Top

ဒူးအစားထိုး ခွဲစိတ်ကုသမှု

Knee Arthroplasty သို့မဟုတ် ဒူးအစားထိုး ခွဲစိတ်ကုသမှု သည် လူမှတုပဖန်တီးထားသည့် အရာများဖြင့် ရောဂါ ဖြစ်ပေါ်နေသော၊ ပျက်စီး ယိုယွင်းသွားသော အရိုးအဆစ်များကို အစားထိုးခွဲစိတ်ကုသသည့် နည်းဖြစ်ပါသည်။ ဆေးဝါးများ၏ အကူအညီဖြင့် နာကျင်မှုကို မထိန်းချုပ်နိုင်တော့သည့်အချိန်၊ လမ်းလျှောက်ခြင်း သို့မဟုတ် လှေကား တက်ခြင်းများကဲ့သို့ပုံမှန်လှုပ်ရှားမှုများကို ပင်ပန်းခက်ခဲစွာဆောင်ရွက်ရချိန်များတွင် ဤခွဲစိတ်ကုသမှုကို ဆောင်ရွက် ကြပါသည်။ 

 

ဒူးအစားထိုးခွဲစိတ်မှု၏ အဓိကရည်ရွယ်ချက်မှာ အဆစ်အချို့နှင့် အဖြစ်အများဆုံးဖြစ်သည့် လေးဘက်နာအဆစ်ရောင် ရောဂါကြောင့် ခံစားရသည့် နာကျင်မှုကို သက်သာစေရန် ဖြစ်သည်။ 

 

1။ အော်စတီယိုအာသရိုက်တစ် (Osteoarthritis) - Osteoarthritis သည် အချိန်ကြာလာသည်နှင့်အမျှ အရိုးများ၏ အဖျားများကိုဖုံးအုပ်ထားသည့် အရွတ်များ ပျော့ပျောင်း ယိုယွင်းလာ ခြင်းကြောင့်ဖြစ်ပေါ်ရသည်။ အရွတ်များ ယိုယွင်း ဆုံးရှုံးလာခြင်းကြောင့် အရိုးအချင်းချင်း ပွတ်တိုက်မှုကို ဖြစ်ပေါ်စေပြီး အဆစ်များ ပျက်စီးကာ နာကျင်ခြင်း၊ တောင့်တင်းခြင်း နှင့် ရောင်ရမ်းခြင်းများကို ခံစား ရစေခြင်းဖြစ်ပါသည်။ 

 

2။ ရူးမတွိုက် အာသရိုက်တစ် (Rheumatoid arthritis (RA)) - ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ အဆစ်များကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်ရသည့် ကိုယ်ခံအားစနစ် မူမမှန်မှု (autoimmune disease) ရောဂါဖြစ်ပါ သည်။ ထို့ကြောင့်၊ အရိုးအဆစ်တစ်ဝိုက်တွင် နီရဲ ရောင်ရမ်းခြင်း နှင့် နာကျင်ခြင်းများကို ဖြစ်ပေါ်စေပါသည်။ 

 

3. ပို့ စ် ထရော်မက်တစ် အာသရိုက်တစ် (Post-traumatic arthritis) - ဒူးခေါင်းတစ်ဝိုက်ရှိ အရိုး အက်ခြင်း၊ ကျိုးခြင်း သို့ မဟုတ် အရွတ်များစုတ်ပြဲခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ အဆစ်အရွတ် (articular cartilage) ယိုယွင်းပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာရပါသည်။ 

  

မခွဲစိတ်မီ 

ခွဲစိတ်မှုမခံယူမီ ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်မှ ခွဲစိတ်မှုအတွက် အနှောင့်အယှက်ဖြစ်စေနိုင်မည့် ဆေးဘက် ဆိုင်ရာ ပြဿနာများကို အသာစီးရထားနိုင်ရန်အတွက် သင့်ဆေးကုသမှုရာဇ၀င်ကို မေးမြန်းခြင်း၊ သွေးစစ်ခြင်း၊ ဆီး စစ်ခြင်း၊ ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း နှင့် electrocardiograms (EKG သို့မဟုတ် ECG) ဆွဲစေခြင်း အစရှိသည်ဖြင့် စစ်ဆေးမှုများစွာပြုလုပ်ရန် ညွှန်ကြားပါမည်။ 

 

ခွဲစိတ်မှု ခံယူနေစဉ် 

ခွဲစိတ်မှုကို အများအားဖြင့် အထွေထွေ၊ ကျောရိုး သို့မဟုတ် ကျောအောက် မေ့ဆေး၊ ထုံဆေးပေး ၍ခွဲစိတ်ခြင်းဖြစ်ပါ သည်။ အချက်အလက်များစွာပေါ်မူတည်ပြီး ခွဲစိတ်ဆရာဝန်နှင့် မေးဆေးဆရာဝန်တို့မှ မည်သည့် မေးဆေး၊ ထုံဆေး အမျိုးအစားကို ပေးရမည်ကို ဆုံးဖြတ်ပါသည်။ ခွဲစိတ်နေစဉ်တွင် အရိုးအထူး ခွဲစိတ်ဆရာဝန်မှ ဒူးခေါင်းမျက်နှာပြင်ပေါ် ရှိ ပျက်စီး နေသည်များအား ဖယ်ရှားပြီး၊ ထိုနေရာအား သတ္တု သို့မဟုတ် ပလတ်စတစ်ဖြင့် တုပပြုလုပ်ထားသည့် အရာဖြင့် အစားထိုးပါမည်။ ခွဲစိတ်မှုကြာချိန်မှာ ခန့်မှန်းခြေအားဖြင့် 1-2 နာရီ ကြာမြင့်မည်ဖြစ်သည်။ 

 

ခွဲစိတ်ပြီးနောက် 

အများအားဖြင့် ဒုတိယမြောက်နေ့တွင် ကာယကုထုံးပညာရှင်မှ ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက် သင်နှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ သင်သည် ကာယကုထုံးပညာရှင် (physical therapist (PT)) ၏အကူအညီဖြင့် အထောက်အကူ ပစ္စည်းကိရိယာကို အသုံးပြုပြီး စတင်မတ်တပ်ရပ် ပြီး လမ်းလျှောက်ပါမည်။ ဆေးရုံတွင် 5-6 ရက်ခန့်  မျှနေထိုင်ရမည်ဖြစ်ပါသည်။ 

 

နာကျင်မှု အမျိုးမျိုးအား ထိန်းချုပ်စီမံခြင်း (Multimodal Pain Management) 

အစားထိုးခွဲစိတ်မှုခံယူရန်လိုအပ်သည့် လူနာအများအပြားကြား အစိုးရိမ်အကြောင့်ကြဆုံးမှာ ခွဲစိတ်နေစဉ်အတွင်း၊ ခွဲစိတ်ပြီး နောက်ပိုင်းနှင့် အိမ်သို့ပြန်လည်ရောက်ရှိချိန်များတွင် အထိန်းအကွပ်မဲ့နာကျင်မှု ကို ခံစားရနိုင်ခြင်းများပင်။ ထို့ကြောင့်၊ ခွဲစိတ်ဆရာဝန်များသည် နာကျင်မှုအမျိုးမျိုးအား ထိန်းချုပ်စီမံခြင်း (multimodal pain management) ဆိုသည့်နည်းကို ရွေးချယ်အသုံးပြုလာကြပါသည်။ ဤနည်းသည် မခွဲစိတ်မီ၊ ခွဲစိတ်စဉ် နှင့် ခွဲစိတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်နိုင်သည့် အလွန်အမင်းနာကျင်မှုကို သက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးအမျိုးမျိုးကို အသုံးပြု သည့်နည်းပင်ဖြစ်ပါသည်။ လူနာများသည် မအီမသာပျို့ချင်အန်ချင် ဖြစ်ခြင်း နှင့် ခေါင်းမူးဝေခြင်းများကဲ့သို့သော  ပြဿနာများကို အနည်းအကျဉ်းသာခံစားရနိုင်ပါသည်။  ၄င်းနည်းကြောင့် လူနာများသည် ချက်ချင်းလှုပ်ရှားသွားလာ နိုင်သည့်အပြင် ဆေးရုံမှလည်း စောစောစီးစီ ဆင်းနိုင်ပါသည်။ ခွဲစိတ်ပြီးနောက်တစ်နေ့တွင် လူနာများသည် ဝေါ့ခ်ကာ (walker)၊ ချိုင်းထောက် သို့မဟုတ် တုတ်ကောက် တို့ကဲ့သို့သော အရာများ၏ အကူအညီဖြင့် လမ်းလျှောက်နိုင်မည် ဖြစ်ပါသည်။ လူနာသည် ဒုတိယနေ့တွင် ၄င်း၏ ဒူးကို ကွေးနိုင်ဆန့်နိုင်ပြီး၊ တတိယနေ့တွင် ဆေးရုံမှဆင်းနိုင်ပြီ ဖြစ်ပါသည်။ 

  

ခွဲစိတ်ကုသမှုခံယူသင့်သည့် အချိန် 

1။ နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်မှုကို ကန့်သတ်သည့် ဒူးခေါင်းနာကျင်ခြင်း သို့မဟုတ် တောင့်တင်းခြင်း  

 

2။ အနားယူရုံ သို့မဟုတ် ဆေးဝါးများသောက်သုံးရုံနှင့် သက်သာခြင်းမရှိသည့် နာတာရှည် ဒူး နီရဲ ရောင်ရမ်းခြင်း  

 

3။ ဒူးပုံပျက်ခြင်း 

 

4။ အခြားကုသမှုများဖြင့် သက်သာမှုမရှိခြင်း  

 

 

ဖရာထိုင်း 2 ဆေးရုံ၏ အရိုးအထူးကုဌာန တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့ ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



健康的文章

乳腺癌 (breast cancer)

Read More

慢性肾脏病 (Chronic kidney disease)

Read More

长新冠 (Long Covid)

Read More

无疤痕甲状腺手术 (Scarless Thyroid Surgery)

Read More

唇形成术 (Labiaplasty)

Read More

威塑吸脂

Read More