Top

ဘိုတော့စ် (Botox) ဖြင့် မိုင်ဂရိန်းခေါင်းကိုက် ရောဂါ (Migraine) အားကုသမှု

မိုင်ဂရိန်းဆိုသည်မှာ ယနေ့တွင်အဖြစ်များသည့် ခေါင်းကိုက်သည့်ရောဂါဖြစ်ပြီး၊ လူနာများမှ လွန်စွာခံစားရပါသည်။ မိုင်ဂရိန်းဖြစ်လျှင် အထူးသဖြင့်ဦးခေါင်းတစ်ခြမ်းတွင် ပြင်းထန်တုန်လှုပ်သည့် နာကျင်မှု သို့မဟုတ် (ဦးခေါင်း) သွေး တဒိတ်ဒိတ်ခုန်သည့် ခံစားမှု နှင့်အတူ မအီမသာဖြစ်ခြင်း၊ ပျို့ ခြင်းအန်ခြင်း နှင့် အလင်းနှင့် အသံများ၏ဒဏ်ကို မခံနိုင် ခြင်းများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ မိုင်ဂရိန်းအား နာရီများစွာ သို့ မဟုတ် ရက်များစွာ ခံစားရနိုင်ပြီး နေ့ စဉ်လူနေမှု ဘ၀ကို သိသာစွာထိခိုက်နိုင်ပါသည်။ ခေါင်းမကိုက်မီတွင် အချက်ပြလက္ခဏာအဖြစ် Aura (လူ့စိတ်စွမ်းအင်တွင် အလင်းများကိုမြင်တွေ့ရခြင်း) ထွက်ပေါ် လာတတ်သည်။ Aura ဆိုသည်မှာ အလင်းတန်းများ၊ ဘလိုင်းစပေါ့များ (blind spots)၊ သို့မဟုတ် မျက်နှာ သို့မဟုတ် လက် သို့မဟုတ် ခြေတွင် တစ်စစ်စစ်ဖြစ်ခြင်းများကို ခံစားရခြင်းများ ဖြစ်ပါသည်။ 

 

 

မိုင်ဂရိန်း ဖြစ်ရသည့်အကြောင်းရင်း 

မိုင်ဂရိန်းဖြစ်ရသည့်အကြောင်းမှာ မထင်ရှားပေ။ သုတေသီအချို့ က မိုင်ဂရိန်းသည် ဦးနှောက်ဆဲလ်ဆောင်ရွက်မှုကို ထိန်းချုပ်သည့် မျိုးဗီဇနှင့် ဆက်စပ်နေမည်ဟု ယူဆကြသည်။ 

 

အန္တရာယ်ဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းများ 

အောက်ဖော်ပြပါ အကြောင်းရင်းများအပါအ၀င် မိုင်ဂရိန်းဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ 

 

1။ မိသားစုရာဇ၀င် - မိုင်ဂရိန်းသည် အမွေဆက်ခံရခြင်းကြောင့်ဖြစ်နိုင်သည်။ သင့်မိသားစုဝင်မှ မိုင်ဂရိန်းကို ခံစားရ ပါက သင်သည်လည်း မိုင်ဂရိန်းဖြစ်နိုင်သည့် အခွင့်အလမ်းရှိသည်။ 

2။ အသက်အရွယ် - မိုင်ဂရိန်းသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သော်လည်း ဆယ်ကျော်သက်အရွယ်တွင် စတင် တတ်ပြီး အသက် 30 အရွယ်တွင် အပြင်းထန်ဆုံးဖြစ်သည်။ 

3။ ဂျန်ဒါ - မိုင်ဂရိန်းဖြစ်ပွားရသည့် အကြောင်းရင်းများမှ တစ်ခုမှ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်သောကြောင့် အမျိုးသမီးများသည် အမျိုးသားများနှင့် ယှဉ်လျင် မိုင်ဂရိန်းကို ပိုမိုခံစားရနိုင်သည်။ ရာသီသွေး မလာမီ နှင့် လာပြီး နောက်ပိုင်း ချက်ချင်းခေါင်းကိုက်ခြင်းကို ခံစားရတတ်သည်။ 

 

မိုင်ဂရိန်းကာကွယ်ရေးသည် ကွဲပြားသည်။ ဥပမာ၊ မိုင်ဂရိန်းဖြစ်ပေါ်စေနိုင်သည့် အရာများကို ရှောင်ရှားခြင်း၊ ကာကွယ် တားဆီးနိုင်သည့် ဆေးဝါးများသုံးစွဲခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာရုံကြော ဆောင်ရွက်မှုကို လျှော့ချရန် ဆေးထိုး ခြင်း၊ ဘိုတော့စ် အသုံးပြု မိုင်ဂရိန်းကုထုံး များဖြစ်သည်။ 

 

မည်သည့် လူနာမှမဆို မိုင်ဂရိန်းအား ကြိုတင်ကာကွယ်ရန်လိုအပ်သည်။ ဥပမာ၊ ပြင်းထန်စွာခေါင်းကိုက်တတ်သူများ၊ အကိုက်အခဲအလွန်အကျွံသုံးစွဲခြင်းကြောင့် ခေါင်းကိုက်သူများ၊ အကိုက်အခဲပျောက်ဆေးသုံးစွဲသော်လည်း ခေါင်း ကိုက်မြဲကိုက်နေသူများ။ ကြိုတင်ကာကွယ်တားဆီးရေးကုထုံး၏ ရည်ရွယ်ချက်မှာ ကိုက်ခဲသည့် ကြိမ်နှုန်းနှင့် ပြင်းထန် မှုကို လျှော့ချရန် ရည်ရွယ်ပါသည်။ 

 

လက်ရှိတွင်၊ ဘိုတော့စ် မှ ဖြစ်ပေါ်သည့် ကြိမ်နှုန်းနှင့် ပြင်းထန်မှုကို လျှော့ချခြင်းဖြင့် နာတာရှည် မိုင်ဂရိန်းကို ကြိုတင် ကာကွယ်နိုင်ကြောင်း တွေ့ ရှိခဲ့ကြသည်။ မိုင်ဂရိန်းအား ဘိုတော့စ်ဖြင့် ကာကွယ်တားဆီးခြင်းသည် ကာကွယ်တားဆီး သည့်ဆေးဝါးများ မတိုးတော့သည့်လူများ၊ သို့မဟုတ် အခြားကုသမှုများဖြင့် ပျောက်ကင်းခြင်းမရှိသည့် လူများ အတွက် အခြားရွေးချယ်နိုင်မည့် ကုထုံးဖြစ်သည်။  

 

 

Dr. Buncha Siemhan

ဦးနှောက်နှင့် အာရုံကြောပါရဂူ 

ဖရာထိုင်း 2 ဆေးရုံ 

 

ဖရာထိုင်း 2 ဆေးရုံ၏ ဦးနှောက်နှင့်အာရုံကြောစင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



مقالة صحية

تقويم مفاصل الفخذ كليًا في ليلتين فقط معهد العظام

Read More

تمدد الشريان الأورطي

Read More

مرض الزهايمر

Read More

الإفرازات المهبلية

Read More

مركز الكبد

Read More

الحول (حول العين)

Read More