Top

ဓာတ်မတည့်မှု (Allergy)

ဓာတ်မတည့်မှု ရောဂါများ သို့မဟုတ် ဓာတ်မတည့်မှု ဆိုသည်မှာ အသက်အရွယ်မရွေး အဖြစ်များသည့်ရောဂါ ဖြစ်ပါသည်။ ဓာတ်မတည့်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ အလာဂျင် (allergen) ဟုခေါ်တွင်သည့် ဖုန်မှုန့်လေးများ၊ သားမွှေး၊ ပန်းဝတ်မှုန်၊ အစားအစာနှင့် အခြားအရာများကဲ့သ့သော ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိ  အရာဝတ္တုများကို ကျွန်ုပ်တို့၏ကိုယ်ခံအားစနစ်မှ တုံ့ပြန်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။ လူအများစုအတွက် အများအားဖြင့် အန္တရာယ်မရှိသော်လည်း အချို့ လူများအတွက် အန္တရာယ်ရှိနိုင်ပါသည်။ 

 

ဓာတ်မတည့်မှုဖြစ်ပွားသည့်လူများသည် အများအားဖြင့် ၄င်းတို့ မည်သည့်အရာနှင့် ဓာတ်မတည့်ကြောင်းကို မသိကြ ပေ။ ထိ့ကြောင့်၊ မည်သည့်အရာနှင့် ဓာတ်မတည့်ကြောင်းကို သိရှိနိုင်မည့် စမ်းသပ်မှုများ ရှိနေပြီဖြစ်ပါသောကြောင့် ဤဓာတ်မတည့်မှုဖြစ်စေနိုင်သည့် အရာများကို ရှောင်ရှား၍ မိမိကိုယ်ကိုလွယ်ကူစွာကြည့်ရှုစောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။ 

 

ဓာတ်မတည့်သည့် လက္ခဏာများ

ရှူရှိုက်မိခြင်း၊ စားသုံးမိခြင်း၊ သို့ မဟုတ် အရေပြားမှတဆင့် ဓာတ်မတည့်မှုဖြစ်စေနိုင်သည့် အလာဂျင် (allergen) များ ကျွန်ုပ်တို့ ၏ ခန္ဓာကိုယ် အတွင်းသု့ ၀င်ရောက်လာနိုင်ပါသည်။ ဖုန်မှုန့် များကြောင့်ဖြစ်ပွားသည့် ဓာတ်မတည့်မှုမှာ အတွေ့ ရအများဆုံးဖြစ်ပြီး ရာနှုန်းအားဖြင့် 70-80 ရာခိုင်နှုန်းမျှရှိပါသည်။ ဖုန်မှုန်းများကြောင့်ဖြစ်ပွားသည့် ဓာတ်မတည့် မှု၏ လက္ခဏာများမှာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်စိယားယံ ခြင်း၊ မျက်နှာယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အရေပြားအချပ်လွှာများဖြစ်ခြင်း နှင့် အရေပြားကွာကျခြင်းတို့ ဖြစ်ပါ သည်။ ပြင်းထန်သည့် ဓာတ်မတည့်မှုလက္ခဏာများတွင် ၀မ်းပျက်ဝမ်းလျှောခြင်း၊ ရင်ဘတ်အောင့်ခြင်းနာခြင်း နှင့် အသက်ရှူရခက်ခဲခြင်းများ ကိုတွေ့ ရတတ်ပါသည်။ 

 

ဓာတ်မတည့်မှု စမ်းသပ်စစ်ဆေးခြင်း 

အစာကြောင့်ဓာတ်မတည့်ခြင်း၊ ပန်းဝတ်မှုန်နှင့်ဓာတ်မတည့်ခြင်းကြောင့် နှာစေးခြင်း၊ ဓါတ်မတည့်ခြင်းကြောင့် နှာခေါင်းအနာဖြစ်ခြင်း ၊ ပန်းနာရင်ကြပ်၊ အဖုအပိမ့်များ နှင့် အရေပြားရောင်ရမ်းမှု များဖြစ်ပေါ်ခြင်းရှိမရှိကို ဓာတ်မတည့်မှု စမ်းသပ်စစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါသည်။ လူနာသည် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းများအပြင်၊ အမျိုးအစားနှစ်မျိုးခွဲခြားထားသည့် ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုကို ပါခံယူသင့်ပါသည်။ 

 

1။ အရေပြားဖောက်စမ်းသပ်စစ်ဆေးခြင်း ဆိုသည်မှာ ဖုန်၊ ဖုန်မှုန့်များ၊ တိရိစ္ဆာန်မှအမှုန်အမွှားများ၊ ပိုးဟပ်၊ ပန်းဝတ်မှုန်၊ မှို နှင့် အခြားအရာများ အစရှိသည့်သေးငယ်သည့်အရာများကို အရေပြားပေါ်သို့ချ၍ စမ်းသပ်ခြင်း ဖြစ်ပါ သည်။ ထို အလာဂျင် (allergen) သို့မဟုတ် အရာများနှင့် ဓာတ်မတည့်ပါက အရေပြားနီရဲလာခြင်း၊ ယားယံဖုများ ကဲ့သို့ သော အရာများထွက်ပေါ်လာပါမည်။ 

 

2။ Serum Specific IgE ဆိုသည်မှာ အဓိကအရာဝတ္တုတစ်ခုခုနှင့် ဓာတ်မတည့်မှုကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် အင်မျူးဂလိုဗျူလင်အီး (immunoglobulin E) ဆိုသည့် ကိုယ်ခံအားပမာဏကို တိုင်းတာသည့် စမ်းသပ်စစ်ဆေးမှု ဖြစ်ပါသည်။ ဤစမ်းသပ်စစ်ဆေးမှုကို ဓာတ်ခွဲခန်းတွင်ပြုလုပ်စစ်ဆေးခြင်းဖြစ်ပြီး သမားတော်သည် လူနာမှ မည်သည့် အလာဂျင် (allergen) သို့မဟုတ် အရာများနှင့်ဓာတ်မတည့်ကြောင်းနှင့် မည်မျှပြင်းထန်ကြောင်းကို အကဲဖြတ်နိုင်မည် ဖြစ်ပါသည်။ 

 

စမ်းသပ်စစ်ဆေးမှုနှစ်မျိုး၏ ကွာခြားချက် 

အရေပြားနှင့်ပတ်သက်သည့် ရောဂါအခြေအနေတစ်မျိုးမျိုး သို့မဟုတ် အရေပြားဓာတ်မတည့်မှုရှိသည့် လူနာများ သည် Serum specific IgE ဓာတ်မတည့်မှုစမ်းသပ်သည့်နည်းနှင့် သင့်တော်ပါသည်။ လူနာသည် စမ်းသပ်စစ်ဆေးမှု အားမခံယူမီ ဓာတ်မတည့်မှုအတွက် သောက်သုံးနေရသည့်ဆေး (antihistamines) များအား ဖြတ်ထားရန်မလိုပေ။ စမ်းသပ်စစ်ဆေးသည့်အချိန်မှာလည်း မကြာပေ။ သွေးတစ်ကြိမ်စစ်ရုံဖြင့် အလာဂျင် (allergen) အမျိုးအစားများစွာကို သိရှိနိုင်ပါသည်။ ထို့ကြောင့်၊ IgE စမ်းသပ်စစ်ဆေးမှုအား ဘေးထွက်ဆိုးကျိုးနည်းပြီး အန္တရာယ်ကင်းသည့် စမ်းသပ် စစ်ဆေးမှုအဖြစ် လက်ခံထားကြသည်။ သို့သော်၊ ရလဒ်ထွက်ပေါ်လာရန်အတွက် ရက်ပေါင်းကြာမြင့်မည်ဖြစ်သည်။ 

 

အရေပြားဖောက်စမ်းသပ်စစ်ဆေးခြင်း (Skin Prick Test) မှာမူ ရလဒ်ထွက်ပေါ်လာရန်အတွက် အချိန် 15-20 မိနစ်မျှသာကြာမြင့်ပါသည်။ စစ်ဆေးမှုမခံယူမီတွင် လူနာမှ ဓာတ်မတည့်မှုအတွက် သောက်သုံးနေရသည့်ဆေး (antihistamines) များကို ဖြတ်ထားရမည်ဖြစ်သည်။ အရေပြားသည် ဓာတ်မတည့်မှုဖြစ်စေသည် အရာများ နှင့် ထိတွေ့သောကြောင့် ပြင်းထန်သည့်ဓာတ်မတည့်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင်၊ သွေးစစ် (Serum specific IgE ဓာတ်မတည့်မှုစမ်းသပ်သည့်နည်း) သည့်နည်းနှင့်နှိုင်းယှဉ်ရလျှင်လည်း စစ်ဆေးသည့် ဓာတ်မတည့်မှုဖြစ်စေသည့် အလာဂျင် (allergen) အမျိုးအစားများလည်း ပိုမိုနည်းပါးပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ နား၊ နှာခေါင်း၊ လည်ချောင်း စင်တာ (ENT Center) တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



健康的文章

乳腺癌 (breast cancer)

Read More

慢性肾脏病 (Chronic kidney disease)

Read More

长新冠 (Long Covid)

Read More

无疤痕甲状腺手术 (Scarless Thyroid Surgery)

Read More

唇形成术 (Labiaplasty)

Read More

威塑吸脂

Read More