onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
မိမိကိုယ်ကို ပြန်လည်ယုံကြည်စိတ်ချနိုင်မှုရှိစေရန်နှင့် ကျန်းမာစိုပြည်သည့် အသားအရေကိုထိန်းသိမ်းထားရှိနိုင်ရန် အတွက် အရေပြားဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုများကို တစ်ဦးချင်းစီ၏လိုအပ်ချက်ပေါ်မူတည်၍ ဖရာထိုင်း 2 ဆေးရုံကြီး၏ အရေပြားစင်တာမှ ၀န်ဆောင်မှုများပေးအပ်နေပါသည်။ အရေပြားစင်တာတွင် အရေပြားအထူးကု နှင့် ဓာတ်မတည့်မှု အထူးကု ဌာနများဟူ၍ ဌာနနှစ်ခုရှိပြီး အတွေ့အကြုံရင့် ကျွမ်းကျင်ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှ ဘေးကင်းသက်သာဖော်ရွေစွာဖြင့် ရောဂါများကို ရှာဖွေဖော်ထုတ် ကုသပေးနေပါသည်။
မိမိတို့၏အဆင်းကို ပိုမိုလှပတင့်တယ်စေလိုပြီး ကျန်းမာလှပသည့် အသားအရေကို ထိန်းသိမ်းလိုသည့် လူနာများ အတွက် ကျွန်ုပ်တို့၏ အတွေ့အကြုံရှိအရေပြားအထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများမှ ၀န်ဆောင်မှုများပေးအပ် ရန်အသင့်ရှိနေပါသည်။ ကျွန်ုပ်တို့၏စင်တာတွင် အကောင်းဆုံးဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများဖြင့် သီးသန့်ဆွေးနွေးတိုင်ပင်ခန်းများရှိပါသည်။
ကျွန်ုပ်တို့၏၀န်ဆောင်မှုများတွင် အောက်ဖော်ပြပါတို့ပါဝင်ပါသည်။
• အရေပြားနှင့်ဆက်စပ်သည့် ပြဿနာအားလုံးအတွက် ဆွေးနွေးတိုင်ပင်အကြံဥာဏ်ပေးခြင်း၊ ရောဂါ စမ်းသပ်ရှာဖွေခြင်း နှင့် ကုသခြင်း
• ဓာတ်မတည့်မှု စမ်းသပ်စစ်ဆေးခြင်း (အရေပြားဖောက်စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း)
• အင်ပြင်
• ကြမ်းထော်သောအနီအပိမ့်များထသည့် အရေပြားရောဂါ (Psoriasis)
• အရေပြား သို့မဟုတ် ခြေသည်းလက်သည်းခွံ မှိုရောဂါကူးစက်ခြင်း
• ရေယုန် (Herpes simplex or Herpes zoster)
• ဆံပင်ကျွတ်ခြင်း
• ၀က်ခြံ သို့မဟုတ် တင်းတိပ်ဖယ်ရှားခြင်း (Acne, blemish or freckle removal)
• အရေပြား ဘိုင်အော့ပ်စီ (Skin biopsy)
• အရေပြားကင်ဆာ
နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 8.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 2 ထပ်၊ အဆောက်အဦး A
ဆက်သွယ်ရန်: ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် +66 (0) 2617-2444 ext. 4202, 4228
သို့ဖုန်း ခေါ်ဆို ပါ။