Top

ဆီးချိုသွေးချို

ဆီးချိုသွေးချိုသည် ပန်ကရိယမှ အင်ဆူလင်ထုတ်လွှတ်နိုင်မှု မရှိခြင်းကြောင့် ဖြစ်ပေါ်သည့် သွေးဂလူးကို့ စ် ပမာဏ များပြားခြင်းဖြစ်သည်။ အင်ဆူလင်၏လုပ်ငန်းဆောင်တာမှာ စွမ်းအင်ဖြစ်ပေါ်စေရန်အတွက် ဂလူးကို့စ်ကို ကျွန်ုပ်တို့  ခန္ဓာကိုယ်၏ ဆဲလ်များတွင်းသို့ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။ ခန္ဓာကိုယ်မှ အင်ဆူလင်ထုတ်လွှတ်နိုင်ခြင်းမရှိပါက၊   သို့မဟုတ် အလုံအလောက်ထုတ်လုပ်နိုင်ခြင်းမရှိပါက၊ ကျွန်ုပ်တို့၏ ကိုယ်တွင်းတွင် ဂလူးကို့စ်ပမာဏများလာမည် ဖြစ်ပါသည်။ ဆီးချိုသွေးချိုသည့် သင့်ဘ၀ကို ထိခိုက်စေနိုင်သည့် အပြင် နှလုံးရောဂါ၊ အမြင်အာရုံကွယ်ပျောက်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း နှင့် ခြေထောက်ခြေချောင်းများကို ဖြတ်တောက်ရခြင်းများအပါအ၀င် ဆိုးဝါးသည့် ကျန်းမာ ရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ 

 

ဆီးချိုသွေးချို အမျိုးအစားများမှာ မည်သည်တို့ နည်း။ 

အမျိုးအစား 1 ဆီးချိုသွေးချို - နုနယ်သည့် ဆီးချိုသွေးချို သို့မဟုတ် အင်ဆူလင်မှီခို ဆီးချိုသွေးချိုရောဂါအဆင့် အဖြစ် လည်းသိရှိကြသည်။ ပန်ကရိယမှ အင်ဆူလင်အား ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် သာမာန်ထက် ဂလူးကို့စ် ပမာဏ မြင့်တက်လာချိန်တွင် ဖြစ်ပေါ်သည်။ 

 

အမျိုးအစား 2 ဆီးချိုသွေးချို - အဖြစ်များသည့် ဆီးချိုသွေးချိုအမျိုးအစားဖြစ်သည်။ လုပ်ငန်းဆောင်တာများ ကောင်းမွန် စွာဆောင်ရွက်နိုင်ရန်အတွက် ခန္ဓာကိုယ်မှ အင်ဆူလင် အလုံအလောက်ထုတ်လုပ်ခြင်းမရှိသည့်အချိန် 

သို့မဟုတ် ခန္ဓာကိုယ်ရှိဆဲလ်များ အင်ဆူလင်အားထိရောက်စွာ တုံ့ပြန်မှုမရှိသည့်အချိန်တွင် ဖြစ်ပေါ်သည်။ 

 

ကိုယ်ဝန်ဆီးချိုရောဂါ (ကိုယ်ဝန်ဆောင်ချိန်) - ကိုယ်ဝန်ဆောင်စဉ်တွင် ပထမဦးဆုံးဖြစ်ပေါ်ခြင်း ဖြစ်သည်။ အချင်းမှ ဟော်မုန်းအား သွေးတွင်းသို့ဂလူးကို့ စ်အများအပြားပို့ဆောင်စေပြီး ခန္ဓာကိုယ်မှ ထိုအရာအား ထိန်းချုပ်ရန် လုံလောက်သည့် အင်ဆူလင်မထုတ်လုပ်နိုင်သည့် အချိန်တွင် ဖြစ်ပေါ်သည်။ 

 

ဆီးချိုသွေးချိုရောဂါ၏ အတွေ့ ရများသည့် လက္ခဏာများမှာ မည်သည်တို့ နည်း။  

·     လွန်မင်းစွာ ရေငတ်ခြင်း နှင့် ဆာလောင်ခြင်း 

-     အထူးသဖြင့် ညဘက်ပိုင်းတွင် ဆီးမကြာခဏသွားခြင်း 

-     ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန်လျော့ကျသွားခြင်း 

-     မောပန်းခြင်း 

-     အမြင်အာရုံ မှုန်ဝါးခြင်း 

-     ခေါင်းကိုက်ခြင်း 

-     အာခေါင်ခြောက်ခြင်း နှင့် အရေပြား ယားယံခြင်း 

 

ဆီးချိုသွေးချိုကို မည်သို့ သိရှိနိုင်ပါသနည်း။ 

အောက်ပါနည်းလမ်းများအပြင် ကွဲပြားသည့်သွေးစစ်ခြင်းများဖြင့် ဆီးချိုသွေးချို၏ရောဂါ လက္ခဏာများကို သိရှိနိုင်ပါသည်။

 

A1C – လွန်ခဲ့သော 2 လ သို့မဟုတ် 3 လ မှ သွေးဂလူးကို့စ်ပမာဏကို ပြသမည့် စစ်ဆေးမှုဖြစ်သည်။  

 

Fasting plasma glucose: နာရီများစွာ အစားရှောင်ပြီးနောက် ဗိုက်ဟာနေချိန်တွင် သွေးတွင်း သကြားပမာဏကို စစ်ဆေးခြင်းဖြစ်သည်။ 

 

Oral glucose tolerance test (OGTT):  အချိုရည်ကို မသောက်မီနှင့် သောက်သုံးပြီး 2 နာရီအကြာတွင် ခန္ဓာကိုယ်  မှ သကြားအား မည်ကဲ့သို့တုံ့ပြန်ဖြေရှင်းသည်ကို သိရှိစေမည့် စမ်းသပ်စစ်ဆေးမှုဖြစ်သည်။ 

 

ဆီးချိုသွေးချိုကို မည်ကဲ့သို့ကုသနိုင်သနည်း။ 

ဆီးချိုသွေးချိုကုသမှုသည် ဂလူးကို့စ်ပမာဏကို တတ်နိုင်သမျှ ပုံမှန်အဖြစ်ထိန်းထားနိုင်ရန်နှင့် လူနာများတွင် ဖြစ်ပေါ် နိုင်သည့် ဆက်စပ်ရောဂါများကို လျော့ချနိုင်ရန်အတွက်ဖြစ်သည်။ အင်ဆူလင်ထုတ်လုပ်မှုမရှိသောအမျိုးအစား 1 ဆီးချိုသွေးချိုရောဂါအတွက် ကုသမှုမှာ နေ့စဉ်အင်ဆူလင်ထိုးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အစားအစာတွက်ချက် ခြင်းနှင့် အိမ်တွင် သွေးတွင်းသကြားပမာဏတိုင်းတာခြင်းများ ဖြစ်ပါသည်။ အမျိုးအစား 2 ဆီးချိုသွေးချိုအမျိုးအစား သည်လည်း အစားအသောက်ကို ကောင်းမွန်စွာထိန်းချုပ်ရန် နှင့် လေ့ကျင့်ခန်းပြုလုပ်ရန် လိုအပ်သည်။ သို့သော်၊ အများအားဖြင့် အင်ဆူလင်ထိုးရန် မလိုအပ်ပဲ သောက်ဆေးများသောက်သုံးရန်သာလိုအပ်ပါသည်။ 

 

ဆီးချိုသွေးချိုရောဂါ ခံစားနေရသည့်လူနာများသည် ကျန်းမာသောအစားအစာများကို စားသုံးခြင်း၊ လေ့ကျင့်ခန်းပြုလုပ် ခြင်းနှင့် အ၀လွန်နေပါက ပေါင်အနည်းငယ်လျော့ချခြင်းဖြင့် သိသာသည့် အကျိုးကို ရရှိနိုင်ပါသည်။ သို့သော်၊  ဤ အရာများကို ပြုလုပ်ရာတွင် သွေးတွင်းသကြားဓာတ်တိုင်းတာစစ်ဆေးခြင်း၊ ဆီးချိုသွေးချိုဆေးဝါးများ သောက်သုံးခြင်း၊ အကောင်းမွန်ဆုံးရလဒ်ကို ရရှိရန် နှင့် ရောဂါများကို ထိန်းချုပ်နိုင်ရန်အတွက် ကျွမ်းကျင်သူဆရာဝန်များနှင့် ပုံမှန် ပြသ စစ်ဆေးခြင်းများကိုပါ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ ဆီးချိုသွေးချိုနှင့် ဇီဝဖြစ်စဉ်စင်တာတွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



ကျန်းမာရေး ဆောင်းပါး

ကလေးငယ်များမျက်လုံးအမြင်ပြသနာဖြစ်နေပါသလား…မျက်စိအထူးကုဆရာဝန်ထံမပြသမီ check list အရင်စစ်ကြရအောင်

Read More

သက်ကြီးပိုင်းအမျိုးသမီးများတွင်တွေ့ရသောရောဂါများ

Read More

ရိုးရိုးချောင်းဆိုးတာလား..အဆုတ်ကင်ဆာဖြစ်နေတာလား

Read More

သားအိမ်အလုံးတည်ခြင်း (Ovarian Cysts)

Read More

ဓာတ်မတည့်မှု (Allergy)

Read More

ဦးနောက်သွေးကြောပိတ်ပြီး ၄.၅ နာရီအတွင်းဆေးမကုသနိုင်ပါကအငသက်ရှင်ခွင့်ရှိနိုင်ပါသလား

Read More