Top

ဦးတည်ပစ်မှတ်ထား ကင်ဆာကုထုံး

ကင်ဆာဖြစ်သည့်နေရာကိုသာ ဦးတည်သည့် ဦးတည်ပစ်မှတ်ထားကုထုံး (Target therapy) သည်ကင်ဆာရောဂါ ကုသမှု အတွက် မျှော်လင့်ချက်သစ်ဟု မှတ်ယူထားကြသည်။ ဆေးဝါးဖြင့် ကင်ဆာဆဲလ် ကြီးထွားမှုနှင့် ဆက်စပ် နေသော ကင်ဆာဆဲလ် အစိတ်အပိုင်းအချို့၊ တိကျသည့် မျိုးဗီဇ သို့မဟုတ် ပရိုတင်း များကိုသာပစ်မှတ်ထား ဦးတည်သည့် ကုသမှုဖြစ်သည်။ ကြားတွင် တိကျသည့် မော်လီကျူးများကို ဦးတည်ခြင်းနှင့်အတူ ဦးတည် ပစ်မှတ်ထားကင်ဆာကုထုံး များသည် ကင်ဆာကြီးထွားပြန့်ပွားခြင်းမရှိစေရန် ပိတ်ဆို့ဟန့်တားနိုင်ကြသည်။ 

 

ဦးတည်ပစ်မှတ်ထား ကင်ဆာကုထုံး နည်းလမ်းများ 

ကင်ဆာရောဂါအမျိုးမျိုးရှိပြီး ကင်ဆာဆဲလ်များသည်လည်း တစ်မျိုးနှင့် တစ်မျိုးမတူညီသောကြောင့် ဆရာဝန်သည် ကင်ဆာလူနာ တစ်ဦးစီ၏ ကောင်းမွန်သည့် သို့မဟုတ် ဖြစ်နိုင်ခြေရှိသည့် ပစ်မှတ်ကို သိရှိနိုင်ရန်အတွက် စမ်းသပ်စစ် ဆေးပါမည်။ စမ်းသပ်သည့်နည်းကို “တိကျမှန်ကန်သည့် ဆေးပညာ” (Precision Medicine) ဟုခေါ်ဆိုပြီး၊ လူနာ၏ အကျိတ် သို့မဟုတ် ကင်ဆာဆဲလ်နမူနာကို biopsy ပြုလုပ်ရန်အတွက် ခွဲစိတ်ထုတ်ယူမည်ဖြစ်ပါသည်။ ထို့နောက်၊ ကင်ဆာ၏မျိုးဗီဇကို လေ့လာရန်အတွက် အထူးဓာတ်ခွဲခန်းသို့ပို့ဆောင်ပါမည်။ ရလဒ်အနေဖြင့်၊ တစ်ဦးချင်းစီ မှခံစား ရသောကင်ဆာအတွက် မျိုးဗီဇပြောင်းလဲမှုများအပေါ်မူတည်၍ကုသပေးမည်ဖြစ်ပြီး၊ ဆရာဝန်မှသည်လည်း FDA မှ ထောက်ခံထားသော ထိရောက်သည့် ဆေးဝါးများကိုရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

 

ဦးတည်ပစ်မှတ်ထား ကင်ဆာကုထုံး နှင့် သာမာန် သမာရိုးကျကင်ဆာကုထုံးများ၏ ကွဲပြားပုံ 

သာမာန် သမာရိုးကျကင်ဆာကုထုံးအား ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ကုသမှု နှင့် ဓာတုဆေးသွင်းကုသမှု ဟူ၍ အဓိက ကုသမှုနည်းလမ်း သုံးနည်းခွဲထားပါသည်။ ခွဲစိတ်ကုသမှုနှင့် ဓာတ်ရောင်ခြည်ကုသမှု များသည် ကင်ဆာဖြစ်ပွား နေသည့် ဧရိယာကို အဓိကဦးတည်သည့် ကုသမှုများဖြစ်ကြသည်။ ဓာတုဆေးသွင်းကုသမှုတွင် ကင်ဆာဆဲလ်များကို သေစေရန်အတွက် ဆေးဝါးကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ထိုးသွင်းလိုက်သောကြောင့် ကင်ဆာမရှိ သည့် သာမာန်ဆဲလ်များကို သေစေနိုင်ပါသည်။ ဦးတည်ပစ်မှတ်ထားကင်ဆာကုထုံး (targeted therapy) ထုံးတွင်မူ ကင်ဆာဆဲလ် ကြီးထွားရန်အတွက် အရေးပါသည့် မျိုးဗီဇ သို့မဟုတ် ပရိုတင်းများကိုသာ အဓိကဦးတည်ကုသသည့် ကုထုံးဖြစ်သောကြောင့် ကောင်းမွန်သည့်သာမာန်ဆဲလ်များကို ထိခိုက်ပျက်စီးစေခြင်းမရှိပေ။ ဦးတည်ပစ်မှတ်ထား ကင်ဆာကုထုံး သည် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အတွက် ဦးတည်ပြီးအထူးဒီဇိုင်းထွင်ထားသည့် အင်္ကျီ နှင့် တူပါသည်။ 

 

အဘယ်ကြောင့် “ဦးတည်ပစ်မှတ်ထားကုထုံး” သည် ပိုမိုကောင်းမွန်ပါသနည်း။ 

ဓာတုဆေးသွင်းကုထုံးနှင့် မတူညီသည့်အချက်မှာ ဦးတည်ပစ်မှတ်ထားကုထုံးသည် ဆဲလ်များအတွင်းရှိ တိကျသည့် မော်လီကျူးများကိုသာဦးတည်ပြီး ကောင်းမွန်သည့် ဆဲလ်များကို ချန်လှပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်၊ ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးမှာ ပိုမိုနည်းပါးပါသည်။ သို့သော်၊ ဦးတည်ပစ်မှတ်ထားကုထုံး၏ အကျိုးသက်ရောက်မှုမှာနည်းပါး တုန်းပင်ဖြစ်ပြီး ကင်ဆာလူနာတိုင်းမှ ထိုကုထုံးကို တုံ့ပြန်မည် (ကင်ဆာလူနာတိုင်းအတွက် ထိုကုထုံးသည် အကျိုး သက်ရောက်မှုရှိမည်) မဟုတ်ပေ။ ကုသမှုခံယူသည့် ပထမနှစ်အတွက် ဆေးဝါးအချို့မှာ အကျိုးသက်ရောက်မှု ရှိနိုင် သော်လည်း၊ နောက်ပိုင်းတွင် ကင်ဆာဆဲလ်များမှ ဦးတည်ပစ်မှတ်ထားဆေးဝါးများ၏ဒဏ်ကို ခံနိုင်လာချိန်တွင် (ဆေး မတိုးတော့သည့်အချိန်တွင်) သင့်လျော်သည့် ဦးတည်ပစ်မှတ်ထားကုထုံးဆေးဝါးသစ်များကို ရှာဖွေရန်အတွက် အသားစစစ်ဆေးမှု (biopsy) ကိုထပ်မံပြုလုပ်ရန် လိုအပ်လာပါသည်။ 

 

ကင်ဆာအမျိုးအစားအားလုံးအတွက် ဦးတည်ပစ်မှတ်ထားကုထုံးကို အသုံးပြုနိုင်ပါသလား။ 

ဦးတည်ပစ်မှတ်ထားကုထုံးကို ဆေးဝါးအမျိုးမျိုးပေါ်ထွက်လာချိန်၊ လွန်ခဲ့သည့် 16-17 နှစ်ကျော်ကတည်းကပင် စတင် အသုံးပြုခဲ့ပါသည်။ သို့သော်၊ ကင်ဆာရောဂါအားလုံးအားကုသရန်အတွက် အသုံးပြုနိုင်ခြင်းမရှိသေးပေ။ ကင်ဆာ ဆေးဝါးများထုတ်လုပ်ရန်အတွက် ဈေးကြီးဆဲနှင့် အချို့ သော ကင်ဆာရောဂါများကိုပစ်မှတ်ထားထုတ်လုပ်ရန်အတွက် ခက်ခဲဆဲပင်ဖြစ်ပါသည်။ ထို့ကြောင့်၊ ၄င်းကို ဓာတုဆေးသွင်းကုထုံးနှင့် အခြားကင်ဆာကုသမှုများဖြင့် မကြာခဏ တွဲဖက်အသုံးပြုကြသည်။ 

 


ဖရာထိုင်း 2 ဆေးရုံ၏ ကင်ဆာစင်တာ တွင် ကျွန်ုပ်တို့ ၏ ကင်ဆာအထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



مقالة صحية

تقويم مفاصل الفخذ كليًا في ليلتين فقط معهد العظام

Read More

تمدد الشريان الأورطي

Read More

مرض الزهايمر

Read More

الإفرازات المهبلية

Read More

مركز الكبد

Read More

الحول (حول العين)

Read More