Top

အမျိုးသမီး စင်တာ  

 

အမျိုးသမီးစင်တာသည် ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများ၊ ကောင်းမွန်စွာလေ့ကျင့်သင်ကြားထားပြီး လွန်စွာ ကျွမ်းကျင်မှုရှိကြသည့် မီးယပ်ရောဂါအထူးကုများဖြင့် ခွဲစိတ်ကုသမှုခံယူခြင်းများအပါအ၀င်  အမျိုးသမီးများ အတွက် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်လျက်ရှိသည်။ ဤစင်တာတွင် ခွဲစိတ်ရာ အပေါက် သေးလေးတစ်ပေါက်သာ ဖြစ်ပေါ်စေပြီး အနာရွတ်မထင် သည့် Laparoscope ဟုခေါ်ဆိုသော မှန်ပြောင်းဖြင့် ၀မ်းဗိုက် တွင်း ထိုးသွင်းခွဲစိတ်သည့် Laparoscope Gynecology Surgery (Single port technique) နည်းလမ်းသစ်ကို လည်း ဆန်းသစ်အသုံးပြုလျက်ရှိပါသည်။ ထို့အပြင်၊ အန္တရာယ်မြင့်မားသည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် မိခင် သန္ဓေသားဆေးပညာဆရာဝန် (Maternal Fetal Medicine Doctor (MFM Doctor)) များမှ စောင့်ရှောက်ခြင်း အစီအစဉ်များလည်းရှိပါသည်။ စင်တာကြီးတွင် 4D အာလ်ထရာစောင်း (Ultrasound 4D)၊ ဒစ်ဂျစ်တယ်နည်းပညာ ပုံရိပ်ဖော်စက် (Digital Mammogram)၊ အရိုးသိပ်သည်းဆတိုင်းတာစက် (Bone Densitometry)၊ သားအိမ်ခေါင်း စမ်းသပ်စစ်ဆေးခြင်း (Thin-Pep Prep Test)၊ သာအိမ်ခေါင်း၊ အမျိုးသမီးအင်္ဂါ၊ အမျိုးသမီးအင်္ဂါဇတ် စမ်းသပ်စစ်ဆေး ခြင်း (Colposcope) နှင့် အသားစ/တစ်ရှူးစစစ်ဆေးခြင်း (Biopsy) များပြုလုပ်မည့်စက်များ ကဲ့သို့သော ခေတ်မီစက်ကြီးများကို လည်း စမ်းသပ်ခန်း ဆယ်ခန်းတွင်တပ်ဆင်ထားပါသည်။  

 

မိခင်လောင်းများအတွက် အကျိုးရှိသည့် သတင်းအချက်အလက်များ ရရှိနိုင်ရန်နှင့် မိခင်အချင်းချင်းကြား ၄င်းတို့၏ အတွေ့ အကြုံများကို ဝေငှနိုင်စေရန်အတွက် “မိခင် ကလပ်” အသင်းကိုလည်း ဖွဲ့ စည်းထားရှိပေးထားပါသည်။ 

 

၎င်းပြင်၊ သုတ်ပိုးအားထိုးသွင်းခြင်း (Artificial insemination)၊ မျိုးဗီဇစမ်းသပ်စစ်ဆေးခြင်း (Microarray)၊ IUI၊ IVF နှင့် သိသိသာသာ ဘေးကင်းသည့် နည်းလမ်း ICSI များကဲ့သို့သော တန်ဖိုးကြီးမားသည့် အရည်အသွေးမြင့် မျိုးပွား နိုင်စွမ်းမရှိခြင်းဆိုင်ရာနည်းပညာများဖြင့်လည်း မျိုးပွားမှုဆိုင်ရာ နည်းပညာ (Assisted Reproductive Technology) ဆေးခန်းတွင် ၀န်ဆောင်မှုများပေးအပ်နေပါသည်။