Top

အစာချေစနစ်ဆိုင်ရာ ရောဂါ (GERD)

ယနေ့တွင် အစာချေစနစ်ဆိုင်ရာ ရောဂါ (Gastroesophageal reflux disease (GERD)) သည် လူကြီးနှင့် ကလေး များတွင်ပါ အဖြစ်များနေသည့် ရောဂါဖြစ်ပါသည်။ သို့သော်၊ ၄င်းရောဂါသည် ရောဂါ လက္ခဏာ အားပြသခြင်း မရှိသလို မကြာခဏလည်း နားလည်လွဲကြသည်။ အစာပြွန်၏အောက်ခြေပိုင်းရှိ ကြွက်သားများကောင်းမွန်စွာ မပိတ် သောကြောင့် GERD ရောဂါဖြစ်ပေါ်ရခြင်းဖြစ်ပြီး၊ အစာအိမ်တွင်းရှိ အရာများကို နောက်ပြန်စီးဆင်းသောကြောင့် နာကျင်ခြင်းကို ခံစားကြရသည်။ 

 

GERD ၏ရောဂါ လက္ခဏာများမှာ ရင်ပူခြင်းနှင့် အချဉ်ဓာတ်ပြန်အန်ထွက်ခြင်းများဖြစ်သည်။ လူတိုင်းနီးပါး တစ်ချိန် မဟုတ်ရင် တစ်ချိန်မှာ ရင်ပူခြင်းခံစားရတတ်ပါသည်။ သို့သော် စဉ်ဆက်မပြတ်ရင်ပူသည်ကို ခံစားရပြီး တစ်ပတ်လျှင် နှစ်ကြိမ်မျှဖြစ်ပေါ်ပါက GERD ရောဂါဖြစ်နိုင်ပါသည်။ လူနာအချို့တွင် ချောင်းခြောက်ဆိုးခြင်း၊ ရင်ကြပ် လက္ခဏာများ ပေါ်ပေါက်ခြင်း၊ သို့မဟုတ် အစာရေစာမျိုရခက်ခဲခြင်း စသည်တို့ကို ခံစားရနိုင်ပါသည်။ 

 

GERD ဖြစ်ပေါ်ရသည့် အကြောင်းရင်းအတော်များများရှိပါသည်။

1။ ကိုယ်အလေးချိန်များခြင်း (Excess weight)  ကိုယ်အလေးချိန်များသည့်အတွက် ၀မ်းဗိုက်အပေါ် ဖိအားဖြစ်ပေါ် စေပြီး အစာအိမ်အတွင်းရှိ အချဉ်ဓာတ်များကို အစာပြွန်တွင်းသို့ဝင်ရောက်စေသည်။ 

2။ ဆေးလိပ်သောက်ခြင်း (Smoking) ဆေးလိပ်သောက်ခြင်းသည် အစာပြွန်နှင့် အစာအိမ်ကြားရှိ အပိတ်အဖွင့်ပြုလုပ် ပေးသည့် ကြွက်သားဖြစ်သော esophageal sphincter (LES) ကို အားပျော့စေနိုင်ပါသည်။ ထို့ကြောင့်၊ အချဉ်ဓာတ် (အက်စစ်) သည်အစာပြွန်အတွင်းသို့လွယ်ကူစွာပြန်လည်စီးဝင်နိုင်ပါသည်။ 

3။ သုတေသနမှ သိရှိရသည်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ၏ 50 ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရင်ပူခြင်းကို ခံစားကြရသည်။ ကိုယ်ဝန်ဟော်မုန်း နှင့် ကြီးထွားလာသည့် သန္ဓေသား၏ဖိအားကြောင့် အချဉ်ဓာတ် (အက်စစ်) ပြန်စီးခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ 

4။ မျိုးဗီဇ (Genetics) မျိုးဗီဇသည် အချဉ်ဓာတ် (အက်စစ်) ပြန်စီးခြင်း ကိုဖြစ်ပေါ်စေပါသည်။ အချဉ်ဓာတ် (အက်စစ်) ပြန်စီးခြင်း ၏ 30 မှ 40 ရာခိုင်နှုန်းမှာ မျိုးရိုးဗီဇကြောင့် ဖြစ်ပါသည်။ 

 5။ အချဉ်ဓာတ် (အက်စစ်) ပြန်စီးခြင်း (Acid reflux) နှင့် ရင်ကြပ်ပန်းနာ ရောဂါ (asthma) များမှာ ဆက်စပ်မှုရှိသည်။ ရင်ကြပ်ပန်းနာရောဂါရှိသည့် သူများသည် မရှိသည့်သူများထက် GERD ရောဂါရရန်အခွင့်နှစ်ဆပိုများသည်။ 

 

ဖော်ပြခဲ့သည့်အတိုင်း နို့စို့ကလေးငယ်များ နှင့် ကလေးများအပါအ၀င် လူတိုင်း GERD ရောဂါအား ခံစားရနိုင်ပါသည်။ မှန်ကန်သင့်လျော်စွာကုသခြင်းမရှိပါက ပိုမိုဆိုးဝါးသည့် ကျန်းမာရေး ပြဿနာကို ကြုံတွေ့ရနိုင်ပါသည်။ အစား အသောက်ကို ပြောင်းလဲစားသုံးခြင်းနှင့် နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲပြင်ဆင်ခြင်းများဖြင့် ရောဂါ လက္ခဏာကို လျော့နည်းစေနိုင်ပါသည်။ (ရောဂါကိုရှောင်ကျဉ်နိုင်မည့်) အကြံပြုချက်အချို့ကို ဖော်ပြလိုက်ရပါသည်။ 

 

- ရင်ပူစေနိုင်သည့် အရက်သေစာနှင့် စပ်သည့်၊ အဆီများသည့် သို့မဟုတ် အချဉ်ဓာတ် (အက်စစ်) ဖြစ်ပေါ်  စေနိုင်သည့် အစားအသောက်များကို ရှောင်ကျဉ်ခြင်း

- အစာကို ပမာဏအနည်းငယ်သာ စားသုံးခြင်း

- အိပ်ရာမ၀င်မီ အစာ မစားခြင်း

- လိုအပ်ပါက ကိုယ်အလေးချိန်လျှော့ချခြင်း

- လေ၀င်လေထွက်ကောင်းမွန်သည့် ကျပ်လွန်းခြင်းမရှိသည့် အ၀တ်အစားများကို ၀တ်ဆင်ခြင်း 

 

သို့သော်၊ GERD ရောဂါခံစားနေရသည့် လူနာအချို့မှာ ခွဲစိတ်ကုသမှုကို ခံယူရန် လိုအပ်ပါသည်။ ကာလရှည် သုံးစွဲ နေသည့် ဆေးဝါးများ အစွမ်းမပြတော့ပါက သို့မဟုတ် မလိုလားအပ်သည့် ရလဒ်ဖြစ်ပေါ်လာပါက၊ သို့မဟုတ် အခြား ထင်ရှားသည့် GERD ၏ဆိုးကျိုးများထင်ရှာလာပါက ကုသမှုအတွက် ခွဲစိတ်ခြင်းကို ရွေးချယ်ကြပါသည်။ GERD အတွက် ခွဲစိတ်ကုသမှုကို ခံယူလိုပါက အစာအိမ်နှင့်အူလမ်းကြောင်းပါရဂူ နှင့် ခွဲစိတ်အထူးကုများနှင့် ဆေးပညာ လုပ်ထုံးလုပ်နည်းများကို ရှုထောင့်စုံမှ ပြန်လည်သုံးသပ်ရန် အကြံပြုပါသည်။ ယေဘုယျအားဖြင့်၊  GERD သည် ကုသ ပျောက်ကင်းနိုင်သော ရောဂါဖြစ်ပါသည်။ ဆရာဝန်နှင့် မှန်ကန်သည့် GERD ဆိုင်ရာ ရောဂါအားရှာဖွေဖော်ထုတ်ရန် နှင့် ကုသမှုကို ခံယူရန်အတွက် တိုင်ပင်ရန် အရေးကြီးပါသည်။ သင်သည် ရောဂါ လက္ခဏာကို ခံစားနေရပါက သင့် ဆရာဝန်ထံ ပြသတိုင်ပင်ပြီး အထိရောက်ဆုံးသောကုသမှုကို ခံယူသင့်ပါသည်။ 

 

 

ဖရာထိုင်း 2 ဆေးရုံ၏ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းစင်တာ တွင် ကျွန်ုပ်တို့ ၏အထူးကုဆရာဝန်များကို တွေ့  ဆုံနိုင်ပါသည်။ 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



健康記事

骨髄移植

Read More

アルツハイマー病

Read More

人工股関節置換術

Read More

腹部大動脈瘤(トリプルA(AAA)自覚症状のないまま忍び寄るサイレントキラ

Read More

胃食道逆流症 GERD

Read More

睡眠時無呼吸症候群

Read More