Top

ကလေး စင်တာ

 

သင့်ရင်သွေးများသည် သင့်အတွက် မည်မျှအဖိုးတန်ကြောင်းကို ကျွန်ုပ်တို့နားလည်သဘောပေါက်ပါသည်။ ထို့ကြောင့်၊ သင့်ရင်သွေးကို မေတ္တာဂရုဏာ နှင့် နှစ်သိမ့်ချမ်းမြေ့မှုပေးမည့် ပတ်ဝန်းကျင်တွင် အကောင်းဆုံး ပြုစု စောင့်ရှောက်ပံ့ပိုးပေးသွားရန် သံဓိဌာန်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုတို့ဝန်ဆောင်မှုများတွင် မွေးဖွား သည်မှ မြီးကောင်ပေါက်အရွယ်အထိ သင့်ရင်သွေးကို စောင့်ရှောက်ကုသပေးနိုင်မည့် အတွေ့အကြုံကျယ်ကျယ်ပြန့်ပြန့်ရှိ ကလေးအထူးကုဘုတ်အဖွဲ့၏အသိအမှတ်ပြုလက်မှတ်ရ သမားတော်များမှ ရောဂါ အလုံးစုံအား ပြီးပြည့် စုံစွာ ရှာဖွေသတ်မှတ် ကုသပေးသည့် ၀န်ဆောင်မှုလည်းပါဝင်ပါသည်။ သင့်ရင်သွေး နှင့် သင့်မိသားစုကို ရင်းနှီး ဖော်ရွေ နွေးထွေးစွာဖြင့် ဂရုစိုက်စောင့်ရှောက်မည့် ကျွမ်းကျင်သူနာပြုများလည်း ရှိပါသည်။  သင်သည် နိုင်ငံခြားသားဖြစ်ပါက၊ ဘာသာစကားအခက်အခဲ ဖြစ်ပေါ်ခြင်းမရှိရလေစေရန်အတွက် စကားပြန်လည်း အသင့်ရှိပါသည်။ 

 

ကျွန်ုပ်တို့၏ ပံ့ပိုးမှုများနှင့် ၀န်ဆောင်မှုများ

 

    • ကလေးပြင်ပလူနာ ဌာန

    • ကလေး အတွင်းလူနာဌာန

    • ကလေး အထူးကြပ်မတ်ကုသဆောင် 

    • မွေးကင်းစအထူးကြပ်မတ်စောင့်ရှောက်သည့် ယူနစ် 

    • ကလေး နှလုံးခွဲစိတ်ကုသဆောင်

    • ဆယ်ကျော်သက်လေးများအတွက် ဆေးခန်း