Top

ရိုးရိုးချောင်းဆိုးတာလား..အဆုတ်ကင်ဆာဖြစ်နေတာလား

ရိုးရိုးချောင်းဆိုးတာလား…အဆုတ်ကင်ဆာဖြစ်နေတာလား
 
လူအများစုသည် ချောင်းဆိုးခြင်းကို ရိုးရိုးသာမန်ချောင်းဆိုးခြင်းဟုထင်ပြီး ပေါ့ဆစွာနေထိုင်တတ်ပါသည်။အမှန်မှာချောင်းဆိုးခြင်းလက္ခဏာသည်အဆုတ်ကင်ဆာ    ဖြစ်နိုင်သည်ဟုမီးမောင်းထိုးပြနေသည်ကိုမသိရှိကြပါ။အဆုတ်ကင်ဆာရောဂါသည် ယောကျာ်းမိန်းမမရွေးမကြာခနတွေ့ရှိရသောရောဂါဖြစ်ပါသည်။ဒါကြောင့်ကြာရှည်ချောင်းဆိုးခဲ့လျှင်အထူးဂရုစိုက်သင့်ပါသည်။
 
အဆုတ်ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသောသူများမှာ
ကျန်းမာရေးကောင်းမွန်သောအသက် ၅၅¬ မှ ၇၄ အတွင်း
ဆေးလိပ်သောက်သူများ သို့မဟုတ် ဆေးလိပ်ဖြတ်ပြီးသက်တမ်း၁၅နှစ်အောက်ရှိသူများ
တစ်နှစ်လျှင်ဆေးလိပ်အကဒ်၃၀ထက်သောက်သုံးသောသူများသို့မဟုတ်တစ်ရက်တစ်ဘူးနှုန်းဖြင့်သောက်သောသူများ
 
အဆုတ်ကင်ဆာဖြစ်စေသောအရာများ
ဆေးလိပ်သောက်သူများ သို့မဟုတ် ဆေးလိပ်အငွေ့ရှူရသောသူများ
ကင်ဆာဖြစ်စေသော Gas radon, Arsenic, Chromium, Nickel စသည်တို့ကို ထိတွေ့ကိုင်တွယ်ခြင်း
မိသားစုဝင်တွင်း ကင်ဆာရောဂါဖြစ်ဖူးသူများ
 
အဆုတ်ကင်ဆာဖြစ်နေပြီဟုညွှန်ပြသောလက္ခဏာများ
အချိန်ကြာမြင့်စွာချောင်းဆိုးခြင်း
ချောင်းဆိုးလျှင်အသံကျယ်ခြင်း
အသက်ရှုခက်ခဲခြင်း
ရင်ကြပ်ခြင်း
အသံဝင်ခြင်း
ဦးခေါင်း၊အရိုးများ နာကျင်ခြင်း
 
တစ်ချို့သောသူများသည် နှုံးခွေခြင်း၊ အစာမစားခြင်း၊ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် တစ်ခြားသော အဂ်ါအစိတ်အပိုင်းသို့ပြန့်နှံ့ပါက တစ်ခြားသော
 
လက္ခဏာများကိုလည်းတွေ့ရှိရတတ်သည်။ဥပမာ
Lymph nodes ပြန်ရေကြောကြီးခြင်းသို့မဟုတ်လည်ပြွန်ရှိသွေးပြန်ကြောပိတ်ခြင်းကြောင့်သွေးများစုပြီး မျက်နှာယောင်ယမ်းမှုများဖြစ်စေပါသည်။
အဆုတ်အမြှေးပါးကိုစစ်ဆေးကြည့်ပါက  အရည်များဖုံးနေသည်ကိုတွေ့ရတတ်သည်။
ဦးခေါင်းပိုင်းကိုကြည့်လျှင် ခေါင်းကိုက်ခြင်း၊ကိုယ်လက်အဂ်ါသေခြင်းနှင့်သတိမေ့ခြင်းများတွေ့ရတတ်သည်။
အသည်းနှင့်ပါတ်သက်ပြီးမျက်လုံးများဝါခြင်း၊ခန္ဓာကိုယ်ဝါခြင်းစသော လက္ခဏာများတွေ့ရတတ်သည်။ 
 
ထိုကဲ့သို့သော တချို့သောလူနာများသည် Para neoplastic Syndrome ဟုခေါ်သောရောဂါကိုတွေ့ရပြီးရောဂါလက္ခဏာရဲ့အကြောင်းရင်းကိုသေချာစွာမသိရှိသော်လည်းတုန်ယင်အဖျားတက်ခြင်း၊အကြောအဆစ်နာကျင်ခြင်း၊အကြောရောင်ခြင်း၊ကယ်ဆီယမ်ဓာတ်မြင့်မားခြင်းနှင့်သွေးတွင်းတချို့သောဟော်မုန်းဓာတ်မြင့်ခြင်းများတွေ့ရတတ်သည်၊ကင်ဆာဆဲလ်များပွါးနေသောနေရာကိုဖယ်ရှားပစ်ပါက သက်သာပျောက်ကင်းမှာဖြစ်ဖြစ်ပြီး ကင်ဆာဆဲလ်များပြန်လည်ပွါးများလာပါက ထိုလက္ခဏာများပြန်လည်တွေ့ရှိမှာဖြစ်ပါသည်။
 
အဆုတ်ကင်ဆာစမ်းသပ်စစ်ဆေးခြင်း
 
ကျွမ်းကျင်သောဆရာဝန်ဖြင့် ခန္ဓာကိုယ်စစ်ဆေးခြင်း၊သွေးစစ်ဆေးခြင်း
Low dose compute tomography (low-dose (T) ကွန်ပြူတာ X-RAY ဖြင့်စစ်ဆေးခြင်း
     အဆုတ်ကင်ဆာသည် မကြာခဏတွေ့ရတတ်သော ရောဂါဖြစ်ပြီး ရောဂါပထမအဆင့်စမ်းသပ်တွေ့ရှိနှုန်းသည်အနည်းငယ်သာရှိပါသည်။ဒါကြောင့် ကျ
 
န်းမာရေးစောင့်ရှောက်မှုခံယူခြင်း၊စစ်ဆေးခြင်းများသည် အရေးကြီးသော ကာကွယ်မှုဖြစ်ပြီး ပုံမှန်မဟုတ်ပဲရောဂါလက္ခဏာတစ်စုံတစ်ခုခံစားရပါက ကျွမ်းကျင်သောဆရာဝန်နှင့် အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်၊၊
 
 

ဖရာထိုင်း 2 ဆေးရုံ 

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ 

ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com

 


អត្ថបទសុខភាព

ពិនិត្យរកហានិភ័យជំងឺមហារីក ដោយវិធីសាស្ត្រ Preventive Genetic Testing

Read More

តើអ្វីជាអាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke

Read More

រោគដែលតែងតែមកជាមួយនឹងរដូវក្តៅខ្លាំង

Read More

Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់

Read More

ជំងឺដុំសាច់ក្នុងស្បូន

Read More

ជំងឺខ្សោយខួរក្បាល

Read More