onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
ဖရာထိုင်း 2 ဆေးရုံတွင် ဟော်မုန်းအထူးကုဆရာဝန်များ (endocrinologists) အဖွဲ့မှ ဟော်မုန်း (endocrine) နှင့် ဇီဝဖြစ်စဉ် မူမမှန်မှုများကို ခံစားနေရသည့်လူနာများအတွက် ရောဂါအားစမ်းသပ်ရှာဖွေ ကုသစီမံပေးနေပါ သည်။ ဆီးချိုသွေးချိုရောဂါနှင့် သိုင်းရွိုက်ဆိုင်ရာ ပြဿနာများကဲ့သို့ ရောဂါများသည် ခန္ဓာတစ်ခုလုံးကို ထိခိုက်စေနိုင် ပါသည်။ ထို့ ကြောင့်၊ ကျွန်ုပ်တို့ ၏ကုသမှုအစီအစဉ်တွင် ဆေးဝါးတစ်ခုတည်းသာမဟုတ်ပဲ အစားအသောက် ပြုပြင် ပြောင်းလဲခြင်း နှင့် နေ့ စဉ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း နှင့်အတူ လူနေမှုပုံစံပြောင်းလဲခြင်းများလည်း ပါဝင်မည်ဖြစ်ပါ သည်။
တစ်ဦးချင်းစီ၏ လိုအပ်ချက်အပေါ်အခြေခံပြီး ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ နှလုံး၊ အာရုံကြော၊ မျက်လုံး နှင့် ကျောက်ကပ် ရောဂါများကဲ့သို့သော ခက်ခဲရှုပ်ထွေးသည့် အခြေအနေများကို လျှော့ချနိုင်မည့်၊ လူနာများမှ မိမိတို့၏ ကျန်းမာရေးကို မိမိတို့ ကိုယ်တိုင်အကောင်းဆုံးစီမံခန့်ခွဲရာတွင် ပံ့ပိုးကူညီနိုင်သော အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရန်ဖြစ်ပါသည်။ နောက်ဆုံးပေါ်နည်းဖြင့်ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများကို ဆီးချိုသွေးချို နှင့် အခြား ဇီဝဖြစ်စဉ် မူမမှန်မှုများကို လက်တွေ့အကဲဖြတ်ခြင်း နှင့် စီမံခန့်ခွဲ မှုများအတွက်အသုံးပြုပါသည်။
ကျွန်ုပ်တို့တွင် ပြီးပြည့်စုံသည့် ဓာတ်ခွဲခန်းများ၊ ရောဂါစမ်းသပ်ရှာဖွေခြင်းဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ကုသမှု နည်းလမ်းပုံစံများရှိပါသည်။
• ပစ္စည်းကိရိယာအစုံအလင်ဖြင့် စမ်းသပ်ခန်းများ (Fully-equipped and Personalized Exam Rooms)
• ဓာတ်ခွဲခန်း (Laboratory)
• အာလ်ထရာစောင်း (Ultrasound)
• ဓာတ်မှန်ခန်း (X-rays Unit)
အောက်ပါအခြေအနေများနှင့် လူနာများကို စောင့်ရှောက်ကုသပေးပါသည်။
ဆီးချိုသွေးချို
• အမျိုးအစား 1 ဆီးချိုသွေးချို (နုနယ်သည့် ဆီးချိုသွေးချို ဝေဒနာအဖြစ်လည်းခေါ်ဆိုသည်။)
• အမျိုးအစား 2 ဆီးချိုသွေးချို
• ကိုယ်ဝန်ဆီးချိုသွေးချိုရောဂါ (Gestational Diabetes)
• သွေးတွင်း သကြားဓာတ်လျော့နည်းခြင်း (Hypoglycemia)
ဟော်မုန်းဆိုင်ရာ ရောဂါများ (Endocrine Diseases)
• (ကျောက်ကပ်အနီးရှိ) အဒရီနယ် (ဂလင်း) မူမမှန်မှု (Adrenal Disorders)
• သိုင်းရွိုက်မူမမှန်မှု (Thyroid Disorders)
• ပါရာသိုင်းရိုက်မှုမမှန်မှု (Parathyroid Disorders)
• မက်တာဘောလစ် အရိုးရောဂါ (Metabolic Bone Disease)
• ဦးနှောက်အောက်ခြေရှိ ပီတူးအီးထရီ ဂလင်းမူမမှန်မှု (Pituitary Gland Disorders)
• Hypogonadism မူမမှန်မှု
• လစ်ပစ်/ကိုလက်စထရော မူမမှန်မှု (Lipid/Cholesterol Disorders)
နေ့စဉ် ၀န်ဆောင်မှု အချိန်: တနင်္လာ- တနင်္ဂနွေ နံနက် 7.00 နာရီ - ညနေ 6.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 7 ထပ်၊ အဆောက်အဦး A
ဆက်သွယ်ရန်: ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် +66 (0) 2617-2444 ext. 4703, 4705 သို့ဖုန်း ခေါ်ဆိုပါ။