Top

နှလုံး စင်တာ  

 

နှလုံးစင်တာသည် အာရှ၏  ပထမဆုံး  နှလုံးကုသမှုစင်တာဖြစ်ပြီး နှလုံးနှင့်ဆိုင်သည့် ရောဂါများအတွက် ရောဂါရှာဖွေ စမ်းသပ်မှုများနှင့် ကုသမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ နှလုံး သို့မဟုတ် ရင်ဘတ် ဆိုင်ရာ ကုသမှုနှင့် ခွဲစိတ်မှုများအတွက် နှင့် ဤကုသမှုလုပ်ငန်းစဉ်အသီးသီး အောင်မြင်နိုင်ရေးအတွက် ကျွမ်းကျင်မှုမြင့်မားသည့် အထူးကုသမားတော်ကြီးများနှင့် သူနာပြုများအဖွဲ့ လည်းရှိပါသည်။ စင်တာသည် နှလုံးသွေးလွတ်ကြော ပုံမှန်ပြန်လည် စီးဆင်းစေမည့်ခွဲစိတ်မှု (Coronary Artery Bypass) အပါအ၀င် ခေတ်မီနည်းပညာနှင့် နည်းနိုင်သမျှ အနည်းဆုံး ထိုးဖောက် သို့မဟုတ် ခွဲစိတ်ရသည့် နည်းလမ်းများကို အသုံးပြုပါသည်။ စင်တာကြီးတွင် အဆင့်အမြင့်ဆုံး ခေတ်အမီဆုံး နည်းပညာ၊ အထောက်အပံ့ ပစ္စည်းကိရိယာများကို တပ်ဆင်ထားပါသည်။   

 

အဆောက်အဦး  

ရွေ့ လျား CCU (နှလုံးသွေးလွတ်ကြော စောင့်ရှောက်မှု ယူနစ်):

အရေးပေါ်အခြေအနေများအတွက်၊ အထူးသဖြင့် နှလုံးရောဂါနှင့် ဆိုင်သည့်အခြေအနေများအတွက် ရွေ့လျား နှလုံး သွေးလွတ်ကြောစောင့်ရှောက်မှု ယူနစ် လူနာတင်ယာဉ်အား ထားရှိထားပါသည်။ ထိုလူနာတင်ယာဉ်တွင် အသက်ရှူ ကိရိယာ၊ နှလုံးခုန်နှုန်းစောင့်ကြည့်စက် (EKG monitor)၊ ခန္ဓာကိုယ်တွင်းရှိ အောက်ဆီဂျင်တိုင်းတာစက် (Pulse oximeter)၊ နှလုံးရောဂါဝေဒနာရှင်များ၏ အသက်များကို ကယ်တင်ရာတွင်အရေးကြီးလှသည့် သွေးလှည့်ပတ်မှုစနစ် အတွင်းသို့အရည်၊ ဆေးဝါး၊ အစာအာဟာရများဖြည့်သွင်းပေးသည့် Infusion pump စက် အစရှိသည်ဖြင့် ပစ္စည်း ကိရိယာအပြည့်အစုံပါဝင်ပါသည်။ 

 

ဟိုက်ဘရစ် ခွဲစိတ်ခန်း:

ဟိုက်ဘရစ် ခွဲစိတ်ခန်းအား အခြေအနေတိုးတက်ကောင်မွန်စေမည့် နည်းလမ်း (interventional approach) ကို ခွဲစိတ်ခန်းတွင်းရှိ စဉ်လာအတိုင်း ခွဲစိတ်ကုသမှုဆိုင်ရာ နည်းလမ်းဖြင့်ပေါင်းစည်းရန် ဖန်တီးထားခြင်းဖြစ်ပြီး၊ နှလုံး အထူးကုသမားတော်ကြီးအား နည်းနိုင်သမျှ အနည်းဆုံး ထိုးဖောက် သို့မဟုတ် ခွဲစိတ်ရသည့် နည်းလမ်းနှင့် (ခန္ဓာကိုယ်အားဖွင့်၍) ခွဲစိတ်ရသည့်နည်းလမ်းများကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေမည် ဖြစ်ပါသည်။ ဤစင်တာ အား ရုတ်တရက် နှလုံးဖောက်ခြင်း (Acute MI (Acute Myocardial infarction)) နှင့်ဆိုင်သည့် လက်တွေ့  စောင့်ရှောက်ကုသမှုအစီအစဉ် သက်သေခံလက်မှတ်များအားပေးအပ်သော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ ပူးတွဲကော်မရှင် (Joint Commission International Standards of Clinical Care Program Certifications (CCPC)) မှ အသိအမှတ်ပြုထားပါသည်။