Top

ဦးနောက်သွေးကြောပိတ်ပြီး ၄.၅ နာရီအတွင်းဆေးမကုသနိုင်ပါကအငသက်ရှင်ခွင့်ရှိနိုင်ပါသလား

ဦးနှောက်သွေးကြောပိတ်ပြီး . နာရီအတွင်း ဆေးမကုသနိုင်ပါက အသက်ရှင်နိုင်ခွင့်ရှိပါလား

 

လေဖြတ်ခြင်းရောဂါဖြစ်ရခြင်းမှာဦးနှောက်သွေးကြောအတွင်းသို့သွေးမရောက်ခြင်းကြောင့်ဖြစ်ပါသည်။လေဖြတ်ခြင်းကြောင့် သွေးကြောပိတ်ခြင်း၊ကွဲခြင်းများဖြစ်ပြီး အချိန်မှီမကုသပါက လူနာသည်မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ်သေဆုံးခြင်းများဖြစ်တတ်ပါသည်။လေဖြတ်ခြင်းလက္ခဏာမှာ ဦးနှောက်သည် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိန်းချုပ်ထားသောကြောင့် ပါးစောင်းခြင်း၊နှုတ်ခမ်းရွဲ့ခြင်း၊သွားရည်ယိုခြင်း၊စကားမပီခြင်း၊အသံမထွက်ခြင်း၊နှုတ်ခမ်းထုံကျင်ခြင်း၊ခြေလက်အားလျော့ခြင်း၊အရာဝတ္ထုများမမနိုင်ခြင်းစသည်တို့ကို ၇၀ရာခိုင်နှုန်းမှ၈၀ရာခိုင်နှုန်းထိတွေ့ရတတ်သည်။ဖရားထိုင်းဆေးရုံ၂၊ဦးနှောက်နှင့်အာရုံကြောအထူးကုဌာန DR.PUCHI SUKPHULLOPRAT ရဲ့ညွှန်ပြချက်အရ အဆိုပါလက္ခဏာများတွေ့ရှိပါက ဦးနှောက်ဆဲလ်များ စက္ကန့်နှင့်အမျှသေဆုံးနေသည့်အတွက်လူနာကိုဆေးရုံသို့အမြန်ဆုံးပို့ဆောင်ရန်လိုအပ်ပါသည်။

 

အချိန်သည်သာအဓိကအရေးကြီးဆုံးဖြစ်ပါသည်

 

ထိုင်းနိုင်ငံတွင်Intravenous Thrombotic နည်းဖြင့်လေဖြတ်ကုသနည်းကို အတွင်အကျယ်ကုသပေးနေပါသည်။လူနာလက္ခဏာစတွေ့ချိန်မှစပြီး၃နာရီမှ၄နာရီချိန်တွင်းစစ်ဆေးပေးခြင်းသည်အန္တရာယ်အကင်းဆုံးအချိန်ပင်ဖြစ်သည်။ဒီထက်အချိန်လွန်ပြီးကုသမှုမခံယူပါက ဦးနှောက်တစ်ရှူးများသေဆုံးပြီး အချိန်မီမကုသနိုင်ပဲ ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးမှာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ပါသည်။

 

အချိန်လေးနာရီခွဲထက်ကြာမြင့်ပြီး ဆေးရုံကိုရောက်ရှိလာပါက Intravenous Thromboticနည်းဖြင့် မကုသနိုင်သော်လည်းလူနာအခြေအနေကိုကြည့်ပြီးသင့်တော်သောကုသနည်းကိုရွေးခြယ်ပြီးတခြားသောနည်းလမ်းဖြင့်ကုသနိုင်ပါသည်။

 

ဆေးရုံသို့‌ ရောက်ရောက်ခြင်းပထမဆုံးချိန်တွင်ဆရာဝန်သည် လူနာ၏သွေးကြောများကို CT scan နှင့် MRT ဖတ်ခြင်း သို့မဟုတ်သွေးကြောများကို အရောင်‌သွင်းကြည့်ခြင်းဖြင့် ရောဂါပြင်းထန်မှုအခြေ‌အနေကို မှန်ကန်စွာအကဲဖြတ်ပြီးမှ နောက်တစ်ဆင့်ကုသနည်းကိုရွေးခြယ်မှာဖြစ်ပါသည်။

 

ဆရာဝန်၏ပြောပြချက်အရ သွေးကြောပိတ်ပြီး ဦး‌နှောက်ထစ်ရှူးများလွန်စွာမသေဆုံးသေးသောလူနာများအတွက် ပိတ်နေသောသွေးကြောများပြန်ဖွင့်ရန် တခြားသောနည်းလမ်းများဖြင့်လည်းကုသနိုင်ပါသည်။ဥပမာပိတ်နေသောသွေးကြောထဲသို့‌သွေးခဲများအရည်‌‌ပျော်အောင်ဆေးသွင်းခြင်းသို့မဟုတ်သေးငယ်သောပြွန်ကြိုးဖြင့်သွေးကြောထဲသို့ထိုးသွင်းပြီးသွေးခဲများကိုစုပ်ထုတ်ခြင်းဖြင့်ကုသနိုင်ပါသည်။သို့သော်ဆံချည်မျှင်မျှသေးငယ်သောသွေးကြောများပိတ်လျှင် စုပ်ထုတ်သောကိရိယာများထည့်သွင်းမရသည့်အတွက် သွေးမရောက်သောနေရာတဝိုက်ဆဲလ်များအသေခံရန်သာဖြစ်ပါသည်။ဒါကြောင့်သွေးကြောများထပ်မံပိတ်ဆို့ခြင်းမရှိစေရန် Antiplatelet သွေးကြဲဆေးနဲ့ သွေးမခဲအောင်ကာကွယ်သော Anticoagulant ဆေးများဖြင့်ကုသရပါမည်။‌ သွေးကြောမျှင်များပိတ်ဆို့ခြင်းသည် သွေး‌ကြောမကြီးပိတ်ဆို့ခြင်းထက် အန္တရာယ်မမြင့်မားပါ။

 

သွေးကြောဖွင့်ကုသနည်းကိုများသောအားဖြင့် ပေါင်ခြံဧရိယာမှဆေးထိုးအပ်ထိုးသွင်းသောကြောင့် ဆေးထိုးအပ်ဖြင့်ကုသရန်တားမြစ်ထားသောလူနာများ၊သာမာန်ထက်သွေးထွက်လွန်တတ်သောလူနာများ၊သို့မဟုတ် ကူးစက်မှုအနာကြောင့် ဆေးထိုးရန်မသင့်သောလူနာများသည် အကြောတွင်း သွေးခဲများအရည်ပျော်အောင်ဆေးသွင်းသောနည်းဖြင့်ကုသရမည်ဖြစ်ပါသည်။

 

လေဖြတ်ရောဂါနှင့်နှင့်အတူတွေ့ရတတ်သောတခြားရောဂါများ

 

လေဖြတ်ခြင်းမှ လိုက်ပါလာသောရောဂါများသည် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်းတွေ့ရတတ်သည်။တိုက်ရိုက်တွေ့ရသောရောဂါမှာဦးနှောက်အစိတ်အပိုင်းအတွင်းသွေးရောက်ရှိပေါ်မူတည်ပြီး ခြေလက်အားမရှိခြင်း၊ မထနိုင်ခြင်းစသည်တို့ကြောင့် အိပ်ယာနာဖြစ်ခြင်းသို့မဟုတ်အစာမြိုရခက်ခဲခြင်း၊အသက်ရှူခက်ခြင်းကြောင့်အဆုတ်ကိုရောဂါပိုးကူးစက်နိုင်ပါသည်။‌

 

သက်ရောက်မှုရှိ‌သောဆိုးကျိုးမှာလူအများသတိမထားမိသောသို့မဟုတ်လေဖြတ်ရောဂါနှင့်သက်ဆိုင်ခြင်းရှိသည်ကိုမသိရှိသေးသောအတိတ်မေ့ခြင်း‌ရောဂါပင်ဖြစ်ပါသည်။ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်အတိတ်မေ့ရောဂါဖြစ်ရခြင်းကိုလူအများမသိရှိသည်မှာအမှန်ပင်ဖြစ်ပါသည်။အယ်လ်ဇိုင်းမားရောဂါသည်လည်းဒုတိယအများဆုံးမကြာခဏတွေ့ရတတ်သောရောဂါပင်ဖြစ်ပါသည်။

 

လေဖြတ်ခြင်းရောဂါအန္တရာယ်ကိုလျော့ချခြင်း

 

 

သွေးကြောပိတ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ပထမအချက်လူအများ‌ ရှောင်လွဲ၍မရ‌ သောအသက်အရွယ်ကြီးရင့်လာခြင်းပင်ဖြစ်ပါသည်။လူတိုင်းအသက်အရွယ်ကြီးလာတာနှင့်အမျှသွေးကြောများတဖြည်းဖြည်းကျဉ်းပြီးပိတ်ဆို့တတ်ပါသည်။ဒုတိယအကြောင်းရင်းမှာမျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်ပါသည်။တချို့သောမိသားစုများတွင်မိဘများသွေးကြောပိတ်ရောသောမိသားစုများတွင်မိဘများသွေးကြောပိတ်ရောဂါဖြစ်ပါကမျိုးရိုးလိုက်ခြင်းကြောင့်သားသမီးများတွင်လဲဖြစ်တတ်ပါသည်။မျိုးရိုးလိုက်တတ်ခြင်းပြသနာကိုမဖြေရှင်း‌နိုင်သော်လည်းကာကွယ်နိုင်ပါသည်။၎င်းမှာသွေးဖိအားနှင့်အဆီမတက်အောင်ထိန်းသိမ်းခြင်း၊သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းခြင်း၊အဆီအငံနှင့်အချိုဓာတ်လွန်ကဲသောအစားအစာများကိုရှောင်ကြဉ်ခြင်း၊ဆေးလိပ်အရက်ရှောင်ကြဉ်ခြင်း၊လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့်ခန္ဓာကိုယ်ကျန်းမာအောင်နေခြင်း နှစ်စဉ်ပုံမှန်ဆေးစစ်ခြင်းဖြင့် လေဖြတ်ခြင်းအန္ဓာရာယ်ကိုကာကွယ်လျော့ချနိုင်ပါမည်။

 

 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com



Health Article

Natural Orifice Transluminal Endoscopic Surgery

Read More

Water Vapor Therapy for Benign Prostatic Hyperplasia

Read More

Do not fear intestinal surgery if you are not yet aware of this

Read More

Hemifacial spasm

Read More

Voice Feminization Surgery

Read More

Laryngeal Cancer

Read More