Top

အမျိုးသား မျိုးမပွားနိုင်ခြင်း

မျိုးမပွားနိုင်အား တစ်နှစ်ကြာ အကာအကွယ်မဲ့လိင်ဆက်ဆံသော်လည်း ကိုယ်ဝန်မဆောင်နိုင်ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆို ပါသည်။ စုံတွဲအတော်များများမှ သန္ဓေသားမအောင်ခြင်းမှာ အဓိက အမျိုးသမီး၏မျိုးပွားမှုစနစ် ကြောင့်ဖြစ်သည်ဟု တွေးထင်လေ့ရှိကြသည်။ သို့သော်၊ မျိုးမပွားနိုင်ခြင်းမှာ အမြဲတစေအမျိုးသမီးကြောင့် မဟုတ်ပေ။ မျိုးမပွားနိုင်သည့် အမျိုးသားနှင့် အမျိုးသမီး ပမာဏမှာ အတူတူပင်ဖြစ်သည်။ 

 

အမျိုးသား၏ မျိုးပွားမှုလမ်းကြောင်းနှင့် သုတ်ရည် လျော့နည်းပြီး သန္ဓေသားလောင်းဖြစ်တည်စေမည့် မျိုးဥအတွင်းသို့  ၀င်ရောက်နိုင်ခြင်းမရှိပါက ဤသည်ကို အမျိုးသား မျိုးမပွားနိုင်ခြင်းဟု ရည်ညွှန်းသတ်မှတ်ပါသည်။ အမျိုးသားတွင် ဖြစ်ပေါ်လေ့ရှိသည့် ပြဿနာမှာ အများအားဖြင့် ၄င်း၏ သုတ်ပိုး အရည်အသွေး၊ အရေအတွက်နှင့် ဆက်စပ်ပါသည်။ ထုတ်လွှတ်လိုက်သည့် သုတ်ပိုးအရေအတွက်နည်းပါးခြင်း သို့မဟုတ် သုတ်ပိုး၏ အရည်အသွေးကောင်းမွန်မှု မရှိခြင်းတို့ဖြစ်ပါသည်။

 

အမျိုးသား မျိုးမပွားနိုင်မှု၏ လက္ခဏာ 

အများအားဖြင့် သိသာထင်ရှားသည့် လက္ခဏာကို ပြသခြင်းမရှိပေ။ သို့သော်၊ အမျိုးသား၏ မျိုးမပွားနိုင်မှုသည် ဟော်မုန်းပြဿနာကြောင့်ဖြစ်ပါက တွေ့မြင်နိုင်သည့် ထင်ရှားသည့်လက္ခဏာများမှာ လိင်ဆက်ဆံလိုစိတ်လျော့နည်း လာခြင်း၊ သို့မဟုတ် မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်တွင် အမွှေးပေါက်ရောက်မှုလျော့နည်းလာခြင်းတို့ဖြစ်ပါသည်။ အမျိုးသားသည် မျိုးမပွားနိုင်ပါက ၄င်းကိုအတည်ပြုရန်အတွက် ကျန်းမာရေးစမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။   

 

အမျိုးသား မျိုးမပွားနိုင်ခြင်း၏ ဖြစ်နိုင်သည့် အကြောင်းရင်း 

လူနေမှုပုံစံ (Lifestyle factors): ဆေးလိပ်သောက်ခြင်း၊ နေ့စဉ် အရက် သုံးခွက် သို့မဟုတ် ထိုထက်ပိုစွာ သောက်သုံး ခြင်း၊ အာဟာရ ကောင်းမွန်မှုမရှိခြင်း၊ အ၀လွန်ခြင်း အစရှိသည့် လူနေမှုပုံစံကြောင့်ဖြစ်သည်။ 

 

လိင်ကြောင့်ကူးစက်တတ်သည့် ရောဂါ သို့ မဟုတ် အခြားကူးစက်ရောဂါများ (Sexually transmitted disease or other infections): လိင်ကြောင့်ကူးစက်တတ်သည့်ရောဂါများဖြစ်သော ကလျမီဒီရာ (Chlamydia) နှင့် ဂနိ၊ ဆီးပူ ညောင်းကျရောဂါ များကြောင့် အမျိုးသားများတွင် မျိုးမပွားနိုင်ရခြင်းဖြစ်ပြီး၊ အများအားဖြင့် ကူးစက်မှုကို ကုသခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။  

 

ဟော်မုန်းဆိုင်ရာ ပြဿနာ (Hormonal problems): ဥပမာအားဖြင့် ဦးနှောက်အောက်ခြေရှိ pituitaryနှင့် သိုင်းရွိုက် ဂလင်းများကဲ့သို့ ဟော်မုန်းအချို့ မညီမျှခြင်းကြောင် မျိုးမပွားနိုင် ခြင်းဖြစ်သည်။ 

 

ဗေးရီကိုဆယ်လ် (Varicoceles) ကပ်ပယ်အိတ်တွင်းရှိ ဗေးရီကို့စ်သွေးပြန်ကြော်များ (Varicose veins) ကြီးမားလာ ပြီး ဝှေးစေ့များအတွင်း အပူချိန်ကိုမြင့်တက်စေသည်။ ထို့ ကြောင့်၊ သုတ်ထုတ်လွှတ်မှုကို ထိခိုက်စေခြင်းဖြစ်ပါသည်။ 

 

သုတ်ရည်ထုတ်လွှတ်ရာတွင် နောက်ပြန်ထုတ်လွှတ်ခြင်း (Retrograde ejaculation) ဤပြဿနာတွင် သုတ်ရည်သည် သုတ်လွှတ်ရာတွင် ဆီးလမ်းကြောင်းမှတဆင့် ထွက်သွားခြင်းမရှိပဲ ဆီးအိမ်အတွင်းသို့ဝင်ရောက်သွားခြင်းဖြစ်သည်။ ဆီးချိုသွေးချို၊ ဆေးဝါးကုသမှုအချို့ နှင့် ဆီးအိမ်၊ ဆီးကျိတ် သို့မဟုတ် ဆီးလမ်းကြောင်း ခွဲစိတ်မှုခံယူခြင်းများသည် သုတ်လွှတ်သည့် ပြဿနာကိုဖြစ်ပေါ်စေပါသည်။ 

 

အော်တိုအင်မျူး ပြဿနာများ (Autoimmune problems) အချို့သောဖြစ်ရပ်များတွင် သုတ်ပိုးများကို ပြင်ပမှ ၀င်ရောက်လာသည့် ဗိုင်းရပ်စ်များ အထင်ဖြင့် ကိုယ်ခံအားစနစ်မှ အထင်မှာတိုက်ခိုက်တတ်ပါသည်။ ထို့ကြောင့်၊ သုတ်ပိုးများကို ပျက်စီးစေပါသည်။ 

 

ရောဂါရှာဖွေစမ်းသပ်ခြင်း 

ပထမဦးစွာ လိင်တံ၊ ဝှေးစေ့၊ ဆီးကျိတ် နှင့် ကပ်ပယ်အိတ် များကဲ့သို့သော တင်ပါးဆုံရိုးအင်္ဂါများကို အကဲဖြတ်ရန် ကိုယ်ကာယ (ရုပ်ပိုင်း) ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများအပါအ၀င် ဆရာဝန်မှ သင့်ဆေးရာဇ၀င်၊ ခံယူခဲ့သည့် ခွဲစိတ်မှုများ နှင့် သုံးစွဲနေသည့် ဆေးဝါးများအကြောင်းကို ဆန်းစစ်ပါမည်။ လက်ရှိ ကူးစက်ရောဂါအခြေအနေနှင့် ဟော်မုန်း ပြဿနာများကို သိရှိနိုင်ရန်အတွက် ဆီးစစ်ခြင်း နှင့် သွေးစစ်ခြင်း များကဲ့သို့သော ဓာတ်ခွဲခန်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများကို ခံယူရန်ညွှန်ကြားပါမည်။ 

 

ထို့အပြင်၊ အမျိုးသား မျိုးမပွားနိုင်ခြင်းသည် သုတ်ပိုးမူမမှန်မှုနှင့် ဆက်စပ်နေသည့်အတွက် သုတ်ပိုး အရည်အသွေး နှင့် အရေအတွက်၊ သုတ်ပိုးမှ မည်မျှကောင်းမွန်စွာရွေ့လျားနိုင်သည်နှင့် သုတ်ပိုး၏ပုံသဏ္ဍာန်နှင့် အရွယ်အစားများ သိရှိနိုင်ရန် သုတ်ပိုးကို အကဲဖြတ်စစ်ဆေးပါမည်။ 

 

ကုသမှု 

အမျိုးသားမျိုးမပွားနိုင်ခြင်းမှာ ဆေးဘက်ဆိုင်ရာနောက်ခံအခြေအနေများကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့်၊ ပထမ ဦးဆုံးကုသမှုအနေဖြင့် ကူးစက်ရောဂါအတွက် ပဋိဇီဝဆေးများကို သောက်သုံးစေခြင်း၊ ဟော်မုန်းမညီမျှမှုကို တိုးတက် ကောင်းမွန်လာစေရန်အတွက် ဟော်မုန်ဆေးကိုသုံးစွဲစေခြင်းနှင့် ဗေးရီကိုဆယ်လ် (Varicoceles) ပြဿနာကို ပြန် လည်ပြုပြင်ရန် နှင့် မျိုးပွားလမ်းကြောင်းရှိ ပိတ်ဆို့နေသည်များကို ပြုပြင်ရန်ခွဲစိတ်ကုသမှုခံယူခြင်း စသည်ဖြင့် ဖြစ်ပေါ် နေသည့် ပြဿနာများကို ဖြေရှင်းစေပါမည်။ 

 

အချို့သောအခြေအနေများတွင် သုတ်ပိုးနှင့် မျိုးဥကို ဓာတ်ခွဲခန်းတွင် ပေါင်းစပ် သန္ဓေအောင်စေပြီးနောက် အမျိုးသမီး ၏ သားအိမ်တွင်းသို့လွှဲပြောင်းထည့်သွင်းပေးသည့် vitro fertilization နည်းကိုလည်း ဖော်ဆောင်နိုင်ကောင်း ဖော်ဆောင်နိုင်ပါသည်။ ဤနည်းသည် အမျိုးသား မျိုးမပွားနိုင်သည့် ပြဿနာကို ထိရောက်စွာဖြေရှင်းနိုင်သည့် နည်း ဖြစ်ပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ Assisted Reproductive Center (ARC) တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို 

တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



健康記事

骨髄移植

Read More

アルツハイマー病

Read More

人工股関節置換術

Read More

腹部大動脈瘤(トリプルA(AAA)自覚症状のないまま忍び寄るサイレントキラ

Read More

胃食道逆流症 GERD

Read More

睡眠時無呼吸症候群

Read More