Top

အမာရွတ်မထင် သိုင်းရွိုက်ခွဲစိတ်ကုသမှု

သိုင်းရွိုက်လွန်ကဲမှုရောဂါ (Hyperthyroidism) သည် ထိုင်းနိုင်ငံတွင် အဖြစ်များပြီး အိုင်အိုဒင်းချို့ တဲ့မှု ကြောင့် ဖြစ်ပေါ်ရ ခြင်းဖြစ်ပြီး သိုင်းရွိုက်ကလင်းများ ပုံမှန်မဟုတ်ပဲကြီးထွားလာခြင်းဖြစ်သည်။ 

 

ပါရာသိုင်းရွိုက် ဂလင်း (parathyroid gland) ဆိုသည်မှာ အဘယ်နည်း။ 

ပါရာသိုင်းရွိုက် ဂလင်းဆိုသည်မှာ မရှိမဖြစ်လိုအပ်သည့် endocrine ဟော်မုန်းဂလင်းဖြစ်သည်။ ၄င်း၏ပုံမှန်အရွယ် အစားမှာ ပဲစိမ်းစေ့၏အရွယ်မျှသာဖြစ်သည်။ သိုင်းရွိုက်ဂလင်း၏ နောက်ဘက်ခြမ်းတွင် ပါရာသိုင်းရွိုက်ဂလင်း နှစ်ခုရှိ ပါသည်။ ထို့ ကြောင့်၊ စုစုပေါင်း ပါရာသိုင်းရွိုက်ဂလင်း 4 ခုရှိပါသည်။ ဤ ပါရာသိုင်းရွိုက်ဂလင်းများသည် 84 အမိုင်နို အက်စစ် ပက်ထိုက် (84 amino acid peptide) ဖြစ်သည့် ပါရာသော်မုန်း (parathormone (PTH)) သို့ မဟုတ် ပါရာ သိုင်းရွိုက် ဟော်မုန်းများကို ထုတ်ပေးပြီး စစ်ထုတ်ပေးပါ သည်။ ပါရာသော်မုန်း (parathormone) သည် သိုင်းရွိုက် ဂလင်းမှ ဗီတာမင် စီ၊ ဗီတာမင် ဒီ နှင့် ကယ်စီသိုနင် (calcithonin) များဖြင့်လုပ်ငန်းများကို လည်ပတ်လုပ်ဆောင်ပြီး သွေးနှင့် တစ်ရှူးများရှိ ကယ်လစီယမ်နှင့် ဖော့စ်ဖရပ်စ်များ မျှတစေပါသည်။ 

 

သိုင်းရွိုက်လွန်ကဲမှု ရောဂါကုသမှု 

ကုသမှုသည် အများအားဖြင့် သိုင်းရွိုက် ဂလင်း၏လုပ်ငန်းဆောင်တာများကို ဟန့်တားထိန်းချုပ်ရန်နှင့် သိုင်းရွိုက် တစ်ရှူး ထပ်မံကြီးထွားလာခြင်း အား တားဆီးရန်အတွက် ဟော်မုန်းဆေးပြားများစားသုံးခြင်းစတင်သည်။ သို့သော်၊ သိုင်းရွိုက်ဂလင်းတစ်လုံး သို့မဟုတ် နှစ်လုံးစလုံးပေါ်တွင် ဖြစ်ပေါ်သည့် သိုင်းရွိုက်အဖုလေးများကို ဖယ်ရှာရန်အတွက် ခွဲစိတ်ခြင်းဖြင့်ပြင် အမြဲအဆုံးသတ်တတ်ပါသည်။ သိုင်းရွိုက်ဂလင်း ကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ရန် သို့မဟုတ်  လူနာမှ အစာအစားနိုင် သို့မဟုတ် အသက်မရှူနိုင်ဖြစ်သည့်တိုင် ကြီးထွားခြင်းမှ ကာကွယ်ရန်အတွက် ခွဲစိတ်မှုကို ပြုလုပ်ကြခြင်းဖြစ်ပါသည်။ အချို့သောအခြေအနေမျိုးတွင် လူနာ၏ပုံပန်းသွင်ပြင်အတွက် ခွဲစိတ်ရခြင်းများလည်း ရှိပါ သည်။ လက်ရှိတွင် သိုင်းရွိုက်ခွဲစိတ်သည့် နည်းများစွာရှိနေပြီဖြစ်ပါသည်။ ဖွင့်၍ခွဲစိတ်သည့်နည်း (Open surgery) သည် ယခင်ကာလများ ကတည်းကစ၍ ယနေ့ထိတိုင် အသုံးပြုသည့်နည်းဖြစ်ပါသည်။ သိုင်းရွိုက်ဂလင်း တစ်ခုလုံး နှင့်အတူ လင့်ဖု (lymph node) ကို ဖယ်ရှားရန် Transverse collar ခွဲစိတ်ခြင်းကို ပြုလုပ်ကြသည်။ သိသာထင်ရှား စွာပင် ဤဖွင့်၍ခွဲစိတ်သည့်နည်းသည် လည်ပင်းပေါ်တွင် အမာရွတ်ကို ထင်ကျန်ရစ်စေပါသည်။ အများအားဖြင့် ထို အမာရွတ်ကို အင်္ကျီများဖြင့် ဖုံးကွယ်တတ်ကြသော်လည်း လူနာအချို့မှာ အမာရွတ်ကြောင့် စိတ်မချမ်းမသာဖြစ်ကြရ သည်။ 

 

အမာရွတ်မထင် ခွဲစိတ်နည်းပညာ  

ယခုအခါတွင် transoral နည်းအသုံးပြု laparoscopic surgery ခွဲစိတ်မှုနည်းပညာ ထွက်ပေါ်လာပြီဖြစ်ပါသည်။ သွားဖုံးအောက်ခြေ နှင့် အောက်နှုတ်ခမ်းကြားရှိ ခွဲစိတ်ရသည့် အရွယ်မှာ 0.5 မှ 1 စင်တီမီတာ ရှိပြီး အလွန်သေးငယ် သောကြောင့် အရေပြားပေါ်တွင် အမာရွတ်ထင်ကျန်ရစ်ခြင်းမရှိပေ။ ပါးစပ်မှတဆင့် အဆိုပါ ဧရိယာကို ဖြတ်တောက် ပြီး သိုင်းရွိုက် ဂလင်းအား ဖယ်ရှားရန် ခွဲစိတ်မှုအား ခွဲစိတ်ကိရိယာထိုးသွင်းခြင်းဖြင့် စတင်ပါသည်။ ထို့နောက်၊ ဒဏ်ရာကို ချုပ်ရိုး ဖြည်ရန်မလိုအပ်သည့် အလိုလိုပျော်ဝင်နိုင်သော dissolvable sutures ဖြင့် ပိတ်ပါမည်။ ၄င်းပြင်၊ အာခံတွင်း အတွင်းတွင် သွေးကြောများစွာရှိသောကြောင့် အနာကျက်မြန်ပြီး မည်သည့်အမာရွတ် သို့မဟုတ် fibrosis မှလည်း ထင်ကျန်မည်မဟုတ်ပေ။ 

 

Transoral နည်းအသုံးပြု အမာရွတ်မထင်သည့် laparoscopic surgery ခွဲစိတ်မှုအကျိုးကျေးဇူးများစွာရှိပါသည်။ ပထမဦးဆုံးအနေဖြင့် ၄င်းခွဲစိတ်မှုအား သိုင်းရွိုက်ဂလင်းနှစ်ဘက်စလုံးတွင် ပြုလုပ်နိုင်သောကြောင့် နောက်ထပ်အပို ခွဲစိတ်ရန်မလိုအပ်ပေ။ ၄င်းပြင်၊ ခွဲစိတ်ဆရာဝန်မှလည်း အရာများကို ကောင်းစွာမြင်တွေ့ နိုင်ပြီး လည်မျိုရှိ recurrent laryngeal အာရုံကြောများကို ကောင်းမွန်စွာဂရုပြုနိုင်စေပါသည်။ ဒုတိယအနေဖြင့် ခွဲစိတ်ပြီးနောက်တွင် လူနာ၏အသံ မှာ ကွဲအပ်ပြာဝင်သည့် ပုံပေါ်နိုင်ပါသည်။ တတိယနှင့် အလွန်အရေးကြီးသည့် အချက်အနေဖြင့် ခွဲစိတ်မှုအတွင် လူနာ၏သွေးဆုံးရှုံးရမှု လွန်စွာနည်းပါးပြီး 10-20 cc သာဆုံးရှုံးမည်ဖြစ်ပါသည်။ ဤခွဲစိတ်မှုမျိုးကြောင့် လူနာများခံစားရ သည့် နာကျင်မှုဝေဒနာအား ပိုမိုလျော့နည်းစေပြီး၊ ခွဲစိတ်ပြီးရက်အနည်းငယ်အတွင်းတွင် နာကျင်မှုဝေဒနာ ပျောက်ကင်းသွားမည်ဖြစ်ပါသည်။ လူနာသည် ပုံမှန်အတိုင်းပင် စားနိုင်သောက်နိုင်မည်ဖြစ်ပြီး၊ မေးစေ့နှင့် သိုင်းရွိုက် ဂလင်း ဧရိယာအကြား တွင် ထုံကျင်မှုကို ခံစားရမည်မဟုတ်ပေ။ 

 

Transoral နည်းအသုံးပြု အမာရွတ်မထင်သည့် laparoscopic surgery သည် အရေပြားပေါ်တွင် အမာရွတ် ထင်မည် ကို နှစ်သက်ခြင်းမရှိကြသူများနှင့် သင့်တော်ပါသည်။ အမာရွတ်မထင်ခြင်းအပြင် လူနာများမှလည်း အဆင်မပြေ မအီမသာ မဖြစ်ပေ။  ဤခွဲစိတ်နည်းမျိုးသည် သိုင်းရွိုက်လွန်ကဲမှုရောဂါကို ခံစားနေရသည့်လူနာများ၏ ဘ၀အရည် အသွေးကို သိသာထင်ရှားစွာတိုးတက်စေသည်သာမက ၄င်းတို့၏ ကိုယ်ကိုကိုယ်အပေါ် စိတ်ချယုံကြည်မှုအားလည်း 100 ရာခိုင်နှုန်းနီးပါး တိုးမြင့်စေနိုင်ပါသည်။ ၄င်းခွဲစိတ်မှုအား အချိန်အနည်းငယ်အတွင်း လွယ်ကူစွာ ဆောင်ရွက်နိုင် သည်ဟု ဖရာထိုင်း2 ဆေးရုံ၏ သိုင်းရွိုက်ခွဲစိတ်အထူးကျွမ်းကျင် ဆရာဝန်ဖြစ်သူ ဒေါက်တာ အန်ကွန်း အနုဝေါင် (Dr. Angkoon Anuwong) မှ ဆိုပါသည်။  

 

 

Dr. Angkoon Anuwong

အထွေထွေခွဲစိတ်အထူးကု၊ Laparoscopic Surgery၊ သိုင်းရွိုက်ခွဲစိတ်ကုသမှု 

ဖရာထိုင်း2 ဆေးရုံ

 

ဖရာထိုင်း 2 ဆေးရုံ၏ ခွဲစိတ်စင်တာ တွင် ကျွန်ုပ်တို့၏အထူးကုဆရာဝန်များကို တွေ့ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



مقالة صحية

تقويم مفاصل الفخذ كليًا في ليلتين فقط معهد العظام

Read More

تمدد الشريان الأورطي

Read More

مرض الزهايمر

Read More

الإفرازات المهبلية

Read More

مركز الكبد

Read More

الحول (حول العين)

Read More