Top

သွားဘက်ဆိုင်ရာ စင်တာ 

 

သွားကျန်းမာရေးသည် ခန္ဓာတစ်ခုလုံး၏ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါ ပါသည်။ ဖရာထိုင်း 2 ဆေးရုံတွင် သွားဘက်ဆိုင်ရာ အထွေထွေနှင့် အထူးကျန်းမာရေးစောင့်ရှောက်မှုကို အရည်အချင်းမြင့်မားသည့် သွားဆရာဝန်များ နှင့် အကူများမှ ပေးအပ်လျက်ရှိပါသည်။ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အမီ သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု အား ကလေးများနှင့် လူကြီးများအတွက် ပေးအပ်နေပါသည်။ အဆင့်မြင့် ပစ္စည်းကိရိယာများ၊ ၀န်ဆောင်မှုများဖြင့် အသက်မရွေးလူသားအားလုံးအတွက် လှပပြီး စိတ်ယုံကြည်မှုရှိသည့် အပြုံးများပွင့်လန်းနိုင်စေရန်အတွက် ကြိုးစား ဖန်တီးပေးနေပါသည်။ 

 

ထူးကဲသာလွန်ကောင်းမွန်သည့် ၀န်ဆောင်မှုသည် ကျွန်ုပ်တို့၏ထိပ်တန်းဦးစားပေးဖြစ်သည်နှင့်အညီ၊ ကျွန်ုပ်တို့၏ သွားဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ လူနာတစ်ဦးချင်းစီအတွက် သွားဘက်ဆိုင်ရာ အထွေထွေဝန်ဆောင်မှု

သို့မဟုတ် သွားအလှပြုပြင်ခြင်းများကို ကျွန်ုပ်တို့ ၏ သွားဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ အချိန်မီ တတ်ကျွမ်း နားလည်စွာဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် လူနာများအား ကျွန်ုပ်တို့၏မိသားစုများသဖွယ် လေးစားစွာဖြင့် စောင့်ရှောက်ကုသပေးပါသည်။ 

 

ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ 

သွားဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသရေး အခန်းများ၊ သွားဘက်ဆိုင်ရာ ဓာတ်မှန်ခန်း

 

ကျွန်ုပ်တို့ ၏ ၀န်ဆောင်မှုများ 

အထွေထွေ ၀န်ဆောင်မှုများ 

    • ခံတွင်း စမ်းသပ်စစ်ဆေးခြင်း၊ သွားကျန်းမာရေး စမ်းသပ်စစ်ဆေးခြင်း 

    • သွားဘက်ဆိုင်ရာ ဓာတ်မှန်

    • သွားများကို သန့်စင်ပေးခြင်း 

    • သွားနှုတ်ခြင်း 

    • သွားဖာခြင်း 

    • သွားတုစွပ်ခြင်း (Dental Crowns)

    • သွားတု တပ်ဆင်ခြင်း (Dental Bridges) 

 

အထူးဝန်ဆောင်မှုများ 

    • ကလေးသွားဘက်ဆိုင်ရာ 

    • သွားနှင့် မေးရိုးပြုပြင်ခြင်း (Orthodontics)

    • သွားဖုံးရောဂါများ ကုသပေးခြင်း (Periodontal treatment) 

    • သွားမြစ်ခေါင်းပေါက် ကုသမှု၊ လွန်စွာသေးငယ်သည့် သွားမြစ်ခေါင်းပေါက်အား ကုသမှု  

    • သွားတု အံကပ်တပ်ဆင်ခြင်း 

    • သွားစိုက်ခြင်း (Dental Implants) 

 

သွားအလှပြုပြင်ခြင်း (Cosmetic Dentistry)

    • သွားများကို ဖြူဖွေးတောက်ပစေခြင်း 

    • Veneers: ကြွေ သို့မဟုတ် သစ်စေးဖြင့် ပြုလုပ်ထားသည့် ပစ္စည်းဖြစ်ပြီး အရောင်မညီမညာ၊ ပါးနေသည့်၊ စောင်းနေရွဲ့နေသည့်၊ ညီညာမှုမရှိသည့် သို့မဟုတ် ပုံသဏ္ဍာန်မညီမညာဖြစ်နေသည့်သွားများ အပြင် သွားများကျဲနေ ဟနေသည်ကို စေ့ပေးရန်အတွက် သွား၏ရှေ့ ပိုင်းတွင်ဖုံးအုပ်ထားရှိခြင်း 

 

 

တည်နေရာ နှင့် ၀န်ဆောင်မှု အချိန် 

နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 8.00 နာရီ - ညနေ 8.00 နာရီ

တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ ဒုတိယထပ်၊ အဆောက်အဦုးံ A

ဆက်သွယ်ရန်:  ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် + 66-(0)2 617-2444 ext. 4221-3 သို့ ဖုန်းခေါ်ဆို ပါ။