Top

ခွဲစိတ်ကုသမှု စင်တာ 

 

ခွဲစိတ်ကုသမှ ဖြစ်နိုင်မည့် အခြေအနေမျိုးတွင် လူနာများသည် အများအားဖြင့် ခွဲစိတ်မှုကြောင့် ထွက်ပေါ်လာမည့် ရလဒ်နှင့် ဘေးထွက်ဆိုးကျိုးများအတွက် စိုးရိမ်ပူလေ့ရှိတတ်ကြသည်။ ထို့ ကြောင့်၊ ဖရာထိုင်း 2 ဆေးရုံတွင် အဆင့်မြင့် ပစ္စည်း ကိရိယာများ၊ အထောက်အကူ ပစ္စည်းများကိုအသုံးပြုပြီး ဘေးကင်းလုံခြုံ ၍ သက်တောင့်သက်သာ ရှိသည့် ၀န်းကျင်တွင် ခွဲစိတ်ကုသမှုများကိုဆောင်ရွက်နိုင်မည့် ခွဲစိတ်ကုသမှုစင်တာကို ဖော်ဆောင်ရခြင်းဖြစ်ပါသည်။ 

 

အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်ခွဲစိတ်ဆရာဝန်များနှင့် မေ့ဆေးအထူးဆရာဝန်ကြီးများ၊ အသိအမှတ်ပြု လက်မှတ်ရသူနာပြုများနှင့် ခွဲစိတ်နည်းပညာရှင်များပါဝင်သည့် ခွဲစိတ်ကုသမှုအဖွဲ့ကြီးမှ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိပ်တန်းဦးစားပေး ၍ခွဲစိတ်ကုသမှုများကိုဆောင်ရွက်ပေးနေပါသည်။ နောက်ဆုံးပေါ်ခေတ်မီနည်းပညာဖြစ်သည့် နည်းနိုင်သမျှအနည်းဆုံး ထိုးသွင်းခွဲစိတ်ရသည့်နည်း (minimally invasive surgery) ကိုလည်းအသုံးပြုသောကြောင့် လူနာများအတွက် အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေပါသည်။ နည်းနိုင်သမျှအနည်းဆုံး ထိုးသွင်းခွဲစိတ်ရသည့်နည်း (minimally invasive surgery) ဖြင့်ခွဲစိတ်ကုသမှုဆိုသည်မှာ ခွဲစိတ်ဆရာဝန်မှ အင်ဒိုစကုပ် (endoscope) ကင်မရာ အား ခွဲထားသည့် အပေါက်သေးလေးမှထိုးသွင်းကြည့်ရှုပြီး ခွဲစိတ်သည့်နည်းဖြစ်သည်။ ထို့ကြောင့်၊ လူနာများသည် လည်း ခွဲစိတ်ပြီးနောက် ခံစားရသည့် နာကျင်မှုဝေဒနာလည်း လျော့နည်းသက်သာသကဲ့သို့၊ ဆေးရုံတက်ရသည့် အချိန်လည်း ပိုမိုတိုတောင်းကာ ပိုမိုလျင်မြန်စွာပြန်လည်နာလန်ထူနိုင်ပါသည်။ ၄င်းပြင်၊ ခွဲစိတ်ရသည့်ဒဏ်ရာများသည် လည်း ပိုမိုသေးငယ်သောကြောင့် အမာရွတ်များလည်းလွန်စွာသေးငယ်ပြီး သိသာထင်ရှားခြင်းမရှိပေ။ 

 

ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ 

အဆင့်မြင့် စက်ပစ္စည်းကိရိယာများပြည့်စုံစွာတပ်ဆင်ထားသည့် ခွဲစိတ်ခန်းများ 

ပုံရိပ်ဖော်ခြင်းနှင့် ရေဒီယိုရောင်ခြည်ပညာ (Imaging and Radiology): ဓာတ်မှန်၊ အာလ်ထရာစောင်း၊ MRI  နှင့် CT စကင် 

 

ကျွန်ုပ်တို့ ၏၀န်ဆောင်မှုများ 

တိုင်ပင်ဆွေးနွေးနေစဉ်အတွင်း minimally invasive နည်းဖြင့်ခွဲစိတ်ခြင်းဖြစ်စေ၊ သို့မဟုတ် ကြီးမားသည့် ခွဲစိတ်မှု ဖြစ်စေ ကုသမှုဆိုင်ရာ အချက်အလက်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ခွဲစိတ်မှုမတိုင်မီ ဆောင်ရွက်ရန် များကို ဆောင်ရွက်ပေးပါသည်။ ခွဲစိတ်မှုမတိုင်မီ ဆောင်ရွက်ရန်များဆိုသည်မှာ ဆေးရာဇ၀င် နှင့် ခန္ဓာကိုယ်စစ်ဆေးမှု များပါဝင်ပါသည်။ ဤသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ လူနာ၏ထိတ်လန့်ကြောက်ရွံ့မှုကို သက်သာစေနိုင် ကြောင်းကူညီနိုင်မည့် နာကျင်မှုစီမံခန့် ခွဲမှုအပါအ၀င် လူနာနှင့် ဆွေမျိုးသားချင်းများကို ထုံဆေး၊ မေ့ဆေး နှင့် ခွဲစိတ် ပြီး နောက်ပိုင်းကျန်းမာရေးစောင့်ရှောက်မှုပတ်သက်သည့်အချက်အလက်များကို ပေးရန်ဖြစ်သည်။ ဤသည်မှာလည်း ခွဲစိတ်မှု အန္တရာယ်ကို လျှော့ချရန်အတွက် လိုအပ်ပါသည်။ 

 

ခွဲစိတ်မှုအတွက် ကျွန်ုပ်တို့ ပေးအပ်သည့် ၀န်ဆောင်မှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။  

 

    • အထွေထွေခွဲစိတ်မှု (General Surgery)

    • ကိုယ်အလေးချိန်လျှော့ချရန်ခွဲစိတ်မှု (Bariatric)

    • အူမကြီးလမ်းကြောင်းခွဲစိတ်မှု (Colorectal) 

    • အင်ဒိုစကုပ်ဖြင့် ခွဲစိတ်ကုသမှု (Endoscopic) 

    • လာပါရိုစကုပ်ဖြင့် ခွဲစိတ်ကုသမှု (Laparoscopic) 

    • ပလတ်စတစ်ဆာဂျရီနှင့် အသစ်ပြန်လည်ပြုပြင်တည်ဆောင်သည့် ခွဲစိတ်မှု (Plastic and Reconstructive surgery)

    • အမျိုးသားနှင့် အမျိုးသမီးဆီးလမ်းကြောင်းစနစ်နှင့် အမျိုးသား၏မျိုးပွားအင်္ဂါများကို ခွဲစိတ်မှု (Urology)

    • သွေးကြောဆိုင်ရာ နှင့် ဒဏ်ရာများကို ပြုစုစောင့်ရှောက်ခြင်း (Vascular and Wound Care)

 

တည်နေရာ နှင့် ၀န်ဆောင်မှု အချိန် 

နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 7.00 နာရီ - ညနေ 8.00 နာရီ

တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 1 ထပ်၊ အဆောက်အဦး  A

ဆက်သွယ်ရန်:  ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် + 66-(0)2 617-2444 ext. 4126, 4161 သို့ဖုန်း ခေါ်ဆိုပါ။