onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
ကျန်းမာသည့်လူနေမှုပုံစံကို ဆက်လက်ထိန်းသိမ်းထားလိုကြသည့် လူများအတွက် ဖရာထိုင်း 2 ကျန်းမာရေး ပရိုမိုးရှင်း စင်တာကြီးသည် ပြီးပြည့်စုံသည့် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးနေသည့် စင်တာကြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ ၀န်ဆောင်မှုပေးအပ်သော ကျယ်ပြန့်သည့်ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာစာရင်းကြောင့် လူနာများသည် လည်းမိမိတို့၏ လိုအပ်မှုနှင့် သင့်တော်သည့် ကျန်းမာရေးအစီအစဉ်များကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ကမ္ဘာ့ ရှေ့ ဆောင်ဆေးဘက်ဆိုင်ရာနည်းပညာကို အသုံးပြုနိုင်ကြသည့် ကျွန်ုပ်တို့၏ကျွမ်းကျင်ဆရာဝန်များကြောင့် သင့် ကျန်းမာရေးအတွက် စိတ်ချယုံကြည်မှုကို ရရှိနိုင်စေမည်ဖြစ်ပါသည်။
ကျန်းမာရေးစစ်ဆေးသည့်စင်တာ (Check-Up Center) အား နာမကျန်းမှုများဖြစ်စေနိုင်သည့် အချက်များကို ရှာဖွေ ဖော်ထုတ်ပေးရန်အတွက် တည်ထောင်ထားပါသည်။ ဤပြည့်စုံမှုရှိပြီး စေ့စပ်သေချာသည့် နည်းလမ်းကို အသုံးပြု သောကြောင့် တွေ့ရှိသည့်ရောဂါများကို ချက်ချင်းကုသသက်သာစေနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏လူနာများ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် လူနေမှုဘ၀ပုံစံကို ရရှိစေရန်အတွက် ဖြစ်ပါသည်။
စမ်းသပ်စစ်ဆေးခန်းများ
ဓာတ်မှန်ဌာန
ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်း
စင်တာကြီးတွင် ဆေးဘက်ဆိုင်ရာအကောင်းဆုံးစံချိန်စံညွှန်းကို ထိန်းသိမ်းထားရှိပြီး၊ ဖောက်သည်များအတွက် ကျယ်ပြန့်သည့် ကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ခ်ျများရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျွန်ုပ်တို့၏ တစ်နေရာတည်းတွင်ပြီးပြည့်စုံသည့် all-in-one ဆေးဘက်ဆိုင်ရာ ၀န်ဆောင်မှုကို တင်းကျပ်စွာထိန်းချုပ်ပေးအပ်ပါသည်။
ကျွန်ုပ်တို့ ၏၀န်ဆောင်မှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။
• အားလုံးပါဝင်သည့် ပြီးပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှု (All inclusive medical check-up)
• အလုပ်အကိုင်အသစ်အတွက် ကျန်းမာရေးစစ်ဆေးခြင်း (Medical check-up for new employment)
• ခရီးမထွက်မီ ကျန်းမာရေးစစ်ဆေးခြင်း (Pre-travel check-up)
• ကုမ္ပဏီများအတွက် နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်း (Annual check-up for companies)
• နေရာတွင် ကျန်းမာရေးစစ်ဆေးသည့် ၀န်ဆောင်မှု (Onsite medical-checkup service)
• ဆေးဘက်ဆိုင်ရာ သက်သေခံလက်မှတ်အတွက် ကျန်းမာရေးစစ်ဆေးခြင်း (Medical check-up for Medical Certificate)
နေ့ စဉ် ၀န်ဆောင်မှု အချိန်: တနင်္လာ - သောကြာ နံနက် 6.30 နာရီ - ညနေ 8.00 နာရီ/ စနေ - တနင်္ဂနွေ
နံနက် 6.30 နာရီ - ညနေ 5.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 7 ထပ်၊ အဆောက်အဦး B
ဆက်သွယ်ရန်: ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့ မဟုတ် + 66-(0)2 617-2444 ext. 3752 သို့ ဖုန်းခေါ်ဆိုပါ။