ရိုးရိုးချောင်းဆိုးတာလား…အဆုတ်ကင်ဆာဖြစ်နေတာလား
လူအများစုသည် ချောင်းဆိုးခြင်းကို ရိုးရိုးသာမန်ချောင်းဆိုးခြင်းဟုထင်ပြီး ပေါ့ဆစွာနေထိုင်တတ်ပါသည်။အမှန်မှာချောင်းဆိုးခြင်းလက္ခဏာသည်အဆုတ်ကင်ဆာ ဖြစ်နိုင်သည်ဟုမီးမောင်းထိုးပြနေသည်ကိုမသိရှိကြပါ။အဆုတ်ကင်ဆာရောဂါသည် ယောကျာ်းမိန်းမမရွေးမကြာခနတွေ့ရှိရသောရောဂါဖြစ်ပါသည်။ဒါကြောင့်ကြာရှည်ချောင်းဆိုးခဲ့လျှင်အထူးဂရုစိုက်သင့်ပါသည်။
အဆုတ်ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသောသူများမှာ
• ကျန်းမာရေးကောင်းမွန်သောအသက် ၅၅¬ မှ ၇၄ အတွင်း
• ဆေးလိပ်သောက်သူများ သို့မဟုတ် ဆေးလိပ်ဖြတ်ပြီးသက်တမ်း၁၅နှစ်အောက်ရှိသူများ
• တစ်နှစ်လျှင်ဆေးလိပ်အကဒ်၃၀ထက်သောက်သုံးသောသူများသို့မဟုတ်တစ်ရက်တစ်ဘူးနှုန်းဖြင့်သောက်သောသူများ
အဆုတ်ကင်ဆာဖြစ်စေသောအရာများ
• ဆေးလိပ်သောက်သူများ သို့မဟုတ် ဆေးလိပ်အငွေ့ရှူရသောသူများ
• ကင်ဆာဖြစ်စေသော Gas radon, Arsenic, Chromium, Nickel စသည်တို့ကို ထိတွေ့ကိုင်တွယ်ခြင်း
• မိသားစုဝင်တွင်း ကင်ဆာရောဂါဖြစ်ဖူးသူများ
အဆုတ်ကင်ဆာဖြစ်နေပြီဟုညွှန်ပြသောလက္ခဏာများ
• အချိန်ကြာမြင့်စွာချောင်းဆိုးခြင်း
• ချောင်းဆိုးလျှင်အသံကျယ်ခြင်း
• အသက်ရှုခက်ခဲခြင်း
• ရင်ကြပ်ခြင်း
• အသံဝင်ခြင်း
• ဦးခေါင်း၊အရိုးများ နာကျင်ခြင်း
တစ်ချို့သောသူများသည် နှုံးခွေခြင်း၊ အစာမစားခြင်း၊ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် တစ်ခြားသော အဂ်ါအစိတ်အပိုင်းသို့ပြန့်နှံ့ပါက တစ်ခြားသော
လက္ခဏာများကိုလည်းတွေ့ရှိရတတ်သည်။ဥပမာ
• Lymph nodes ပြန်ရေကြောကြီးခြင်းသို့မဟုတ်လည်ပြွန်ရှိသွေးပြန်ကြောပိတ်ခြင်းကြောင့်သွေးများစုပြီး မျက်နှာယောင်ယမ်းမှုများဖြစ်စေပါသည်။
• အဆုတ်အမြှေးပါးကိုစစ်ဆေးကြည့်ပါက အရည်များဖုံးနေသည်ကိုတွေ့ရတတ်သည်။
• ဦးခေါင်းပိုင်းကိုကြည့်လျှင် ခေါင်းကိုက်ခြင်း၊ကိုယ်လက်အဂ်ါသေခြင်းနှင့်သတိမေ့ခြင်းများတွေ့ရတတ်သည်။
• အသည်းနှင့်ပါတ်သက်ပြီးမျက်လုံးများဝါခြင်း၊ခန္ဓာကိုယ်ဝါခြင်းစသော လက္ခဏာများတွေ့ရတတ်သည်။
ထိုကဲ့သို့သော တချို့သောလူနာများသည် Para neoplastic Syndrome ဟုခေါ်သောရောဂါကိုတွေ့ရပြီးရောဂါလက္ခဏာရဲ့အကြောင်းရင်းကိုသေချာစွာမသိရှိသော်လည်းတုန်ယင်အဖျားတက်ခြင်း၊အကြောအဆစ်နာကျင်ခြင်း၊အကြောရောင်ခြင်း၊ကယ်ဆီယမ်ဓာတ်မြင့်မားခြင်းနှင့်သွေးတွင်းတချို့သောဟော်မုန်းဓာတ်မြင့်ခြင်းများတွေ့ရတတ်သည်၊ကင်ဆာဆဲလ်များပွါးနေသောနေရာကိုဖယ်ရှားပစ်ပါက သက်သာပျောက်ကင်းမှာဖြစ်ဖြစ်ပြီး ကင်ဆာဆဲလ်များပြန်လည်ပွါးများလာပါက ထိုလက္ခဏာများပြန်လည်တွေ့ရှိမှာဖြစ်ပါသည်။
အဆုတ်ကင်ဆာစမ်းသပ်စစ်ဆေးခြင်း
• ကျွမ်းကျင်သောဆရာဝန်ဖြင့် ခန္ဓာကိုယ်စစ်ဆေးခြင်း၊သွေးစစ်ဆေးခြင်း
• Low dose compute tomography (low-dose (T) ကွန်ပြူတာ X-RAY ဖြင့်စစ်ဆေးခြင်း
အဆုတ်ကင်ဆာသည် မကြာခဏတွေ့ရတတ်သော ရောဂါဖြစ်ပြီး ရောဂါပထမအဆင့်စမ်းသပ်တွေ့ရှိနှုန်းသည်အနည်းငယ်သာရှိပါသည်။ဒါကြောင့် ကျ
န်းမာရေးစောင့်ရှောက်မှုခံယူခြင်း၊စစ်ဆေးခြင်းများသည် အရေးကြီးသော ကာကွယ်မှုဖြစ်ပြီး ပုံမှန်မဟုတ်ပဲရောဂါလက္ခဏာတစ်စုံတစ်ခုခံစားရပါက ကျွမ်းကျင်သောဆရာဝန်နှင့် အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်၊၊
ဖရာထိုင်း 2 ဆေးရုံ
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ
ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com