓာကိုယ်ကြီးထွားလာသည်နှင့်အမျှ သားအိမ်တွင်းရှိအသားပိုလည်း ကြီးထွားလာစေနိုင်သည်။ အမျိုးသမီးမီးယပ်သွေးဆုံးပြီးသည့်နောက်ပိုင်းတွင် အသားပိုသေးတာကိုလည်းတွေ့နိုင်ပါသည်။ အဖြစ်များသော လက္ခဏာများမှာ အသားပိုကြီးလာသောကြောင့်မွေးလမ်းကြောင်းတွင်သွေးဆင်းခြင်း၊ ဆီးမကြာခဏသွားခြင်း သို့မဟုတ် အသားပိုသည်စအိုနားတွင် ဖိမိခြင်းကြောင့် ၀မ်းချုပ်ခြင်း၊ အချို့တွင်ဝမ်းဗိုက်တွင်း အသားပိုရှိခြင်းကိုစမ်းမိခြင်းသို့မဟုတ်ပုံမမှန်ဝမ်းဗိုက်ကြီးခြင်း၊ ဆီးစပ်နားတွင်နာကျင်ခြင်းတို့ဖြစ်သည်။
 
(၈) ကင်ဆာရောဂါ
ကင်ဆာရောဂါသည် သက်ကြီးပိုင်းတွင် အသက်အန္တရာယ်ဆုံးရှုံးစေနိုင်သော အကြောင်းရင်းတခုဖြစ်သည်။ ယခင်ကကျန်းမာရေးကောင်းပြီး နာတာရှည်မည်သည့်ရောဂါမှမရှိသော်လည်း ကင်ဆာရောဂါကိုစမ်းသပ်တွေ့ရှိနိုင်သည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်ယိုယွင်းပျက်စီးလာပြီး ဆဲလ်များပြောင်းလဲကာ ကင်ဆာဖြစ်စေနိုင်သည်။ အမျိုးသမီးတွင် အတွေ့များသောကင်ဆာရောဂါများမှာ ၁.ရင်သားကင်ဆာ ၂.သားအိမ်ခေါင်းကင်ဆာ ၃.အူမကြီးနှင့်စအိုကင်ဆာ ၄.အဆုတ်ကင်ဆာ ၅.သားအိမ်တွင်းအကြိတ်ကင်ဆာတို့ဖြစ်သည်။ ကင်ဆာဖြစ်စေသော အကြောင်းရင်းများစွားရှိပြီး အချို့မှာရှောင်လွှဲ၍ မရသောအကြောင်းများမှာ မျိုးရိုးဗီဇလိုက်ခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော် အကယ်၍လက္ခဏာကို သတိထားစောင့်ကြည့်ပြီး ရောဂါမြန်မြန်ရှာဖွေတွေ့ရှိပါက မြန်မြန်ကုသပျောက်ကင်းနိုင်ပါသည်။
 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



健康記事

骨髄移植

Read More

アルツハイマー病

Read More

人工股関節置換術

Read More

腹部大動脈瘤(トリプルA(AAA)自覚症状のないまま忍び寄るサイレントキラ

Read More

胃食道逆流症 GERD

Read More

睡眠時無呼吸症候群

Read More