Top

ပင်မသွေးလွှတ်ကြောဆိုင်ရာ ရောဂါ

ပင်မသွေးလွှတ်ကြောဆိုသည်မှာ အောက်ဆီဂျင်ပြည့်ဝသည့် နှလုံးမှသွေးကို ခန္ဓာကိုယ်အနှံ့ရှိကိုယ်အင်္ဂါအစိတ်အပိုင်း များသို့ပို့ဆောင်ပေးသည့် သွေးကြောဖြစ်သည်။ ပင်မသွေးလွှတ်ကြောသည် နှလုံးမှ စတင်ပြီး အပေါ်ဘက်သို့သွား ရောက်ပြီး ကွေးညွတ်ကာ ကျောရိုးတစ်လျှောက်တွင် တည်ရှိသည်။ ထို့နောက်၊ ခြေထောက်နှင့် တင်ပါးဆုံသို့သွေး ပေးပို့သည့် သွေးကြောမွှာလေးများအဖြစ် မကွဲထွက်မီ ၀မ်းဗိုက်ကြွက်သားမှတဆင့် ၀မ်းဗိုက် တွင်းသို့ဝင်ရောက်ပါ သည်။ ပင်မသွေးလွှတ်ကြောသည် ရေပိုက်ကဲ့သို့ပင် ထူးခြားပြီးအရေးပါ ပါသည်။ ၄င်းသည် နှလုံး၊ ဦးနှောက်၊ ကျောရိုး၊ ခြေလက်အင်္ဂါများ နှင့် အသည်း၊ ကျောက်ကပ် နှင့် အူမကြီး များပါဝင်သည့် ၀မ်းဗိုက်ပိုင်းရှိ အင်္ဂါများ အစရှိသည့် အရေးကြီးကိုယ်တွင်း အင်္ဂါများဆီသို့ အောက်ဆီဂျင်ပါဝင်သည့် သွေးများကို ပို့လွှတ်ပေးပါသည်။ ထို့ကြောင့်၊ ပင်မသွေးလွှတ်ကြော မူမမှန်ပါက ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပြီး၊ သွေးလွှတ်ကြောပေါက်ပါက အသက်သေဆုံးနိုင်ပါသည်။ 

 

ရောဂါ လက္ခဏာများ 

လူနာအတော်များများတွင် မည်သည့် ရောဂါ လက္ခဏာများမှ ပြသခြင်းမရှိပေ။ နှလုံးသွေးလွှတ်ကြောနံရံ ပုံမမှန်သည် ကို ရင်ဘတ်ဓာတ်မှန် သို့မဟုတ် အစာအိမ်တွင်း သွေးခုန်နှုန်းများကို စစ်ဆေးခြင်းများဖြင့် အမှတ်မထင် တွေ့ ရှိတတ် သည်။ သို့သော်၊ ရင်ဘတ်ပိုင်းသွေးလွှတ်ကြောဆိုင်ရာရောဂါ (thoracic aortic aneurysm) အား ခံစားနေသည့် လူနာများတွင် လေပြွန်အားဖိမိခြင်းဖြင့် အသက်ရှူရခက်ခဲခြင်း၊ အစာပြွန်အား ဖိမိခြင်းကြောင့် အစာမျိုရခက်ခဲခြင်း သို့ မဟုတ် လည်မျိုအာရုံကြောအား ဖိမိခြင်းဖြင့် အသံကွဲအက်ပြာခြင်းအစရှိသည့် လက္ခဏာများရှိတတ်သည်။ ၄င်းပြင်၊ ရင်ဘတ် သို့မဟုတ် ကျောအောင့်ခြင်းနာခြင်း၊ သတိလစ်ခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်းများသည်လည်း နှလုံး ပင်မ သွေးလွှတ်ကြောပေါက်သည့် လက္ခဏာများဖြစ်နိုင်ပါသည်။ 

 

အန္တရာယ် ဖြစ်စေနိုင်သည့် အကြောင်းရင်းများ 

ပင်မသွေးလွှတ်ကြောဆိုင်ရာရောဂါ (Aortic Aneurysm) အား အသက်အရွယ်ကြီးရင့်သူများ၊ သို့မဟုတ် Marfan’s (ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများ မူမမှန်ခြင်း၊  Marfan’s ရောဂါအားခံစားနေရသည့်သူများသည် ခြေတံ လက်တံရှည်ရှည်၊ လက်ချောင်းရှည်ရှည်၊ အာခေါင် ခုံးမြင့်ခြင်း၊ မျက်လုံးပြဿနာ နှင့် နှလုံးအဆို့ရှင်မလုံသည့်  ပြဿနာများဖြင့် ပိန်ပိန်ရှည်ရှည်လူများဖြစ်တတ်သည်။) ရောဂါဖြစ်သည့် မျိုးဗီဇ ပုံမမှန်သည့် လူများတွင် တွေ့ရှိရ တတ်သည်။ သွေးကြောနှင့်ဆိုင်သည့် ပြဿနာသည် ငယ်ရွယ်စဉ်ကပင်ဖြစ်ပေါ်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်း၊ သွေးတိုး နှင့် နာတာရှည် အဆုတ်ရောဂါများသည်လည်း aortic aneurysm အတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများဖြစ်ပါသည်။ 

 

အခြားရွေးချယ်နိုင်သည့် ကုသမှုနည်းလမ်းသစ် 

ဝမ်းဗိုက်ပိုင်းဆိုင်ရာ ပင်မသွေးလွှတ်ကြောဆိုင်ရာရောဂါ (abdominal aortic aneurysm (AAA)) အားကုသရန် Endovascular Aortic Aneurysm Repair (EVAR) နည်းနှင့် ရင်ဘတ်ပိုင်းဆိုင်ရာ ပင်မသွေးလွှတ်ကြော ရောဂါ (thoracic aneurysm) အားကုသရန်အတွက် Thoracic Aortic Aneurysm Repair (TEVAR) နည်းများမှာ ထိရောက် သည့်နည်းသစ်များဖြစ်ကြပါသည်။ X-ray ပုံရိပ်များကို အသုံးပြုပြီး stent-graft ဟုခေါ်သည့် ပြွန်ချောင်းကို ပေါင်းတွင်း သွေးကြောမ (femoral artery) မှတဆင့် ရောင်ရမ်းနေသည့်သွေးလွှတ်ကြော (aneurysm) ရှိသည့် ပင်မသွေး လွှတ်ကြောထိတိုင် ထိုးသွင်းပါသည်။ သွေးလွှတ်ကြောနံရံ ပေါက်ပြဲခြင်းမှကာကွယ်ရန်နှင့်  သွေးစီးဆင်းနိုင်မည့် လမ်း ကြောင်း ကိုဖော်ဆောင်ရန်အတွက် ပြွန် stent-graft အား ရောင်ရမ်းပိတ်ဆို့နေသည့် နေရာအရောက်တွင်ချဲ့ကား လိုက်ပြီးနောက် ခိုင်မြဲစွာတပ်ဆင်လိုက်ပါသည်။ ဤနည်း၏ အားသာချက်မှာ ခွဲစိတ်ရာသေးငယ်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့်၊ (ခန္ဓာကိုယ်တွင်းသို့) အနည်းငယ်သာ ထိုးသွင်းဝင်ရောက်ရပြီး၊ နာကျင်မှုနှင့် သွေးထွက်မှု လျော့နည်းပါ သည်။ နာလန်ထူရာတွင် ပိုမိုလျင်မြန်ပြီး၊ ခွဲဖွင့် ရသည့် ခွဲစိတ်ခြင်း (open surgery) နှင့် နှိုင်းယှဉ်ရလျှင် ရှုပ်ထွေးမှု (ကုသနေစဉ် ထပ်တိုးလာသောရောဂါသစ်) ပိုမို နည်းပါးပါသည်။ သို့သော်၊ သွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှု (endovascular surgery) ကိုဆောင်ရွက်ရာတွင် ခွဲစိတ်ဆရာဝန်၏ ဗဟုသုတနှင့် အတွေ့အကြုံ၊ ရှုပ်ထွေးသည့် ခွဲစိတ်မှုအတွက် ဒီဇိုင်းဆင်ထားသည့် စံချိန်မှီ ခွဲစိတ်ခန်း အစရှိသည်ဖြင့် အခြားအခြေအနေများလည်း လိုအပ်ပါသည်။  

 

ပေါင်းစပ်ဟိုက်ဘရစ်ခွဲစိတ်ခန်း (Hybrid Operating Room) သည် catheter အသုံးပြုခွဲစိတ်မှု (catheter-based intervention) ပြုလုပ်ရန်လိုအပ်သည့် လူနာများ၊ ရှုပ်ထွေးမှု (ကုသနေစဉ် ထပ်တိုးလာသောရောဂါသစ်) သို့မဟုတ် မှားယွင်းမှု ဖြစ်ပေါ်လာချိန်တွင် ပြန်လည်ပြင်ဆင်သည့် ခွဲစိတ်မှု (revision surgery) ၏ မြင့်မားသည့် အန္တရာယ် ရှိနိုင် သည့် လူနာများအတွက် သင့်လျော်ပြီး သွေးကြောခွဲစိတ်ကုသမှုကိုဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုလျော့နည်းစေပါ သည်။ ၄င်းသည် နှလုံးဖွင့်ခွဲစိတ်ရန် မလိုသည့် Trancatheter Aortic Valve Implantation (TAVI) အတွက်လည်း သင့်လျော်ပြီး၊ အထူးသဖြင့် Cardiac Electrophysiology ကဲ့သို့အကောင်းမွန်ဆုံးသောရလဒ်အတွက် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည့် အန္တရာယ်များသော ခွဲစိတ်မှုကြီးများနှင့် အခြားကုသမှုများခံယူရမည့် လူနာများအတွက် သင့်လျော်ပါသည်။ 

 

ပေါင်းစပ်ဟိုက်ဘရစ်ခွဲစိတ်ခန်း (Hybrid Operating Theatre) သည် အထူးသဖြင့် ခွဲစိတ်ဆရာဝန်၊ ရေဒီယို ရောင်ခြည် အထူးကု၊ နှလုံး အထူးကု၊ မေးဆေးဆရာဝန်၊ သူနာပြု နှင့် နည်းပညာရှင်များကဲ့သို့သော အလုပ်အား အတူတကွပူးပေါင်းဆောင်ရွက်ပြီး ကွဲပြားခြားနားသောစည်းကမ်းများကိုလိုက်နာကြသည့် အဖွဲ့အတွက် ဒီဇိုင်းထွင် ထားခြင်းဖြစ်ပါသည်။ ခွဲစိတ်ခန်းတွင်းရှိ Flexmove ဟုခေါ်သည့် ဆေးပညာရပ်ဆိုင်ရာပုံရိပ်ဖော်စက်သည် 3D ပုံရိပ် များကိုဖန်တီးရန်အတွက် 360 ဒီဂရီ စောင်းလှည့်နိုင်သောကြောင့် ဆရာဝန်များမှ LED မော်နီတာဖြင့် သွေးကြောနံရံ ရောင်ရမ်းပိတ်ဆို့နေသည့်နေရာကို တိကျစွာသိရှိနိုင်ပါသည်။ ဖရာထိုင်း 2 ဆေးရုံကြီးအတွက်  လူနာများ၏ ဘေးကင်းမှုမှာ ထိပ်တန်းဦးစားပေးဖြစ်သောကြောင့် နှလုံးသွေးကြောနှင့်ဆိုင်သည့် ရောဂါများကို ကုသရာတွင် ခေတ်မီတိုးတက်သည့် နည်းပညာများကို အသုံးပြုပါသည်။  

 

 

ဖရာထိုင်း 2 ဆေးရုံ၏ နှလုံးစင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



健康的文章

乳腺癌 (breast cancer)

Read More

慢性肾脏病 (Chronic kidney disease)

Read More

长新冠 (Long Covid)

Read More

无疤痕甲状腺手术 (Scarless Thyroid Surgery)

Read More

唇形成术 (Labiaplasty)

Read More

威塑吸脂

Read More