Top

ကလေးငယ်များမျက်လုံးအမြင်ပြသနာဖြစ်နေပါသလား…မျက်စိအထူးကုဆရာဝန်ထံမပြသမီ check list အရင်စစ်ကြရအောင်

 ကလေးငယ်များမျက်လုံးအမြင်ပြသနာဖြစ်နေပါသလား…မျက်စိအထူးကုဆရာဝန်ထံမပြသမီ check list အရင်စစ်ကြရအောင်

 
ကလေးမျက်စိသည် အထူးနူးညံ့သော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် မိဘအုပ်ထိန်းသူများ မကြာခဏ ခလေး၏မျက်စိကို အကဲခတ်စစ်ဆေးသင့်ပါသည်။မျက်စိအမြင်သည် ခလေး၏ သင်ယူနိုင်စွမ်း၊တိုးတက်နိုင်စွမ်းအပေါ်ကိုသက်ရောက်သောကြောင့် မျက်စိအထူးကုဌာနဖရားထိုင်း ၂ ဆေးရုံကြီးတွင် ကနဦးကလေးငယ်များ၏မျက်စိစမ်းသပ်ပုံအဆင့်ဆင့်(check list)ကိုလေ့လာနိုင်ပါသည်။ အောက်ဖေါ်ပြပါ  check list မှ အချက်တစ်ခုနှင့်ကိုက်ညီမှုရှိလျှင်  မျက်စိအထူးကုဆရာဝန်နှင့် စမ်းသပ်ကိရိယာအဆင်သင့်ရှိသောဆေးရုံသို့ အမြန်ဆုံးသွားရောက်စစ်ဆေးကုသရန်လိုအပ်ပါသည်။
 
၁။ ၀ လမှ၂နှစ်မွေးကင်းစကလေးငယ်များ
 
  • ရက်ချိန်းမတိုင်ခင် လမစေ့ပဲ မွေးသောကလေးများ ( ရက်သတ္တပတ်၃၀အောက်သို့မဟုတ် အလေးချိန် ၁၅၀၀ ဂရမ်ထက်နည်းသော ခလေးများ)
  • လစေ့မွေးသော်လည်း ၃ လထိ ပစ္စည်းတစ်စုံတစ်ခုပြပါက ကလေးမျက်လုံးလိုက်ပြီးမကြည့်ချင်း 
မျက်လုံးတစ်ဖက်သို့မဟုတ်နှစ်ဖက်စလုံးမျက်ရည်များလျှံကျခြင်း၊ မျက်ရည်ယိုပေါက်နှိပ်ကြည့်သော်လည်း မျက်ရည်များဆက်လက်ကျဆင်းသော ကလေးများ(မျက်လုံးတိမ်စွဲခြင်းအန္တရာယ်ရှိသောလက္ခဏာ)
  • မျက်ရစ်တစ်ဖက်သို့မဟုတ်နှစ်ဖက်စလုံးကျခြင်း၊မျက်လုံးအပြင်းကြောစွဲခြင်း၊မျက်လုံးရောင်ခြင်းများ
  • ပုံမှန်ထက်ကြီးထွားနှုန်းနှေးကွေးသောကလေးများ
  • Down’s Syndrome  ဖြစ်နေသောကလေးများသည်လည်း စစ်ဆေးသင့်ပါသည်။မျက်စိစွေစောင်းခြင်းများတွေ့ရှိရုံသာမက တစ်ခြားကလေးငယ်များထက် မျ

က်ဖြူလွှာရောင်ခြင်းများဖြစ်တတ်ပါသည်။

  • မျက်စိပုံမှန်ထက်သေးသောကလေးများ
  • မျက်စိသူငယ်အိမ်ပုံမှန်ထက် ကျယ်သောကလေးများ၊မွေးကင်းစကပင် မျက်စိသူငယ်တွင်းတိမ်စွဲခြင်းများဖြစ်တတ်ပါသည်။
  • မျက်စိစွေသောကလေးများ။ ၆-၇ နှစ်အရွယ်ပျောက်ကင်းသည်အထိ ပုံမှန်စမ်းသပ်သင့်ပါသည်။
  • ပုံမှန်ထက် မျက်တောင်အကြာခဏခတ်သောကလေးငယ်များ

 

၂။အသက် ၂ နှစ်မှ ၅ နှစ်ကလေးငယ်များ
 
မျက်စိဆရာဝန်၏ပြောပြချက်များအရ အသက်သုံးနှစ်အထက်ကလေးများသည် ကျောင်းမတက်ခင်အချိန်တွင် အနည်းဆုံး တစ်ကြိမ်မျက်စိစမ်းသပ်စစ်ဆေးသင့်ပါသည်။ အမြင်အာရုံစမ်းသပ်ရန်နှင့် မျက်လုံးပုံမှန်ဖြစ်ခြင်း မဖြစ်ခြင်းကို စမ်းသပ်စစ်ဆေးရန်လိုပါသည်။
မျက်လုံးအကြောင်းအမျိုးမျိုးစွေစောင်းသော ကလေးများသည် ၆-၇နှစ်အရွယ်ပျောက်ဆုံးသည်အထိ စမ်းသပ်စစ်ဆေးပြီး ကုသမှုခံယူသင့်ပါသည်။
  • အရာဝတ္ထုတစ်ခုခုကြည့်ပါက မျက်နှာ သို့မဟုတ် လည်စောင်းပြီးကြည့်သောကလေးများ
  • ပုံမှန်ထက် မျက်တောင်ခတ်ခြင်းပြုသောခလေးများ၊မျက်လုံး၏ညာဖက်တွင် ဓာတ်မတည့်ခြင်းကြောင့် မျက်လုံးပုံမှန်မဖြစ်ခြင်း သို့မဟုတ် TIC  disorder မျိုးရိုးဗီဇပုံမှန်မဖြစ်ခြင်းကြောင့်ဖြစ်သည်။
  • မိသားစုဝင်အတွင်းမျက်လုံးပြသနာရှိသောကလေးများ
  • သင်ကြားမှုပြသနာရှိသောကလေးများတွင် မျက်စိပြသနာနှင့်လဲသက်ဆိုင်နိုင်ပါသည်။
  • မျက်ဖြူလွှာရောင်ရမ်းသောခလေးများတွင် မျက်စိပွတ်ခြင်း၊ မျက်တောင်မကြာခဏခတ်ခြင်း၊မျက်တောင်စိုက်ခြင်းနှင့်တစ်ခြားသောမျက်စိရောဂါများ တွေ့ရတတ်ပါသည်။

 

၃။ကျောင်းနေအရွယ် ၅နှစ်အထက် ကလေးများ
 
  • ခေါင်းကိုက်တတ်သောကလေးများ၊အထူးသဖြင့် အမြင်အာရုံကြောင့်ခေါင်းကိုက်တတ်သောကလေးများ။
  • Tv ကြည့်ချိန်တွင် မျက်စိပွတ်သောကလေးများ၊ စူးစိုက်ပြီးကြည့်သောကလေးများ သို့မဟုတ် TV ကိုအနီးကပ်တွင်သွားကြည့်သောကလေးများ
  • မျက်စိစွေခြင်း၊စောင်းခြင်း အမျိုးမျိုးရှိသော ကလေးများသည်လည်းစမ်းသပ်ကုသရန်နှင့် ပျောက်ဆုံးထိ ဂရုစိုက်ကုသရန်လိုပါသည်။
  • မျက်စိစွေစောင်းခြင်းဖြစ်နိုင်သော အရွယ်မှာ ၆နှစ်မှ၇ နှစ်အရွယ်ကလေးများပင်ဖြစ်ပါသည်။
  • Checklistမှအချက်အလက်ကိုကြည့်ခြင်းဖြင့်ပုံမှန်မဟုတ်သောမျက်စိအခြေအနေအချက်တစ်ချက်နှင့် ကိုက်ညီမှုရှိပါကဖရားထိုင်းဆေးရုံ၂တွင်ရှိသော မျက်

စိဌါနမှ မျက်စိအထူးကုဆရာဝန်နှင့်တိုင်ပင်ပြီးကုသသင့်ပါသည်။

  • မျက်စိအနေအထားကိုစမ်းသပ်စစ်ဆေးခြင်း
  • မျက်စိမြင်နိုင်မှု အကွာအဝေးနှင့် မျက်စိကြောင်ခြင်းကိုစစ်ဆေးခြင်း
  • မျက်လုံးနှစ်ဖက်ပြိုင်တူအလုပ်လုပ်နိုင်ပုံကိုစမ်းသပ်စစ်ဆေးခြင်း(Binocularity) 
  • အရောင်မြင်နိုင်စွမ်းစမ်းသပ်ခြင်း(မိသားစုဝင်တွင်းအရောင်ကန်းခြင်းရှိသောကလေးများ) အထူးသဖြင့် ယောကျာင်္းလေးများတွင်အဖြစ်များပြီး ကလေး၏သ
  • င်ကြားရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်လည်းဖြစ်ပါသည်။
  • မျက်စိစွေခြင်းစောင်းခြင်းနှင့် မျက်လုံးအလုပ်လုပ်ပုံစမ်းသပ်စစ်ဆေးခြင်း
  • မျက်လုံးအရှေ့ဘက်၊မျက်ကြည်လွှာကို၊မျက်လုံးမှန်ပြောင်းစစ်ဆေးခြင်း( Slit lamp Biomicroscope)ဖြင့်ကနဦးစစ်ဆေးခြင်း
  • မျက်စိမြင်နိုင်မှုအဆင့်ကိုတိုင်းတာခြင်းနှင့်မျက်လုံးအာရုံကြောစစ်ဆေးခြင်း
  • (ပိုမိုတိကျသောအဖြေရရန်အတွက် မျက်လုံးအိမ်ကျယ်အောင် ဆေးအစက်ချစမ်းသပ်စစ်ဆေးခြင်းကို အသက် ၁၀ သို့မဟုတ် ၁၂ အောက်ကလေးများတွင် ပြုလုပ်စစ်ဆေးပါသည်။)
  • စမ်းသပ်စစ်ဆေးရန်ပူးပေါင်းဆောင်ရွက်သောကလေးများတွင်မျက်လုံးဖိအားတိုင်းတာခြင်းနှင့် မျက်လုံးတိမ်စွဲခြင်းဖြစ်နိုင်ခြေရှိသောကလေးများ ဥပမာ- ကျောင်းမတက်ခင်ကပင် အဝေးမှုန်သောကလေးများ၊မိသားစုဝင်အတွင်း မျက်လုံးတိမ်စွဲခြင်းရှိသောကလေးငယ်များနှင့် မျက်ကြည်လွှာနှစ်ဖက်မညီသော

ကလေးများ အထူးသဖြင့် ပုံမှန်ထက်ကြီးသောဖက်တွင် စမ်းသပ်ပါသည်။

  • မျက်စိတိမ်စွဲခြင်းဖြစ်နိုင်ခြေရှိကိုစမ်းသပ်စစ်ဆေးခြင်းသည် ဦးနှောက်တွင်းဖိအားမြင့်သောကလေးများကိုကနဦးစောင့်ကြည့်ခြင်းပင်ဖြစ်ပါသည်။
  • ဆရာဝန်နှင့် အသာတကြည် စစ်ဆေးမှုခံယူသောကလေးတွင် မျက်လုံးအာရုံကြောပုံရိုက်ခြင်းသည် အနည်းဆုံးအခြေခ(baseline)ံကုသမှုကို နှိုင်းယှဉ်နိုင်ရန်ဖြစ်ပါသည်။

 

သိရှိရန်လိုအပ်သော ကလေးမျက်လုံးချဲ့ခြင်းနှင့် ပြင်ဆင်မှုများ
 
  • မျက်စိစမ်းသပ်ပုံအဆင့်ဆင့်ကို မျက်လုံးအိမ်ချဲ့ခြင်းအပါအဝင် ကြာချိန်မှာ မိနစ် ၄၀ မှ ၅၀ ထိကြာမြင့်မှာဖြစ်ပါဘည်။

ဆေးအာနိတင်မှာ ၆နာရီမှ ၁၂ နာရီထိရှိပြီး ရွေးချယ်အသုံးပြုသော ဆေးအပေါ် မူတည်ပါသည်။အမြင်အာရုံအကွာအဝေးတိုင်းထွာလျှင် အာနိသင်၁၂နာရီကြာမြင့်ပါသည်။(သီအိုရီအရဆေးအာနိသင်သည် ၇၂ နာရီထိရှိနိုင်ပါသည်) ခလေးအနီးမှုန်ခြင်းကြောင့် စာဖတ်ချိန်တွင် မျက်မှန်တပ်ကူရန်လိုအပ်ပါသည်။

  • ဆေးစက်ချချိန်တွင် ပူစပ်ခြင်းကိုခံစားရပြီး ၅မိနစ်တိုင်း ၃ကြိမ် ဆေးကုန်သည်ထိအစက်ချရပါမည်။ခလေးအမြင်အာရုံစမ်းသပ်ခြင်းအတွက် အထူးထုတ်ထားသောဆေးဖြစ်ပါသည်။ ဆေးအမည်မှာ ၁% Cyclogyl (1% cyclopentolate)ဖြစ်ပါသည်။

မျက်စိစမ်းသပ်မှုအပြီးတွင် မျက်မှန်တပ်ရန်လိုသောသူများ မျက်မှန်ဆိုင်သို့တစ်ခါတည်းသွားရောက်ပြုလုပ်ရမည်ဖြစ်သောကြောင့် အလင်းရောင်၊လေနှင့်အပူရှိန်များကာကွယ်ရန်အတွက်ထီး၊ဦးထုတ် နှင့် နေကာမျက်မှန်များ  ကြိုတင်ပြင်ဆင်လာပါရန် လိုအပ်ပါသည်။

  • တခြားမျက်စိရောဂါများ စမ်းသပ်တွေ့ရှိလျှင် ဆရာဝန်က ကုသမှုအဆင့်ဆင့်ကို အုပ်ထိန်းသူနှင့်ဆွေးနွေးပြီး ဆက်လက်ကုသမှာဖြစ်ပါသည်။

 

 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com

                                    


健康的文章

乳腺癌 (breast cancer)

Read More

慢性肾脏病 (Chronic kidney disease)

Read More

长新冠 (Long Covid)

Read More

无疤痕甲状腺手术 (Scarless Thyroid Surgery)

Read More

唇形成术 (Labiaplasty)

Read More

威塑吸脂

Read More