Top

ကိုယ်အလေးချိန်လျှော့ကုသမှုအတွက် အစာအိမ်လေဘောလုံး

လူအတော်များများမှ ၄င်းတို့၏ ခန္ဓာကိုယ်အလေးချိန်က ၄င်းတို့၏နေ့စဉ်လူနေမှုဘ၀ကို ထိခိုက်စေသည်ဟု ရှုမြင် ကြသည်။ ၄င်းတို့အတွက် လေ့ကျင့်ခန်းလုပ်ရန် သို့မဟုတ် ပုံမှန်လှည့်ပတ်ရွေ့လျားရန် အတွက် ခက်ခဲပါသည်။ ရေရှည်တွင် အောက်ဖော်ပြပါ ရောဂါများအပြင် ကျန်းမာရေးနှင့်ဆိုင်သည့် အခြေအနေများကို တိုးပွားလာစေနိုင်ပါ သည်။ 

 

           -    နှလုံးရောဂါများနှင့် လေဖြတ်ခြင်း 

           -    သွေးတိုးရောဂါ

           -    ဆီးချိုသွေးချို 

           -    ကင်ဆာရောဂါ အချို့ 

           -    သည်းခြေဆိုင်ရာ ရောဂါနှင့် သည့်ခြေကျောက်တည်ခြင်း 

           -    လေးဖက်နာ (အဆစ်ရောင်) ရောဂါ (Osteoarthritis) 

           -    ဂေါက်ရောဂါ (Gout) 

           -    အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း နှင့် ပန်းနာရင်ကြပ်ရောဂါ ကဲ့သို့  အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ

 

ဖရာထိုင်း2 ဆေးရုံ ၏ Advance Minimally Invasive Surgery Center ရှိ laparoscopic surgery ကျွမ်းကျင် ခွဲစိတ် ဆရာဝန်တစ်ဦးဖြစ်သည့် Dr. Wisit Kasetsermviriya မှ ခွဲစိတ်ရန်မလိုပဲ ကိုယ်အလေးချိန်လျော့ချနိုင်သည့် ဆန်းသစ် သည့်နည်းလမ်းမှာ လူနာ၏ပါးစပ်မှတဆင့် အစာအိမ်လေဘောလုံးအားအစာအိမ်တွင်းထည့်သွင်းသည့် နည်းဖြစ် ကြောင်းရှင်းလင်းပြောပြပါသည်။ ဤနည်းသည် အ၀လွန်သူများကို ကြည့်ကောင်းစေရန်ပြုလုပ်ပေးနိုင်သည်သာမက ၄င်းတို့ခံစားနေရသည့် နာတာရှည်ရောဂါများကိုလည်း လျော့နည်းသက်သာစေနိုင်မည့် နည်းဖြစ်ပါသည်။ ၄င်းနည်း အား အ၀လွန်ခြင်းကြောင့်ဖြစ်ပေါ်သည့် နာတာရှည်ရောဂါများကို ကုသပျောက်ကင်းစေရန်အတွက် နိုင်ငံအတော်များ များတွင် အသုံးပြုလျက်ရှိပါသည်။ 

 

 

 အစာအိမ်လေဘောလုံးမှာ မည်သည့်ပုံသဏ္ဍာန်ရှိသနည်း။ 

အစာအိမ်လေဘောလုံးအား အစာအိမ်တွင်းသို့ထည့်သွင်းလိုက်သော်လည်း အန္တရာယ်မဖြစ်စေနိုင်သည့် စီလီကွန်ဖြင့် ပြုလုပ်ထားသည်။ လူနာအား အမြဲပင်ပြည့်အင်နေသည့် ခံစားချက်ကို ခံစားရရှိစေရန်နှင့် အနည်းငယ်သာစားသုံးစေ ရန်အတွက် ဘောလုံးတွင်းတွင် ယေဘုယျအားဖြင့် ရေ 400-500 cc ပမာဏကို ဖြည့်သွင်းထားပါသည်။ ဘောလုံးအား ခန့်မှန်းခြေအားဖြင့် 6 လမှ 1 နှစ်ကြာအထိထည့်သွင်းရမှာဖြစ်ပြီး၊ လူနာတစ်ဦးစီသည် ပျမ်းမျှ 20 ကီလိုဂရမ်ဝန်းကျင် မျှအလေးချိန်လျော့သွားတတ်ပါသည်။ လူနာမှ သတ်မှတ်ထားသည့် အချိန်ဇယားမတိုင်မီ ဘောလုံးအား ထုတ်ယူလို ပါကလည်း ထုတ်ယူနိုင်ပါသည်။ 

 

ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ (Probable complications)   

ကိုယ်အလေးချိန်လျှော့ချသည့် ခွဲစိတ်ကုသမှု၏ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာ 7- 9 ရာခိုင်နှုန်း နှင့် ယှဉ်လျင် အစာအိမ်လေဘောလုံးထည့်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာ မှာ 0.27 ရာခိုင်နှုန်း ပင်ရှိပါသည်။ ဘောလုံးထည့်သွင်းသည့် ပထမအပတ်တွင် ဘောလုံးကြောင့်  အတွေ့ရများသည့် နောက်ဆက်တွဲ  ပြဿနာ၏ လက္ခဏာများမှာ မအီမသာ ဖြစ်ခြင်း၊ ပျို့ ခြင်းအန်ခြင်း နှင့် လေထိုးလေအောင့်ခြင်း တို့ ဖြစ်ပါသည်။ လူနာအချို့မှ ကိုယ်အလေးချိန်လျှော့ချသည့် ခွဲစိတ်မှုကို မခံယူမီ အလေးချိန်အချို့ကိုလျှော့ချရန်အတွက် ဤနည်းကိုအသုံးပြုကြသည်။ ဘောလုံးထည့်ပြီးသည်နှင့် အာဟာရပညာရှင်မှ လူနာအားမည်သို့သင့်လျော်စွာစားသုံး ရမည် နှင့် အမူအကျင့်နှင့်ပတ်သက်သည့် အကြံများပေးအပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့သည်လည်း ၄င်းတို့၏စားသောက်မှုပုံစံကို ပြောင်းလဲနိုင်မည်ဖြစ်ပြီး၊ ဘောလုံးထုတ်လိုက်သည့်နောက်ပိုင်းတွင်လည်း စည်းကမ်း ရှိရှိနှင့်စားသုံးနိုင်စေရန်အတွက် ဖြစ်ပါသည်။ အများအားဖြင့် ဘောလုံးထည့်သွင်းသည့် ပထမလတွင် လူနာများမှ အစာပျော့များနှင့် အစာအိမ်နာကျင်မှုကို သက်သာစေမည့် ဆေးဝါးများကို သောက်သုံးရမည်ဖြစ်ပါသည်။ လူနာများအတွက် တာဝန်ခံ ဆရာဝန်မှ နောက်ဆက်တွဲကုသမှုများကို အနီးကပ်ပြုလုပ်သွားမည်ဖြစ်သကဲ့သို့၎င်းတို့၏ ပန်းတိုင်သို့ရောက်ရှိနိုင်ရန်အတွက် လိုအပ်သည့်အကြံဥာဏ်များပေးခြင်းများအပြင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ 

 

အားလုံးထက် အခရာမှာ အလေးချိန်လျော့လိုသည့် သင် ဖြစ်ပါသည်။ ခွဲစိတ်ရန်မလို ဆန်းသစ်သည့် ကိုယ်အလေး ချိန်လျှော့နည်းမှာ ပထမအဆင့်အနေဖြင့် ကျန်းမာရေးကိုမထိခိုက်ပဲ အလေးချိန်လျှော့ချရာတွင် အထောက်အကူဖြစ် စေမည့် လက်နက်ကိရိယာသာဖြစ်ပါသည်။ ရေရှည်တွင် ကျွမ်းကျင်သူများ၏ အာဟာရဆိုင်ရာ ဗဟုသုတနှင့် အကြံ ဥာဏ်များ နှင့်အတူ စားသောက်သည့်အကျင့်ကို ပြောင်းလဲနိုင်မည့် သင့်ကြိုးစားအားထုတ်မှုများက သင့်ကို သင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့်အရာများကိုသာရွေးချယ်စေမည်ဖြစ်ပါသည်။ ထို့နောက်တွင် သင်မှလည်း သင့်လျော်သည့် ကိုယ်အလေးချိန်ဖြင့် ကောင်းမွန်သည့် ဘ၀ကို ရရှိနိုင်မည်ဖြစ်ကာ သင်ကိုယ်တိုင် ၀ခြင်းကို ထာဝရ နှုတ်ဆက်ခွဲခွာနိုင်မည်ဖြစ်ပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းစင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့  ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com

 



健康的文章

乳腺癌 (breast cancer)

Read More

慢性肾脏病 (Chronic kidney disease)

Read More

长新冠 (Long Covid)

Read More

无疤痕甲状腺手术 (Scarless Thyroid Surgery)

Read More

唇形成术 (Labiaplasty)

Read More

威塑吸脂

Read More