onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
ကင်ဆာဖြစ်နေကြောင်းသိရှိရသည့် အချိန်သည် ခက်ခဲသည့်အချိန်ဖြစ်ပြီး မကြာခဏဆိုသလို ကြောက်ရွံ့ မှုနှင့် စိတ် ဖိစီးမှုများကို ခံစားရနိုင်ပါသည်။ ကျွန်ုပ်တို့၏ကင်ဆာစင်တာတွင် ကျွန်ုပ်တို့၏လူနာများနှင့် ၄င်းတို့၏ချစ်ခင်ရသူများ ကို လမ်းညွှန်မှုပေးခြင်း၊ နားလည်ပေးခြင်း၊ နှစ်သိမ့်ပေးခြင်းများနှင့်အတူ အကောင်းဆုံးကုသပေးနေပါသည်။ ကင်ဆာ ကုသမှုတွင် ကင်ဆာရောဂါအားတိုက်ဖျက်ရန် ကင်ဆာဆေးဖြင့်ကုသခြင်း (medical oncology)၊ ဓာတုဆေးသွင်း ကုသခြင်း (chemotherapy)၊ ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း (radiation therapy) နှင့် ခွဲစိတ်ကုသခြင်း များကဲ့သို့သော ၀န်ဆောင်မှုများပါဝင်သည်။ ကျွန်ုပ်တို့မှ သင့်လိုအပ်ချက်များနှင့် အံဝင်ကိုက်ညီမည့် ကုသမှု အစီအစဉ်ကို စည်းကမ်းဥပဒေမျိုးစုံကိုလိုက်နာဆောင်ရွက်သည့် ကျွမ်းကျင်ပညာရှင်များဖြင့် ပံ့ပိုးပေးအပ်နေပါသည်။
ကျွန်ုပ်တို့၏ဘုတ်အဖွဲ့ အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်ဆရာဝန်များ၊ အဆင့်မြင့်ကျွမ်းကျင်သူနာပြုများ နှင့် ပံ့ပိုးကူညီပေးမည့်အဖွဲ့ကြီးမှ ကင်ဆာခရီးတစ်လျှောက်လုံးတွင် သင့်အား ၀မ်းမြောက်စမ်းသာစွာဖြင့် ရှင်းလင်း ပြောပြပေးရန်၊ အကြံဥာဏ်များ ပေးရန်နှင့် လမ်းညွှန်ပြသပေးရန်အတွက် အသင့်ရှိနေပါသည်။
ဓာတ်မှန် (X-Ray)၊ MRI၊ စီတီ စကန် (CT SCAN) စသည့် အဆင့်မြင့်နည်းပညာများဖြင့် ကင်ဆာရောဂါကို ရှာဖွေ ဖော်ထုတ်ကုသခြင်း။
အောက်ဖော်ပြပါ သင့်မြတ်လျော်ကန်သည့် ရောဂါကုထုံးများအတွက် ရောဂါများကို စမ်းသပ်ရှာဖွေပြီး ပြီးပြည့်စုံသည့် ကုသ စောင့်ရှောက်မှုများကို ပေးအပ်ပါသည်။
• ဓာတုဆေးသွင်းကုထုံး (Chemotherapy)
• (ကင်ဆာဖြစ်ပွားစေသည့် မျိုးဗီဇ၊ ပရိုတင်းနှင့် တစ်ရှူးများကိုသာ ဦးတည်သည့်) ဦးတည်ပစ်မှတ်ထား ကုထုံး (Targeted Therapy)
• ဓာတ်ရောင်ခြည် ကုထုံး (Radiation)
• အာဟာရကုထုံး (Nutrition)
• ပြန်လည်ထူထောင်ခြင်း (Rehabilitation)
• ဘက်ပေါင်းစုံမှ စောင့်ရှောက်ခြင်း (Integrative care)
ဓာတုဆေးသွင်းကုထုံး (Chemotherapy) ဆိုသည်မှာ ကင်ဆာဆဲလ်များကြီးထွားလာမှုကို နွေးကွေးရပ်တန့်သွားစေ မည့် ဆေး သို့မဟုတ် ဆေးပေါင်းစပ်ဖြင့် ကုသသည့် နည်းကိုဆိုလိုပါသည်။ အောက်ဖော်ပြပါ ရောဂါများအပါအ၀င် ကင်ဆာ နှင့် သွေးရောဂါများ (hematological conditions)၊ လင်ဖိုးမား (Lymphoma) ရောဂါအမျိုးမျိုးတို့ ကို ကုသ နိုင်ပါသည်။
• ဆီးအိမ်၊ ဦးနှောက်၊ ရင်သား ကင်ဆာ (Bladder, Brain, Breast)
• အူမ ကင်ဆာ (Colon)
• အစာပြွန် ကင်ဆာ (Esophageal)
• သည်းခြေ၊ အစာအိမ်၊ အစာအိမ်နှင့်အူ ကင်ဆာ (Gallbladder, Gastric, Gastrointestinal)
• ကျောက်ကပ် ကင်ဆာ (Kidney)
• လူကီးမီးယားသွေးကင်ဆာ၊ အဆုတ်၊ လင်ဖိုးမား ကင်ဆာ (Leukemia, Lung, Lymphoma)
• အရေပြားကင်ဆာ၊ ရိုးတွင်းချဉ်ဆီဆိုင်ရာကင်ဆာ (Melanoma, Multiple Myeloma)
• သားအိမ် ကင်ဆာ (Ovarian)
• ဆော့ဖ်တစ်ရှူး ကင်ဆာ (Soft Tissue)
ဦးတည်ပစ်မှတ်ထား ကုထုံး (Targeted Therapy) ဆိုသည်မှာ ကင်ဆာဆဲလ်ကြီးထွား ပြန့် နှံ့ ခြင်းကို ရပ်တန့် စေရန် အတွက် ကင်ဆာဆဲလ်၏ မျက်နှာပြင် သို့မဟုတ် အတွင်းပိုင်းရှိ မော်လီကျူး (ဥပမာ- ပရိုတင်း) များကို ဦးတည်ပြီး ကုသသည့် ကုထုံးဖြစ်သည်။ ကင်ဆာပါရဂူများသည် ထိရောက်ကောင်းမွန်သည့် ရလဒ်ရရှိနိုင်ရန်အတွက် မကြာခဏ ဓာတုဆေးသွင်းကုထုံး (chemotherapy) နှင့် အခြားကုသမှုများ နှင့်အတူ ဦးတည်ပစ်မှတ်ထားကုထုံး (targeted therapy) ကိုအသုံးပြုလေ့ရှိကြသည်။ ဦးတည်ပစ်မှတ်ထားကုထုံး (targeted therapy) ကို အသုံးမပြုမီ အကောင်း ဆုံး ကုသမှုကိုရွေးချယ်နိုင်ရန် အကျိတ်ကို စမ်းသပ်စစ်ဆေးရန်လိုအပ်ပါသည်။ ဓာတုဆေးသွင်းကုထုံးနှင့် မတူသည့် အချက်မှာ ပိုမိုတိကျမှန်ကန်စွာ၊ ဘေးထွက်ဆိုးကျိုးအလားအလာ ပိုမိုနည်းပါစွာဖြင့် ကင်ဆာဆဲလ်များကို တိုက်ဖျက် ရန်ဖြစ်ပါသည်။
နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 8.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 7 ထပ်၊ အဆောက်အဦး A
ဆက်သွယ်ရန်: ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့ မဟုတ် + 66-(0)2 617-2444 ext.4701, 4732-3 သို့ဖုန်း ခေါ်ဆိုပါ။