PHYATHAI 2 INTERNATIONAL HOSPITAL

အနီးနားရှိ တည်းခိုနေထိုင်ရန်နေရာ 

 

ဖရာထိုင်း 2 ဆေးရုံ အနီးတွင် ဆေးရုံ၏လူနာများအတွက်သာ ပေးအပ်သည့် အထူးသီးသန့် နှုန်းဖြင့် တည်းခိုနေထိုင် နိုင်မည့် တည်းခိုခန်းများရှိပါသည်။ 

Abloom Exclusive Serviced Apartment

 

ဘီတီအက်စ် စနာမ်ပေါင်း (BTS Sanampao) အနီးတွင်တည်ရှိပြီး ဖရာထိုင်း 2 ဆေးရုံသို့ 10-15 မိနစ် အတွင်း ရောက်ရှိနိုင်ပါသည်။ 
ဈေးနှုန်း:  1,600 – 8,300 ထိုင်းဘတ်
အခန်း၏ အင်္ဂါရပ်များ 
အထူးသီးသန့် ဝန်ဆောင်မှုပေးသည့်တိုက်ခန်း (Exclusive Serviced Apartments) တွင် အခန်းအရွယ်အစား 43 စတုရန်း မီတာမှ 301 စတုရန်းမီတာအထိ ကျယ်ပြန့် သည့် အခန်းအမျိုးအစားများ ရှိပြီး၊ အခန်းတိုင်းတွင် ပရိဘောဂ နှင့် မီးဖိုချောင်သုံး အသုံးအဆောင်ပစ္စည်းများ အပြည့်အစုံပါဝင်ပါသည်။ ကျယ်ဝန်း ၍ သက်တောင့်သက်သာရှိပြီး၊ ကာလရှည်နေထိုင်မည့်သူများနှင့် မိသားစုများအတွက် အထူးသင့်လျော်ပါသည်။ 
    • အခမဲ့ ၀ိုင်ဖိုင် အင်တာနက် 
    • ဒစ်ဂျစ်တယ် မီးခံ သေတ္တာ 
    • ဆံပင်အခြောက်ခံစက် 
    • ရေချိုးခန်း သို့ မဟုတ် ရေချိုးကန် 
    • ပြီးပြည့်စုံသည့် လျှပ်စစ် အသုံးအဆောင်ပစ္စည်းများ
    • မီးပူ နှင့် မီးပူတိုက်ခုံ 
    • လေသာဆောင်အခန်း (တောင်းဆိုမှုအပေါ်မူတည် ၍)  
 
အခန်းခနှုန်းထားအကြောင်းပိုမိုသိရှိလိုခြင်း နှင့်ကြိုတင်မှာကြားထားလိုခြင်း  ရှိပါက ကျေးဇူးပြု၍ onestop@phyathai.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ သို့ မဟုတ် https://abloombangkok.com/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။ 

VIC 3 Hotel

 

ဖရာထိုင်း ခရိုင်၏ အလယ်ဗဟို အချက်အချာကျသောနေရာတွင် တည်ရှိပြီး၊ ဖရာထိုင်း 2 ဆေးရုံနှင့် 10-15 မိနစ်မျှ သာကွာဝေးသည်။  
ဈေးနှုန်း: 1,200 – 1,600 ထိုင်းဘတ်
အခန်း၏ အင်္ဂါရပ်များ 
VIC3 ဟိုတယ်ရှိ အခန်းများသည် စတိုင်ကျခေတ်မီလှပပြီး လေအေးပေးစက်ပါဝင်သည့် အခန်းများဖြစ်ကြသည်။ အခန်းတိုင်းတွင် ဖလက် (flat) TV၊ သီးသန့် မီးခံသေတ္တာ နှင့် ရေပန်းရေချိုးခန်းများပါဝင်သည်။ 
    • အခမဲ့ ၀ိုင်ဖိုင် အင်တာနက် 
    • နေ့ စဉ် ဘူဖေး မနက်စာ  
    • Flat TV
    • သီးသန့် မီးခံသေတ္တာ 
    • ရေပန်းရေချိုးခန်း 
    • အဆောက်အဦးပြင်ပ ရေကူးကန်နှင့် ကြံ့ခိုင်ရေးစင်တာ (fitness center)                  
 
အခန်းခနှုန်းထားအကြောင်းပိုမိုသိရှိလိုခြင်း  နှင့်ကြိုတင်မှာကြားထားလိုခြင်း ရှိပါက ကျေးဇူးပြု၍ onestop@phyathai.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ သို့ မဟုတ် www.vic3bangkok.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

VIB Best Western Sanam Pao

 

ဘီတီအက်စ် စနာမ်ပေါင်း (BTS Sanam Pao) နှင့် ချိတ်ဆက်ထားပြီး၊ ဖရာထိုင်း 2 ဆေးရုံသို့ မိနစ်ပိုင်းအတွင်း လမ်းလျှောက်ရောက်ရှိနိုင်ပါသည်။ 
ဈေးနှုန်း: 1,200 ထိုင်းဘတ်

အခန်း၏ အင်္ဂါရပ်များ 
Vib Best Western စနာမ်ပေါင်း သည် သက်ဝင်လှုပ်ရှားနေသည့် ဘန်ကောက်မြောက်ပိုင်း၏ အလယ်ဗဟိုတွင် တည်ရှိပြီး၊ ခေတ်မီတောက်ပသည့် အခန်းများဖြင့် ဧည်သည့်များအား အဆင်ပြေချောမွေ့ စေမည်ဖြစ်ပါသည်။  
-    Flat TV
-    အခမဲ့ ၀ိုင်ဖိုင်အင်တာနက်
-    ဒစ်ဂျစ်တယ် မီးခံ သေတ္တာ 
-    Grab-n-go သွားရည်စာဆိုင် 
-    ဆံပင်ခြောက်စက် 
-    ရေချိုးခန်းနှင့် အသုံးအဆောင် ပစ္စည်းများ 
 
အခန်းခနှုန်းထားအကြောင်းပိုမိုသိရှိလိုခြင်း  နှင့်ကြိုတင်မှာကြားထားလိုခြင်း ရှိပါက ကျေးဇူးပြု၍ onestop@phyathai.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ သို့ မဟုတ် www.vibsanampaobangkok.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။