onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
အစာအိမ်နှင့်အူလမ်းကြောင်း (GI) စင်တာကြီးတွင် နောက်ဆုံးပေါ်နည်းပညာနှင့် အကောင်းဆုံးစက် ပစ္စည်းကိရိယာ များဖြင့် အစာခြေစနစ် နှင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို စမ်းသပ်ရှာဖွေကုသပေးပါသည်။ ကျွမ်းကျင်သည့်ဆရာဝန်များမှ ရလဒ်ကောင်းများထွက်ပေါ်လာစေရန်အတွက် စောင့်ရှောက်ကုသပေးမည်ဖြစ်ပြီး၊ အဆင့်မြင့်နည်းပညာများမှလည်း နည်းနိုင်သမျှ အနည်းဆုံးခွဲစိတ်မှု (minimally invasive) ကိုပြုလုပ်နိုင်စေသည် သာမက ခက်ခဲရှုပ်ထွေးသည့် ရောဂါအခြေအနေနှင့် လူနာများအတွက် ပုံမှန်(အသုံးပြုနေကျ)နည်းလမ်းများဖြင့် ကုသနိုင်စေနိုင်မည်ဖြစ်ပါသည်။
• စေ့စပ်သေချာပြည့်စုံစွာ ကျန်းမာရေးစမ်းသပ်စစ်ဆေးသည့် အစီအစဉ်
• Ultrasound၊ Endoscopy၊ Gastroscopy နှင့် Colonoscopy
• အစာအိမ်နှင့်အူလမ်းကြောင်း ဆေးတောင့် (GI Capsule)
• CT Colonography
• အစာအိမ်တွင်း ဘက်တီးရီးယားများကို စမ်းသပ်မည့် Helicobacter pylori breath testing
• အသည်းပုံရိပ်ဖော် Fibroscan
• Endoscopic retrograde cholangio-pancreatography (ERCP)
စင်တာမှ ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ဆောင်ရွက်ပေးနေပြီး၊ ကုသမှုခံယူရန်လိုအပ်သည့် အရေးပေါ် ကျန်းမာရေး အခြေအနေများကိုလည်း လျှင်မြန်စွာစမ်းသပ်ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။ ကျွမ်းကျင်သူဝန်ထမ်းများမှ လူနာများနှင့်အတူထိုင်၍ နည်းလမ်းများကို ဆန်းစစ်ရှာဖွေပေးခြင်း၊ နောက်ဆက်တွဲကုသမှုအစီအစဉ်များအတွက် ကူညီပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းကို ကူညီ ကာကွယ်တားဆီးပေးခြင်း၊ လျင်မြန်ထိရောက်သည့် ၀န်ဆောင်မှုများနှင့် အိမ်တွင်း ပြုစု စောင့်ရှောက်ရန် (home care) အတွက် ပြီးပြည့်စုံသည့် လမ်းညွှန်မှုများကို ပေးအပ်ပေးနေပါသည်။
ကျွန်ုပ်တို့ ၏ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုများနှင့် အသည်းအထူးကုများသည် အောက်ဖော်ပြပါ ရောဂါများ အတွက် ၀န်ဆောင်မှုများပေးနေပါသည်။
• အူမကြီးလမ်းကြောင်းကင်ဆာ အပါအ၀င် အသည်းရောင်အသားဝါ မျိုးဗီဇဆိုင်ရာ အန္တရာယ် ရှိမရှိဆိုသည့် ဆုံးဖြတ်ချက်
• အသည်းရောင်ရောဂါ
• အူသိမ်အူမဆိုင်ရာရောဂါ (Irritable bowel syndrome (IBS))
• Crohn’s disease နှင့် ulcerative colitis အပါအ၀င် အူသိမ်အူမရောင်ရမ်းသည့်ရောဂါ (Inflammatory bowel disease (IBD))
• အူသိမ်အူမဆိုင်ရာ Diverticulitis၊ diverticulosis နှင့် ischemic bowel disease ရောဂါများ
• Celiac ရောဂါနှင့် အစာနှင့်ဓာတ်မတည့်သည့်ရောဂါများ
• ရင်ပူခြင်းနှင့် GERD
• နာတာရှည်ပျို့ အန်ခြင်းနှင့် အစာမချေနိုင်သည့် gastroparesis ရောဂါ
• ၀မ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်း၊ အန်ခြင်း၊ လေတက်ခြင်း နှင့် လေပွဝမ်းဖော်ဝမ်းရောင်ဖြစ်ခြင်းများ ကဲ့သို့သော ဆောင်ရွက်မှုပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်း
• Peptic အစာအိမ်နာရောဂါနှင့် Helicobacter pylori ဘက်တီးရီးယား
• ပြင်းထန် နာတာရှည် ပန်ကရိယရောဂါ (Acute and chronic pancreatitis)
• သည်းခြေနှင့်ဆိုင်သော ရောဂါများ
• အူအတက်ဆိုင်ရာရောဂါများ
• အသည်းအဆီဖုံးရောဂါ (Nonalcoholic fatty liver disease)
• အသည်းခြောက်ရောဂါ (Cirrhosis)
• ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုနှင့် ပရိုတိုဇိုဝါး များကြောင့် ဖြစ်ပွားသည့် အစာအိမ်နှင့် အူလမ်းကြောင်း ကူးစက်ရောဂါများ
နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 8.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 4 ထပ်၊ အဆောက်အဦုးံ A
ဆက်သွယ်ရန်: ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် + 66 (0)2 617-2444 ext. 7401, 7406
သို့ဖုန်းခေါ်ဆို ပါ။