Top

အလှအပရေးရာ စင်တာ 

 
အလှအပရေးရာနယ်ပယ်ရှိ ကျွမ်းကျင်သူများမှ လေဆာရောင်ခြည်သုံးအလှ ပြုပြင်ခြင်းများအပါအ၀င် ပလတ်စတစ် ဆာဂျရီပြုလုပ်ပေးခြင်း နှင့် ဘက်ပေါင်းစုံ အလှ ပြုပြင်ပေးခြင်းများအား ဖရာထိုင်း 2 ဆေးရုံတွင် တစ်နေရာတည်းဖြင့် ပြီးပြည့်စုံစွာပြုလုပ်နိုင်ပြီဖြစ်ပါသည်။ လူနာများ အန္တရာယ်ကင်းဘေးရှင်းရေးသည် ဖရာထိုင်း အလှအပရေးရာစင်တာ၏ ထိပ်တန်းဦးစားပေးဖြစ်ပြီး ကျွန်ုပ်တို့၏ အန္တရာယ်ကင်းစံချိန်စံညွှန်းသည်လည်း အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် အတူတူပင်ဖြစ်သည်။ ဤစင်တာတွင် အထူးသဖြင့် အရည်အချင်း ကျွမ်းကျင်မြင့်မားပြည့်မီသည့် အလှအပပြုပြင်သည့် ဆရာဝန်များ နှင့် ခွဲစိတ်ဆရာဝန်များအဖွဲ့ကို စိစစ်ရွေးချယ်ခြင်းအပါအ၀င် အသေးစိတ်အချက်အလက်များကို ဂရုပြု အလေးထားခြင်းမှာ လွန်မင်းစွာအရေးပါ ပါသည်။ သင့်မျက်နှာ နှင့် ခန္ဓာတစ်ခုလုံးအတွက် ဆန်းသစ်ဘေးကင်းသည့် စွမ်းအင်ကို ထုတ်လုပ်ပေးသည့် ဆန်းသစ်သည့် လေဆာရောင်ခြည်စက် အမျိုးမျိုးနှင့်အတူ အရည်အသွေးမြင့်မား သည့် ခွဲစိတ်ကိရိယာများကိုလည်း စေ့စပ်သေချာစွာ စိစစ်ရွေးချယ်ပါသည်။ 
 

ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ 

ဖရာထိုင်း အလှအပရေးရာစင်တာတွင် အဆင့်မြင့်ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများတပ်ဆင်ထားသည့် အဓိက စင်တာနှစ်ခုရှိသည်။ 
 
    • အလှအပပြုပြင်ရေး လေဆာရောင်ခြည်စင်တာ
    • ပလတ်စတစ်ဆာဂျရီ စင်တာ 
 

ကျွန်ုပ်တို့ ၏ ၀န်ဆောင်မှုများ

ကျွန်ုပ်တို့သည် အောက်ဖော်ပြပါ နယ်ပယ်များတွင် ကျွမ်းကျွမ်းကျင်ကျင်ရှိသည်။  
 
    • ဗိုက်သား အဆီချပေးခြင်း
    • ခန္ဓာမှ ပိုလျှံနေသည့် အဆီများကို စုပ်ယူခြင်း 
    • ရင်သားကြီး ခွဲစိတ်ပြုပြင်ခြင်း 
    • ရင်သားမြှင့်တင်ခြင်း၊ သေးစေခြင်း၊ ပြန်လည်ပုံဖော်ပြုပြင်ခြင်း 
    • မေးရိုး အစားထိုးပြုပြင်ခြင်း 
    • Double Eyeless Scarless Technique သုံး၍ မျက်ရစ်ဖော်ခြင်း 
    • မျက်နှာ၊ လည်ပင်း တင်းရင်းစေခြင်း၊ မျက်နှာတစ်ပြင်လုံး တင်းရင်းစေခြင်း 
    • လိင်ပြောင်း ခွဲစိတ်ပြုပြင်ခြင်း 
    • နှာခေါင်း ခွဲစိတ်ပြုပြင်ခြင်း 
    • အဆီထုတ်ပြီး အသားအရည်အား ပြန်လည်တင်းရင်းချောမွေ့စေခြင်း 
    • လေဆာရောင်ခြည်ဖြင့် အသားအရည်အားပြန်လည်တင်းရင်းစေခြင်း 
    • လေဆာရောင်ခြည်ဖြင့် မှဲ့ဖျက်ခြင်း 
    • လေဆာရောင်ခြည်ဖြင့် အမွှေးအမျှင်များကို ရှင်းလင်းခြင်း 
    • ဆံပင်အစားထိုးခြင်း 
    • Skin Care၊ မိုက်ခရို ရောင်ချယ် ( permanent make-up)
    • ဘိုတော့ခ်စ်၊ Fillers

 

တည်နေရာ နှင့် ၀န်ဆောင်မှု အချိန် 

နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 9.00 နာရီ - ညနေ 19.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ ဒုတိယထပ်၊ အဆောက်အဦုးံ A
ဆက်သွယ်ရန်:  ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့ မဟုတ် +66 (0) 2617-2444 ext. 4204-5 သို့ ဖုန်းခေါ်ဆို ပါ