onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
သင့်ကလေးအတွက် အကောင်းမွန်ဆုံးကျန်းမာရေးစောင့်ရှောက်မှု
ကလေးဖျားနာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရတိုင်း မိသားစုများအတွက် စိတ်ဖိစီးမှုများနှင့် ကြုံတွေ့ရနိုင်ပါသည်။ ထို့အပြင်၊ အခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်နေပါက လူနာအတွက် စိုးရိမ်ပူပန်မှုလည်း မြင့်မားတတ်ပါသည်။
ထို့ကြောင့်၊ ကလေးအရေးပေါ်ကုသဆောင် (PICU) မှ ပြင်းထန်စွာနာမကျန်းဖြစ်သည့် သို့မဟုတ် ထိခိုက်ဒဏ်ရာ ရရှိသည့် ကလေးများကို အထူးကြပ်မတ်ကုသသည့် ၀န်ဆောင်မှုကို ပေးအပ်နေပါသည်။ ကလေးဦးနှောက်နှင့် အာရုံကြော၊ သွေးရောဂါ/ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ကူစက်ရောဂါများကဲ့သို့သော် ရောဂါများအတွက် 24 နာရီ ၀န်ဆောင်မှုပေးနေပါသည်။ ကလေးရေးပေါ်ကုသဆောင်တွင် တက်ရောက်ရသည့်ကလေးများ၏ နှလုံးခုန်နှုန်း၊ သွေးဖိအား နှင့် အသက်ရှုမှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးရန်လိုအပ်ပါသည်။
တိုးတက်ခေတ်မီသည့်နည်းပညာနှင့်အတူ အသိအမှတ်ပြုလက်မှတ်ရ ကလေးအထူးကုဆရာဝန်ကြီးများနှင့် အထူး လေ့ကျင့် သင်ကြားထားသည့် သူနာပြုများမှ နာမကျန်းသည့်ကလေးများ၏ ဝေဒနာခံစားရမှု သက်သာစေရန်နှင့် လျှင်မြန်စွာပြန်လည်နာလန်ထူနိုင်ရန်အတွက် လေးစားစာနာစွာဖြင့် ပြုစုစောင့်ရှောက်ပေးရန် အသင့်ရှိနေပါသည်။