Top

အာမခံ၏ ၀န်ဆောင်မှုအတိုင်းအတာ 

 
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူနာများကို တန်ဖိုးထားသည်။ 

ကျန်းမာရေး အာမခံ

ကျွမ်းကျင်သည့် ဆေးအဖွဲ့၏ ကျယ်ပြန့်သည့် ကုသစောင့်ရှောက်မှုများအပြင် ဖရာထိုင်း 2 ဆေးရုံသည် နိုင်ငံရပ်ခြားမှ အာမခံ ၀န်ဆောင်မှုရှိထားကြသည့် ဖောက်သည်များအတွက်ဝန်ဆောင်မှုများပေးရန် အသင့်ရှိနေပါသည်။ ကျွန်ုပ်တို့၏ ကိုသြဒိနိတ်တာ (coordinator) မှ လူနာများ၏ ကိုယ်စားကုန်ကျစရိတ်ပေးချေမှုကို အာမခံပေးရန်အတွက် လူနာ များမှ အာမခံအဖွဲ့အစည်းများနှင့် ဆက်သွယ်ရာတွင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ 

ပိုမိုလွယ်ကူ လျှင်မြန်မှုအတွက် အကြံပြုချက် 

ကျန်းမာရေးအာမခံ ကိုင်ဆောင်ထားသူများ (Health Insurance Policyholders) အနေနှင့် ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုကို လက်ခံရယူခြင်းမပြုမီ ၄င်းတို့ရရှိနိုင်မည့် အကျိုးအမြတ်များ၊ ကျန်းမာရေးအာမခံမှ ကျခံပေးမည့် နယ်ပယ်များ နှင့် သဘောတူခွင့်ပြုချက် များကို စစ်ဆေးနိုင်ရန် ၄င်းတို့ကို အာမခံ (insurance) ပေးအပ်မည့်        အဖွဲ့အစည်းများအား ဆက်သွယ်ရန်အကြံပြုပါသည်။ လူနာများမှ အာမခံဆိုင်ရာ အကြောင်းကို စုံစမ်းသိရှိလိုပါက ကျွန်ုပ်တို့အား imcp2@phyathai.com ဖြင့် အီးမေးတိုက်ရိုက်ဆက်သွယ်ပေးပို့ခြင်းဖြင့် စုံစမ်းနိုင်ပါသည်။ ၄င်းပြင်၊ လိုအပ်သော ဆေးဝါးကုသမှုဆိုင်ရာ သတင်းအချက်အလက်ကို အမြန်ဆုံးပေးပို့ပါမည်။

အတွင်းလူနာဆိုင်ရာ ၀န်ဆောင်မှု

 

 

လိုအပ်သည့် စာရွက်စာတမ်းများ 

 

    • လက်မှတ်ထိုးထားသည့် နိုင်ငံကူးလက်မှတ် မိတ္တူ 

    • အာမခံ ကတ် သို့မဟုတ် သက်သေခံလက်မှတ် 

    • သင့်ကိုယ်ကို သတ်မှတ်ဖော်ပြနိုင်ရန်အတွက် သင့်အာမခံ ကုမ္ပဏီမှလိုအပ်သည့် အခြားအရာများ

 

ဆေးရုံတက်ရောက်သည့် ကုန်ကျစရိတ်အား ပေးချေပါမည် အကြောင်း အာမခံရန်အတွက် ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက်များအားပံ့ပိုးပေးအပ်ခြင်းများအပါအ၀င် သင့်အား အာမခံဝန်ဆောင်မှုပေးမည့်သူ/ကုမ္ပဏီ နှင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်များမှ သင့်ကိုပံ့ပိုးကူညီ မည်ဖြစ်ပါသည်။ အာမခံပေါ်လစီအရ ကုန်ကျစရိတ်အတွက် ပေးချေပေးမည်ဆိုပါက ပုံမှန်အားဖြင့် 24- 48 အတွင်း ကုန်ကျစရိတ်ပေးချေမည့် အာမခံ/အတည်ပြုချက်ကို ပေးပို့လိမ့်မည်ဖြစ်သည်။ အောက်ဖော်ပြအကြောင်းများ ကြောင့် (စောင့်ဆိုင်းရချိန်) ကြာမြင့်တတ်ခြင်းဖြစ်ပါသည်။ 

 

    • ကုမ္ပဏီတစ်ခုစီ၏ အတည်ပြုမှု လုပ်ငန်းစဉ်

    • နေထိုင်သည့် အချိန်တိုတောင်းလွန်းသောကြောင့် လျှောက်လွှာ စိစစ်ရန်အတွက် အချိန်မလုံလောက်ခြင်း

    • အချိန်ကွာခြားချက်

    • သင့်အာမခံပေါ်လစီ၏ စည်းမျဉ်းစည်းကမ်းများနှင့် အခြေအနေများ

 

ဆေးရုံမှ ဆင်းချိန်တွင် အပိုကုန်ကျစရိတ်အတွက် သင်မှပေးချေရမည်ဖြစ်ပါသည်။ သတ်မှတ်ထားသည့် အတိုင်း အတာထက်ကျော်လွန်သည့် ဆေးဝါးအတွက် ကုန်ကျစရိတ်များ သို့မဟုတ် အခန်းခများ၊ ကျွန်ုပ်တို့မှ complimentary အခမဲ့ပေးအပ်ထားသောဝန်ဆောင်မှုများအပြင် တယ်ဖုန်းခေါ်ဆိုခြင်း၊ နိုင်ငံခြား သတင်းစာ၊ လူနာစောင့်များအတွက် အပိုအိပ်ရာ စသည့် ပုဂ္ဂိုလ်ရေးကုန်ကျစရိတ်များ ကဲ့သို့သော အာမခံပေါ်လစီမှ ခွင့်ပြုမထား သည့် ကုန်ကျစရိတ်အချို့ ရှိနိုင်ပါသည်။ 

 

ကျွန်ုပ်တို့၏ဆေးရုံမှ ကိစ္စများအားလုံးကို ကုန်ကျစရိတ်ပေးချေမည့် အာမခံစာ အပေါ်အခြေခံပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိထားရန်လိုပါသည်။ ဆေးရုံဆင်းသည့်အချိန်သို့မဟုတ် မဆင်းမီတွင် အပိုကုန်ကျစရိတ်ကို သင်မှ ပေးချေရမည်ဖြစ်သည်။ သတ်မှတ်ထားသည့် အတိုင်း အတာထက်ကျော်လွန်သည့် ဆေးဝါးအတွက် ကုန်ကျစရိတ်များ သို့မဟုတ် အခန်းခများ၊ ဓာတ်ခွဲခန်းခများ သို့မဟုတ် အခြားစစ်ဆေးစမ်းသပ်မှုများ၊ ကျွန်ုပ်တို့မှ complimentary အခမဲ့ပေးအပ်ထားသောဝန်ဆောင်မှုများအပြင် ပုဂ္ဂိုလ်ရေးကုန်ကျစရိတ်များ ကဲ့သို့သော အာမခံပေါ်လစီမှ ခွင့်ပြုမထား သည့် ကုန်ကျစရိတ်အချို့ရှိနိုင်ပါသည်။ 

 
 

 

ပြင်ပလူနာ ၀န်ဆောင်မှု

ဆေးရုံနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် အာမခံကုမ္ပဏီများသာ ငွေကြေးမပေးချေရသည့် ဆေးကုသမှု ၀န်ဆောင်မှု (medical cashless service) တောင်းခံရယူနိုင်ပါသည်။ အခြားသူများသည် ကုန်ကျစရိတ်အတွက် ငွေကိုလက်ငင်းပေးချေနိုင်လျှင် အကောင်းဆုံးပင်ဖြစ်သည်။ သင့်အာမခံကုမ္ပဏီထံမှ ကုန်ကျစရိတ်ကို ပြန်လည် တောင်းခံနိုင်ရန်အတွက် ဆေးရုံမှ ဆေးထောက်ခံချက်ကို ထုတ်ပေးပါမည်။ လိုအပ်သည့် စာရွက်စာတမ်းများ အောက်ပါအတိုင်းဖြစ်သည်။ 
 
    • လက်မှတ်ထိုးထားသည့် နိုင်ငံကူးလက်မှတ် မိတ္တူ 
    • အာမခံ ကတ် သို့မဟုတ် သက်သေခံလက်မှတ် 
    • သင့်ကိုယ်ကို သတ်မှတ်ဖော်ပြနိုင်ရန်အတွက် သင့်အာမခံ ကုမ္ပဏီမှလိုအပ်သည့် အခြားအရာမျာ ကျွန်ုပ်တို့၏ဆေးရုံမှ ကိစ္စများအားလုံးကို ကုန်ကျစရိတ်ပေးချေမည့် အာမခံစာ အပေါ်အခြေခံပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိထားရန်လိုပါသည်။ ဆေးရုံဆင်းသည့်အချိန်သို့မဟုတ် မဆင်းမီတွင် အပိုကုန်ကျစရိတ်ကို သင်မှ ပေးချေရမည်ဖြစ်သည်။ သတ်မှတ်ထားသည့် အတိုင်း အတာထက်ကျော်လွန်သည့် ဆေးဝါးအတွက် ကုန်ကျစရိတ်များ သို့မဟုတ် အခန်းခများ၊ ဓာတ်ခွဲခန်းခများ သို့မဟုတ် အခြားစစ်ဆေးစမ်းသပ်မှုများ၊ ကျွန်ုပ်တို့မှ complimentary အခမဲ့ပေးအပ်ထားသောဝန်ဆောင်မှုများအပြင် ပုဂ္ဂိုလ်ရေးကုန်ကျစရိတ်များ ကဲ့သို့သော အာမခံပေါ်လစီမှ ခွင့်ပြုမထား သည့် ကုန်ကျစရိတ်အချို့ ရှိနိုင်ပါသည်။ 
 
 

 

ကြိုတင်ခွင့်ပြုချက်

 

ကျွန်ုပ်တို့၏လူနာများ လွယ်ကူအဆင်ပြေပြီး ၀န်ဆောင်မှုများကို ဧကန်ရရှိနိုင်စေရန်အတွက် စောင့်ဆိုင်းရခြင်းမရှိ ရ လေအောင် မည်သည့်အခြေအနေကိစ္စမျိုးအတွက် မဆို ကြိုတင်ခွင့်ပြုချက်ကို ရရှိထားရန် ကျွန်ုပ်တို့မှ ပိုမိုလိုလား ပါသည်။ ဖောက်သည်တစ်ဦးဖြစ်သည့်သင့်အနေနှင့် ဆေး ကုသမှုခံယူရန်၊ ခွဲစိတ်ကုသမှုခံယူရန် သို့မဟုတ် ရောဂါ စမ်းသပ်ရှာဖွေမှုကို ခံယူရန်အတွက် သင့်အာမခံကုမ္ပဏီမှ ကြိုတင်ခွင့်ပြုချက် မည်ကဲ့သို့ရယူရမည်ကို သိရှိထားရန် အရေးကြီးပါသည်။ သင့်ကျန်းမာရေးအာမခံအတွက် ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်ခြင်းရှိမရှိသည်ကို သိရှိနိုင်မည့် နည်းလမ်းများရှိပါသည်။ 

ပြင်ပလူနာအတွက် 

 

သင့်ကိုယ်သင် မည်သူမည်ဝါဖြစ်ကြောင်းဖော်ပြရန် နှင့် ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်ခြင်း ရှိမရှိကို သိရှိနိုင်ရန် အတွက် သင့်အာမခံကုမ္ပဏီအား ဖုန်းခေါ်ဆိုနိုင်ပါသည်။ အချို့အာမခံကုမ္ပဏီများသည် လူနာထံသို့အတည်ပြုသည့် စာပေးပို့ပေးသော်လည်း၊ အချို့ကုမ္ပဏီများမှာ ထိုသို့ပေးပို့ခြင်းမရှိပေ။ လူနာအာမခံထားရှိသည့် ကုမ္ပဏီ၏ပေါ်လစီ အပေါ်တွင်မူတည်ပါသည်။ သင့်အာမခံကုမ္ပဏီမှ သင့်ဆေးဝါးကုသမှုကုန်ကျစရိတ်အား ကျခံပေးမည်ဆိုပါက၊ ၄င်းတို့မှ ကျွန်ုပ်တို့၏ဆေးရုံထံသို့အီးမေးလိပ်စာ onestop@phyathai.com မှတဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ (ကျန်းမာရေး) အာမခံပေးထားသည့် အတိုင်း လူနာမှ ကျွန်ုပ်တို့၏ဆေးရုံသို့လာရောက်ကုသမှုခံနိုင်ပါသည်။ 

ခွဲစိတ်ကုသမှုခံယူခြင်း/ဆေးရုံတက်ခြင်းများအတွက် အစီအစဉ် 

 

အာမခံအစီအစဉ်နှင့် ပေးချေလိုသည့် လူနာကို ကျွန်ုပ်တို့၏၀န်ထမ်းအားဆက်သွယ်ရန် အကြံပြုပါသည်။ သင့်ထံ လိုအပ်သည့် စာရွက်စာတမ်းများကို တောင်းခံရယူမည်ဖြစ်ပြီး၊ အာမခံကုမ္ပဏီထံမှ ခွင့်ပြုချက်ကို တောင်းခံရန်အတွက် ဆီလျော်သည့် ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းများကိုလည်း ပံ့ပိုးပေးအပ်သွားမည်ဖြစ်ပါသည်။ သို့သော်၊ အချို့  သော အာမခံကုမ္ပဏီများကို လူနာမှ ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်ရန်လိုအပ်ပါသည်။ လူနာမှ မည်သူမည်ဝါ ဖြစ်ကြောင်းသတ်မှတ်ဖော်ပြရန်၊ ၄င်းတို့မှ လုပ်ထုံးလုပ်နည်း များကို သိရှိနိုင်စေရန်အတွက် ဆေးရုံတက်ရောက် ကြောင်း သို့မဟုတ် ခွဲစိတ်ကုသမှုခံမည့်အကြောင့် အစီရင်ခံရန်အတွက် ဖြစ်ပါသည်။ 

 

ကျွန်ုပ်တို့၏ဆေးရုံမှ ကိစ္စများအားလုံးကို ကုန်ကျစရိတ်ပေးချေမည့် အာမခံစာ အပေါ်အခြေခံပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိထားရန်လိုပါသည်။ ဆေးရုံဆင်းသည့်အချိန်သို့မဟုတ် မဆင်းမီတွင် အပိုကုန်ကျစရိတ်ကို သင်မှ ပေးချေရမည်ဖြစ်သည်။ သတ်မှတ်ထားသည့် အတိုင်း အတာထက်ကျော်လွန်သည့် ဆေးဝါးအတွက် ကုန်ကျစရိတ်များ သို့မဟုတ် အခန်းခများ၊ ဓာတ်ခွဲခန်းခများ သို့မဟုတ် အခြားစစ်ဆေးစမ်းသပ်မှုများ၊ ကျွန်ုပ်တို့မှ complimentary အခမဲ့ပေးအပ်ထားသောဝန်ဆောင်မှုများအပြင် ပုဂ္ဂိုလ်ရေးကုန်ကျစရိတ်များ ကဲ့သို့သော အာမခံပေါ်လစီမှ ခွင့်ပြုမထား သည့် ကုန်ကျစရိတ်အချို့ ရှိနိုင်ပါသည်။ 

ခရီးသွား အာမခံ 

 

ခရီးသွားအာမခံဆိုသည်မှာ ရေခြားမြေခြားသို့ခရီးထွက်ကြသည့် တိုးရစ်(tourist) များ ကျယ်ပြန့်စွာအသုံးပြုသည့် ရေတိုအာမခံအမျိုးအစားဖြစ်ပါသည်။ ကျွန်ုပ်တို့၏၀န်ထမ်းများမှ အတွင်လူနာနှင့် ပြင်ပလူနာ နှစ်မျိုးစလုံးအတွက် အာမခံကုမ္ပဏီကို ဆက်သွယ်ရာတွင် လိုအပ်သည့်အကူအညီများကို ပေးအပ်သွားပါမည်။ သို့သော်၊ ခရီးသွား အာမခံသည့် ယေဘုယျအားဖြင့် ၄င်းတို့နောက်ထပ်ထည့်သွင်းစဉ်းစားရန်များအတွက် ခရီးစဉ်၏ အကြောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းအပြည့်အစုံလိုအပ်ပါသည်။ ခရီးသွားအာမခံအတွက် လိုအပ်သည့် စာရွက်စာတမ်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

 

   1။ နိုင်ငံကူးလက်မှတ်နှင့် လက်မှတ်ထိုးထားသည့် နိုင်ငံကူးလက်မှတ် မိတ္တူ

 2။ သင့်ခရီးသွားရက်ကို အတည်ပြုနိုင်ရန်အတွက် ဆိုက်ရောက်တံဆိပ်တုံးနှင့် ထွက်ခွာကတ် 

   3။ လက်ရှိ ကျန်းမာရေးအာမခံ အသိအမှတ်ပြုလက်မှတ် သို့မဟုတ် ကတ် 

   4။ အာမခံ ပေါ်လစီ မိတ္တူ

   5။ သင့်အာမခံ ကုမ္ပဏီမှ လိုအပ်သည့် အခြားစာရွက်စာတမ်းများ