Top

ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်ကုသစင်တာ 

 

ဦးခေါင်းနှင့် လည်ပင်းတစ်ဝိုက်တွင် ဖြစ်ပေါ်တတ်သည့် အခြေအနေများအားလုံးနှင့် ခက်ခဲရှုပ်ထွေးသည့်ရောဂါများကို ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုသစင်တာကြီးတွင် ကုသမှုခံယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် ရောဂါများကို ရှာဖွေဖော်ထုတ်ခြင်း၊ စီမံခန့်ခွဲခြင်း နှင့် သိုင်းရွိုက်နှင့် ပါရာ သိုင်းရွိုက် ခွဲစိတ်ကုသမှု၊ အလယ်နားအား ခွဲစိတ်ကုသမှု (Stapedectomy)၊ ထိတ်ခတ်နာရောဂါအား ခွဲစိတ်ကုသမှု (Sinus Surgery)၊ ပါးစပ်ကင်ဆာနှင့် နှာခေါင်းလိုဏ်ခေါင်း ကင်ဆာများအား ကုသရန်အတွက် ပါးစောင်တံတွေးဂလင်း အား ခွဲစိတ်ကုသမှု (Paraotidectomy) များကဲ့သို့သော ခွဲစိတ်ကုသမှုများအတွက် ၀န်ဆောင်မှုများပေးပါသည်။ 

 

ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ 

ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုသမှုစင်တာတွင် ရောဂါများကို စမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသ ခြင်း များအတွက် MRI Scan၊ CT Scan၊ Ultrasound၊ Endoscopy များကဲ့သို့ သော ခေတ်မီဆေးကိရိယာ ပစ္စည်းများ ကို တပ်ဆင်ထား ရှိသည်။ 

 

ကျွန်ုပ်တို့ ၏၀န်ဆောင်မှုများ 

အောက်ဖော်ပြပါများအတွက် အလုံးစုံသောဝန်ဆောင်မှုများကို ပေးအပ်ပါသည်။

 

အကြားအာရုံတိုင်းတာစမ်းသပ်ခြင်း (Audiology and Hearing test): ပိုမိုကောင်းမွန်စွာ ကြားသိနိုင်ရန်အတွက် ကောင်းမွန်စွာလေ့ကျင့်သင်ယူထားသည့် အကြားအာရုံပညာရှင် (audiologist) နားကြားကိရိယာ ပစ္စည်းများနှင့် နည်း ပညာများဖြင့် နားကြားစွမ်းရည်ကို တိုင်းတာစစ်ဆေးခြင်းဖြစ်သည်။ 

 

နားစည်ခွဲစိတ်မှုနှင့် ပြန်လည်ထူထောင်ခြင်း (Cochlear Implant and Rehabilitation): နားစည်အစားထိုးခွဲစိတ်ကုသ ခြင်းဖြင့် နားကြားကိရိယာနှင့် ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိသူ၏ အကြားအာရုံကို တိုးတက်ကောင်းမွန် စေနိုင်ပါသည်။ ကျွန်ုပ်တို့၏ အကြားအာရုံပညာရှင်များနှင့် စကားပြောရောဂါဗေဒပညာရှင်များသည် လူနာများ၏ အကြားနှင့်ဆိုင်သည့်ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေရာတွင် ကူညီပံ့ပိုးပေးနိုင်ရန် အကြား ပြဿနာနှင့် စကား ပြောဆိုင်နိုင်မှုစွမ်းရည် ပြန်လည်ထူထောင်ရေးနယ်ပယ်များတွင် အထူးလေ့ကျင့်သင်ကြားထားသူများဖြစ်ပါသည်။ 

 

ရှုပ်ထွေးသည့် အသက်ရှူလမ်းကြောင်း ဆေးခန်း (Complex Airway Clinic): အချိန်ကြာမြင့်နေပြီဖြစ်သည့် ပြွန် (prolonged intubation) ကြောင့်ဖြစ်ပေါ်သည့် ခက်ခဲရှုပ်ထွေးသည့် အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သည့် ရောဂါ များကို စောင့်ရှောက်ကုသပေးပါသည်။ အသံအိုးနှင့် လေပြွန် (trachea) အားထိခိုက်စေသည့် လည်မျိုးပြွန် ကျဉ်းမြောင်းခြင်း သို့မဟုတ် ကိုယ်ခံအားစနစ် ချို့ယွင်းခြင်းများကို စောင့်ရှောက်ကုသပေးပါသည်။ လည်ချောင်း၊ အသံအိုး နှင့် လေပြွန် များကို ပြောင်းလွယ်ပြင်လွယ်သည့် endoscope ဖြင့် ရောဂါစမ်းသပ်ရှာဖွေပြီး၊ တွေ့ရှိရသည့် ရောဂါအပေါ်အခြေခံ၍ ကုသမှုအစီအစဉ်ကို ရေးဆွဲဖော်ဆောင်ပါသည်။ 

 

ခံတွင်းနှင့် မေးရိုးနှင့်မျက်နှာခွဲစိတ်မှု (Oral and Maxillofacial Surgery): ပြင်းထန်သည့် ဒဏ်ရာ သို့ မဟုတ် မတော်တဆမှုကြောင့် ဖြစ်ပေါ်သည့် ပါးစပ်၊ မေးရိုးနှင့် ဆက်စပ်ဖွဲ့ စည်းတည်ဆောက်ပုံများ၏ ပြဿနာ၊ မွေးရာပါချို့  ယွင်းမှုများ၊ အလှအပအတွက် ခွဲစိတ်မှုများကို ပြင်ဆင်မည့် ကုသမှုဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့တွင် မေးရိုး အထူးကုဆရာဝန်များ၊ ပလတ် စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန်များကဲ့သို့သော အခြားအထူးကုများနှင့်အတူ (ခွဲစိတ်မှု များကို) တွဲဖက်လုပ်ကိုင်သည့် ခံတွင်းနှင့် မေးရိုးနှင့်မျက်နှာခွဲစိတ်အထူးကုဆရာဝန်များ ပါဝင်ပါသည်။ 

 

ဟောက်ခြင်းနှင့် အိပ်စက်မှု ဆိုင်ရာရောဂါများ (Snoring and Sleep Disorders): ကျွန်ုပ်တို့ ၏ အရည်အချင်းပြည့်ဝ သည့်နား၊ နှာခေါင်း နှင့် လည်ချောင်းသမားတော်များမှ အိပ်စက်မှုရောဂါအခြေအနေကို စမ်းသပ်စစ်ဆေးရှာဖွေခြင်းနှင့် စီမံခန့်ခွဲခြင်း များကို ဆောင်ရွက်ပေးသည်သာမက အပေါ်ပိုင်းအသက်ရှုလမ်းကြောင်းတစ်ခုလုံးကိုလည်း အကဲဖြတ် ပေးပါသည်။ ပြန်လည် ၍ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်စေရန်နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ကြီးမား သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကာကွယ်တားဆီးရန်အတွက် နှာခေါင်းရိုးခွဲစိတ်ခြင်း (nasal septal surgey)၊ အာခေါင်ပျော့နှင့် လျှာခွဲစိတ်ခြင်းများအပါအ၀င် ခွဲစိတ်ကုသရန်မလိုအပ်သည့် ကုသမှုနှင့် ခွဲစိတ်ရန်လိုအပ် သည့်ကုသမှုများကို ပြုလုပ်ပေးပါသည်။ 

 

 ဦးခေါင်းခွံအောက်ခြေရှိ အကျိတ် (Skull Base Tumor): အာရုံကြောစနစ်ရှိ အကျိတ် (Glicomas)၊ ဦးနှောက်အကျိတ် (Meningiomas)၊ ကျောရိုးတွင်းအကျိတ် (Chordomas) စသည့် ရောဂါဝေဒနာများကို ခံစားနေရသည့် လူနာများ အတွက် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များ (neurosurgeons)၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ခွဲစိတ်ဆရာဝန် (otolaryngologist) နှင့် ဆေးဝါးကင်ဆာရောဂါရှာဖွေကုသရေးပါရဂူ (medical oncologist) များ ပါဝင်သည့် အမျိုးမျိုးသောစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်သည့် အထူးကုဆရာဝန်များအဖွဲ့ မှ လူနာနှင့် ကိုက်ညီမည့် ကုသမှုအစီအစဉ်များကို အတူတကွပူးပေါင်းဖော်ဆောင်ကြပါသည်။ 

 

ဝန်ဆောင်မှုများတွင် ထိတ်ခတ်နာရောဂါဆေးခန်း (Sinus Clinic)၊ အသံနှင့်လည်မျိုးချို့ယွင်းမှုများ (Voice and Laryngeal Disorders) နှင့် တံတွေးဂလင်းဆေးခန်း (Salivary Gland Clinic) များလည်းပါဝင်ပါသည်။ 

 

 

နှာခေါင်း သို့ မဟုတ် ခံတွင်း၊ အသံအိုး၊ တံတွေးဂလင်း၊ လည်ပင်း၊ သိုင်းရွိုက် နှင့် ဦးခေါင်း များရှိ ကင်ဆာကို ဖယ်ရှား နိုင်ရန်အတွက် လူနာတစ်ဦးချင်းစီလိုအပ်သည့် ဆေးဝါးများ သို့ မဟုတ် ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများ အတွက် အသင့်လျော်ဆုံးသော ကုသမှုအစီအစဉ်ကိုဖော်ဆောင်နိုင်ရန် ကျွန်ုပ်တို့ ၏ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ဆရာဝန်များ သည် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ခွဲစိတ်ဆရာဝန် (otolaryngologist)၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ဆရာဝန်များ (neurosurgeons)၊ ကလေးအထူးကု၊ ကင်ဆာရောဂါရှာဖွေကုသရေး ပါရဂူ၊ ရောဗေဒပညာရှင်များနှင့် ရေဒီယိုရောင်ခြည် အထူးကုများနှင့်အတူ နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြပါသည်။ 

 

 

တည်နေရာ နှင့် ၀န်ဆောင်မှု အချိန် 

နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 9.00 နာရီ - ညနေ 19.00 နာရီ

တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 19 ထပ်၊ အဆောက်အဦုးံ B

ဆက်သွယ်ရန်:  ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် +66 (0) 2617-2444 ext. 1235 သို့ဖုန်း ခေါ်ဆိုပါ။