Top

မျက်ခွံ ခွဲစိတ်မှု

Blepharoplasty သို့မဟုတ် မျက်ခွံခွဲစိတ်မှု ဟု အများအားဖြင့် သိရှိထားကြသည့် ခွဲစိတ်မှုသည် အလှအပရေးရာ အတွက် ပေါ်ပြူလာအဖြစ်ဆုံးဖြစ်သည်။ ပိုမိုအရွယ်တင် နုပျိုသည့် ပုံပေါ်ရန်၊ မျက်လုံးပုံစံ လှပကောင်းမွန်စေရန် နှင့် အမြင်အာရုံ ကောင်းမွန်စေရန်အတွက် ပြုလုပ်ကြခြင်းဖြစ်ပါသည်။ မျက်ခွံ ခွဲစိတ်မှု ကို ပြင်ပလူနာအဖြစ်ဖြင့် ထုံဆေးမေ့ဆေး (anesthesia and sedation) အသုံးပြုခွဲစိတ်ကြခြင်းဖြစ်ပါသည်။ အများအားဖြင့် ခန့်မှန်းခြေ 1-2 နာရီသာကြာမြင့်ပြီး၊ အပေါ်မျက်ခွံ သို့မဟုတ် အောက်မျက်ခွံ သို့မဟုတ် မျက်ခွံနှစ်ခုလုံး ကို တစ်ပြိုင်တည်းခွဲစိတ်မှု ခံယူနိုင်ပါသည်။ 
 

အပေါ်မျက်ခွံ ခွဲစိတ်မှု 

အသက်အရွယ်ရလာသည်နှင့်အမျှ အပေါ်မျက်ခွံများ ပြည့်ဖောင်းပြီး အိတွဲလာခြင်းကြောင့် ကျွန်ုပ်တို့၏မျက်လုံးများ ပိုမိုသေးသွားသည့်ပုံ သို့မဟုတ် ပိုမိုအိုမင်းလာသည့် ပုံပေါ်လာသည်ကို သတိပြုမိကြသည်။ အပေါ်မျက်ခွံ ခွဲစိတ်မှု ဆိုသည်မှာ အပေါ်မျက်ခွံပေါ်ရှိ ပိုနေသည့် အရေပြား နှင့် အဆီများကို ဖယ်ရှားသည့် ခွဲစိတ်မှုဖြစ်ပါသည်။ ၄င်းကို နဖူး မြှင့်တင် (Brow lift) သို့မဟုတ် မျက်နှာမြင့်တင် (Face Lift) သည့် ခွဲစိတ်မှုများနှင့်အတူ ဆောင်ရွက်နိုင်ပါသည်။ 
 

အောက်မျက်ခွံ ခွဲစိတ်မှု 

ပင်ပန်းနွမ်းနယ်ပုံပေါ်သည့် အောက်မျက်ခွံရှိ မျက်အိတ်ကို သေးငယ်စေရန်အတွက် အောက်မျက်ခွံ ခွဲစိတ်မှုကို ပြုလုပ် ကြခြင်းဖြစ်ပါသည်။ အသုံးများသည့် မျက်ခွံခွဲစိတ်နည်း နှစ်မျိုးရှိပါသည်။ ပထမတစ်နည်းမှာ မျက်တောင်အောက်တွင် ပြင်ပမှ ခွဲစိတ်မှုကို ပြုလုပ်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်နည်းမှာ မျက်ခွံထဲမှ ခွဲစိတ်မှုကို ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့မျက်ခွံ ထဲမှ ခွဲစိတ်ရာတွင် မျက်လုံး၏ဖွဲ့ စည်းတည်ဆောက်ပုံအကြောင်းကို ကောင်းစွာသိရှိထားရန် လိုအပ်ပါသည်။ 
 

ကြိုတင်ပြင်ဆင်မှု   

မျက်ခွံ ခွဲစိတ်မှုအား မဆောင်ရွက်မီ သင့်ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန်အတွက် ကိုယ်ကာယ (ရုပ်ပိုင်း) ပိုင်း ဆိုင်ရာ စမ်းသပ်စစ်ဆေးမှု၊ မျက်လုံးအား စမ်းသပ်စစ်ဆေးမှု နှင့် ဓာတ်ခွဲခန်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုအချို့အပါ အ၀င် ဆေးဘက်ဆိုင်ရာအကဲဖြတ်မှုကို ပြုလုပ်ကြပါသည်။ ဆေးလိပ်ဖြတ်ထားခြင်း၊ warfarin၊ aspirin နှင့် ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများအပါအ၀င် သုံးစွဲနေသည့် ဆေးဝါးများကို ဖြတ်ထားရန်လိုအပ်ပါ သည်။ 
 

တွေ့ ကြုံရနိုင်သည့် ဘေးအန္တရာယ် 

မျက်ခွံ ခွဲစိတ်ခြင်းကြောင့် ဖြစ်ပေါ်ကြုံတွေ့ရနိုင်သည့် အန္တရာယ်များမှာ ရောင်ခြင်း၊ အညိုအမဲစွဲခြင်း၊ ခွဲစိတ်ကြောင်းမှ သွေးထွက်ခြင်း၊ ရောဂါပိုးကူးစက်ခြင်း၊ အမာရွတ်ထင်ခြင်း၊ မျက်လုံး ခြောက်သွေ့ခြင်း သို့မဟုတ် ယားယံကျိန်းစပ် ခြင်း၊ စူးရှသည့် အလင်းရောင်၏ဒဏ်ကို မခံနိုင်ခြင်း နှင့် မျက်လုံးပိတ်ရန်ခက်ခဲခြင်းများဖြစ်ပါသည်။ 
 

ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်နည်း 

ခွဲစိတ်ပြီးနောက် ရောင်ခြင်းနှင့် အညိုအမဲစွဲခြင်းများမှာ သဘာဝပင်ဖြစ်ပြီး သုံးလေးရက်ကြာပြီးနောက် သက်သာ လာမည်ဖြစ်ပါသည်။ အရောင်ကျစေရန်အတွက် ရေခဲကပ်ပေးနိုင်ပြီး ခေါင်းကို ခပ်မြင့်မြင့် ထားပေးရပါမည်။ မျက်လုံးခြောက်သွေ့ခြင်းမှ ကာကွယ်ရန်အတွက် မျက်စဉ်းခပ်ပေးပါ။ နေ နှင့် လေ တို့ကြောင့် မျက်လုံး ယားယံ ကျိန်းစပ်ခြင်းမဖြစ်ပေါ်စေရန်အတွက် မည်းမှောင်သည့် နေကာမျက်မှန်ကို နှစ်ပတ်မျှတပ်ထားပေးရပါမည်။ 
 
 
ဖရာထိုင်း 2 ဆေးရုံ၏ အလှအပရေးရာစင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 
ဖရာထိုင်း 2 ဆေးရုံ 
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 
ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com


健康記事

骨髄移植

Read More

アルツハイマー病

Read More

人工股関節置換術

Read More

腹部大動脈瘤(トリプルA(AAA)自覚症状のないまま忍び寄るサイレントキラ

Read More

胃食道逆流症 GERD

Read More

睡眠時無呼吸症候群

Read More