Top

စိတ်ဒဏ်ရာ နှင့် ပြန်လည်တွဲဆက်ခြင်း စင်တာ 

 

ဤစင်တာသည် ကြီးမားပြင်းထန်သည့် မတော်တဆမှုအား ကြုံတွေ့ ခဲ့ရသည့် လူနာအတွက် စိတ်ဒဏ်ရာနှင့် အရိုးကျိုး ခြင်းနှင့် သွေးကြောများကို ပြန်လည်တွဲဆက်ပေးမည့် ကုသမှုအားပေးအပ်သည့် စင်တာကြီးဖြစ်ပါသည်။ ပေးအပ်သည့် ၀န်ဆောင်မှုများတွင် ခွဲစိတ် ၍ပြန်လည်တွဲဆက်ခြင်း၊ ဒဏ်ရာအနာတရများအား ပျောက်ကင်းသည်အထိ ပြုစု စောင့်ရှောက်ပေးခြင်း၊ ခွဲစိတ်ပြီးနောက်ပိုင်း ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ပေးခြင်းများပါဝင်ပါသည်။ ဥပမာ၊ အရိုးအားပြန်တွဲဆက်ခြင်း၊ တစ်ရှူးကြွက်သား၊ အရွတ်၊ သွေးလွတ်ကြော၊ အာရုံကြော နှင့် သွေးကြောများအား နဂိုကဲ့သို့ ပြန်လည်ကောင်းမွန်စေခြင်း အစရှိသည့်ဝန်ဆောင်မှုများဖြစ်ပြီး၊ ၀န်ဆောင်မှုနယ်ပယ်တစ်ခုချင်းစီအတွက် ကျွမ်းကျင်သည့် သမားတော်ကြီးများလိုအပ်ပါသည်။  

 

ကျွန်ုပ်တို့၏ ရည်မှန်းချက်ကိုဖြည့်ဆည်းပေးမည့်သူများမှာ အာရှတလွှားဂုဏ်သတင်းကြီးမားကြသည့် ကျွန်ုပ်တို့၏ အထူးကုသမားတော်ကြီးများပင်ဖြစ်ပါသည်။ အကြံပေး ပုဂ္ဂိုလ်များ၊ သူနာပြုများ၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ သမားတော်များ နှင့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များ ပါဝင်သည့် ကျွန်ုပ်တို့၏ အထူးကုနှင့်အဖွဲ့ သည် သင်၏ရောဂါ အခြေအနေကို ရှာဖွေဖော်ထုတ် ကုသနိုင်ရန်အတွက် အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ လူနာများသည် ထူးကဲသာလွန်ကောင်းမွန်သည့် ရလဒ်နှင့် ဆေးဝါးကုသမှု၏အကျိုးကို ခံစားနိုင်မည်ဖြစ်ပါသည်။ ရည်မှန်းချက်မှာ လူနာများအား ပုံမှန် နေ့စဉ်ဆောင်ရွက်လှုပ်ရှားမှုများကို ပြန်လည်ဆောင်ရွက်နိုင်စေမည့် အခွင့်အလမ်းအား ပေးအပ် လိုရင်းဖြစ်ပါသည်။ 

 

ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းနှင့်အညီ ဆန်းသစ်သည့် ကုသမှုနည်းစနစ်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ သုတေသနကိုလည်း ပြုလုပ်ပါသည်။ လူနာစောင့်ရှောက်ရေးအတွက် ကျွန်ုပ်တို့၏ကျွမ်းကျင်မှုအဆင့်ကိုမြင့်တင်နိုင် ရန် ကျွန်ုပ်တို့၏ကိုယ်ပိုင် “ဖရာထိုင်း 2 သုတေသနနှင့် ဆန်းသစ်တီထွင်မှုဌာန” ကို ဖန်တီးဖော်ဆောင်ထားပါသည်။