ကျွန်မတို့၏မိခင်ကြီး အကောင်းဆုံးဆေးဝါးကုသမှုခံယူနိုင်စေရန်အလို့ငှာ ဘန်ကောက်တွင်ရှိသော ဆေးရုံကို ရှာဖွေ နေခဲ့ပါသည်။ ကျွန်မတို့မိသားစုမိတ်ဆွေ၏ အကြံပြုချက်ဖြင့် အကောင်းဆုံး ကုသစောင့်ရှောက်မှုနှင့် ၀န်ဆောင်မှု များကို ရရှိခဲ့သည့် အကောင်းဆုံးဆေးရုံ ဖရာထိုင်း 2 ဆေးရုံကို ရွေးချယ်လိုက်ပါသည်။ စီမံခန့်ခွဲမှု၊ ဆရာဝန်များ၊ သူနာပြုများ၊ အပြည်ပြည် ဆိုင်ရာ ၀န်ထမ်းအရာရှိများ၊ ကုသမှုစရိတ်များကို ကြည့်ရမည်ဆိုရင်လည်း သင့်တော် သည်ဟု ထင်မြင်ပါသည်။
ဆေးရုံတွင် ဘာသာပြန်ဝန်ဆောင်မှုကို ထားရှိပေးထားသောကြောင့် ပြောဆိုဆက်ဆံရေးအတွက် အဆင်ပြေစေပါ သည်။ ၄င်းပြင်၊ ကျွန်မတို့၏ မိသားစုမိတ်ဆွေထံမှ ရရှိခဲ့သည့် VIP ကတ်ကြောင့် အထူးလျှော့ဈေးကို ရရှိခံစားခဲ့ရပါ သည်။ လာမည့် နှစ်များတွင်လည်း ဆေးရုံကြီးအောင်မြင်တိုးတက်ပါစေကြောင်း မျှော်လင့်ပါသည်။ အကောင်းဆုံး ဆေးဝါးကုသမှု ၀န်ဆောင်မှုကို ရှာဖွေနေကြသည့် ကျွန်မတို့၏ ဆွေမျိုးသားချင်း မိတ်ဆွေများ နှင့် နာမကျန်းသူများ အား ကျွန်မတို့မိသားစုမှ ဖရာထိုင်း 2 ဆေးရုံ သို့ကြွလှမ်းလာပါ ဟု ထောက်ခံအကြံပြုပါသည်။
ကျွန်မတို့ရဲ့မိသားစုအတွက် ဖရာထိုင်း 2 ဆေးရုံက ဗိမာန်ဖြစ်ပြီး၊ ဒေါက်တာ စူတပ်စ် (Dr. Sutas) နှင့် ၄င်းအဖွဲ့သည် ကျွန်မတို့၏မေမေကို ဘ၀သစ် ဆောင်ကျဉ်းပေးသော် ဘုရားသခင်၏ တမန်တော်များဖြစ်ကြပါသည်။