Computerized Dynamic Posturography (CDP)

ဟန်ချက်ညီမှု မူမမှန်ခြင်းအား အကဲဖြတ်ခြင်း (Balance disorder assessment)
မတ်တပ်ရပ်နေသည့်အခါ သို့မဟုတ် ထိုင်နေသည့်အခါများတွင် အခန်းချာလပတ်လည်နေသကဲ့သို့ခေါင်းမူးပြီး ဒယိမ်းဒယိုင် ဖြစ်သလိုခံစားဘူးပါသလား။ သို့ဆိုလျှင် ဤခံစားမှုသည် ဟန်ချက်နှင့်ဆိုင်သည့် ပြဿနာဖြစ်နိုင်ပြီး လဲကျနိုင်စေကာ အရိုးကျိုးခြင်း သို့မဟုတ် အခြားထိခိုက်ဒဏ်ရာများ ရရှိစေနိုင်ပါသည်။ ဖြစ်ပွားရသည့် အဓိက ပြဿနာမှာ ကျွန်ုပ်တို့၏ အတွင်းနားတွင်းရှိ အင်္ဂါဖြစ်သော Labyrinth ကြောင့်ဖြစ်သည်။ ခန္ဓာ၏ အနေအထားကို ထောက်ပံ့ပေးရန်အတွက် Labyrinth သည် ကျွန်ုပ်တို့၏ ခန္ဓာရှိ အခြားအင်္ဂါအစိတ်အပိုင်းများဖြစ်သော မျက်လုံး၊ အရိုး နှင့် အဆစ်များ နှင့် လုပ်ငန်းများကိုအတူတကွဆောင်ရွက်ကြပါသည်။ 
ကျွန်ုပ်တို့၏ နား၊ နှာခေါင်း၊ လည်ချောင်စင်တာ (ENT center) တွင် ဟန်ချက်ညီမှုစနစ်ကို Computerized Dynamic Posturography (CDP) နည်းစနစ်ဖြင့် အကဲဖြတ်နိုင်ပါသည်။ မတ်တပ်ရပ်စမ်းသပ်သည့် အခြေအနေအမျိုးမျိုးဖြင့် လူနာများမှ ၄င်းတို့၏ဟန်ချက်များကို ထိန်းသိမ်းထားရန်လိုပါသည်။ ၄င်းတို့၏ ရွေ့လျားလှုပ်ရှားမှုများကို လက်တွေ့  စမ်းသပ်စစ်ဆေးမှု နှင့် အခြားဓာတ်ခွဲခန်းဆိုင်ရာ ရောဂါရှာဖွေစမ်းသပ်မှုများအပြင် နောက်ထပ် အကဲဖြတ်မှုများ အတွက် မှတ်တမ်းတင်ထားမည်ဖြစ်သည်။ 

 

ကြိုတင်ပြင်ဆင်ခြင်း


    • စမ်းသပ်စစ်ဆေးနေစဉ်အတွင် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို လျော့နည်းနိုင် စေရန် အစာကို ရှောင်ထားပါ။  
    • စမ်းသပ်မှုမပြုလုပ်မီ အာရုံခံစနစ်ကို ထိခိုက်စေနိုင်သောကြောင့် စမ်းသပ်မှုမပြုလုပ်မီ မည်သည့် ဆေးဝါးများ ကိုမှ မသောက်သုံးပါနှင့်။ 
    • တိကျသည့် ရလဒ်အတွက် ဖိနပ်ကို ချွတ်ထားပါ။ ၄င်းသည် စမ်းသပ်နေစဉ်အတွင်း မတော်တဆမှုများကို လည်းလျှော့ချပေးနိုင်ပါသည်။ 

 

သင့်တွင်အောက်ဖော်ပြပါ လက္ခဏာများရှိပါသလား။ 


    • နာတာရှည်ပြင်းထန်စွာမူးဝေခြင်း 
    • ဒယိမ်းဒယိုင်နှင့် လဲပြိုနိုင်သည့် အန္တရာယ်အားကြုံရနိုင်သည့် သက်ကြီးရွယ်အိုများ 
    • ခန္ဓာကိုယ်၏ ဟန်ချက်နှင့် လမ်းလျှောက်ပုံမမှန်ခြင်း 
    • ခန္ဓာကိုယ်၏အာရုံခံစနစ်၊ ကြွက်သားနှင့် အဆစ်လုပ်ငန်းဆောင်တာဆိုင်ရာပြဿနာများ  
    • ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိထားသည့် လူနာများ 


သင့်တွင် အထက်မှဖော်ပြထားသည့် လက္ခဏာများရှိပါက ချို့ ယွင်းချက်များ နှင့် လုပ်ဆောင်ချက်ကန့်သတ်မှုများကို အကဲဖြတ်မည့် ရိုးရှင်းသည့် နည်းဖြစ်သော Computerized Dynamic Posturography (CDP) ဖြင့် ဟန်ချက်ညီမှု နှင့်ဆိုင်သည့် ပြဿနာများကို ခွဲခြားသတ်မှတ်နိုင်ရန်အတွက် ကျွမ်းကျင်သည့် ဆရာဝန်များထံတွင် ပြသတိုင်ပင်ပါ။