ဖယားထိုင်း2 ဆေးရုံကြီးအကြောင်း

ဖယားထိုင်း 2 ဆေးရုံကို 1987 ခုနှစ် ဇူလိုင်လ 22 ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်၊၊ ဆေးရုံကြီးသည် ဘန်ကောက်ရှိ  ထိပ်တန်းဆေးရုံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကျွမ်းကျင်မှုမြင့်မားသည့် ဝန်ထမ်းများ၊ သူနားပြုများနှင့် အရည်အချင်းပြည့်မီသည့်ဆရာဝန်များဖြင့်ကျန်းမာ‌ရေးဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်‌နေပါသည်၊၊ ဆေးရုံသည်ရောဂါအားတိကျစွာရှာဖွေဖော်ထုတ်နိုင်ရန်နှင့် အကောင်းမွန်ဆုံးသော ကုသမှုရရှိရန်အတွက် ဆန်းသစ်မှုနှင့် အကောင်းဆုံးအဆင့်မြင့်နည်းပညာများကို အသုံးပြုပါသည်၊၊ ဥပမာ အသစ်ဖွင့်လှစ်လိုက်သည့် ဟိုက်ဘရစ်ခွဲစိတ်ခန်းသည် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသမှုများအာ ခံယူရန်လိုအပ်သည့် လူနာများအတွက် အရေးကြီးသော ကုသမှုများကို ပေးနေပါသည်။ဆေးရုံကြီးသည် ‌အဆင်ပြေလွယ်ကူစွာ သွားလာရောက်ရှိနိုင်သည့် နေရာဖြစ်သော အမှတ် 943 ဖဟွန်ယိုထင်လမ်းမကြီးပေါ််တွင်တည်ရှိပြီး ဆနမ်ပေါက် BTS မိုးပြန်ရထားဘူတာရုံသို့ လမ်းလျောက်ရောက်ရှိနိုင်သည့် အကွာအအဝေးတွင်တည်ရှိပါသည်။

 

လျောက်လမ်းနှင့်တွဲဆက်ထားသည့် အဆောက်အဦး နှစ်လုံးပါဝင်သော ဆေးရုံကြီးသည် လူအများမှ မိမိတို့၏ ကိုယ်ပိုင် သုခချမ်းသာမှုကို ထိန်းချုပ်စီမံနိုင်သည့် စွမ်းအားရှိသော ကမ္ဘာကြီးကို ဖန်တီးဖော််ဆောင်ခြင်း ( Creating a world in which people have the power to control their own well-being)ဟူသော ဆောင်ပုဒ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို မြင့်တင်ဆောင်ရွက်နေပါသည်။ ဆေးရုံကြီးသည် လူနာများအတွက် အဆင့်မြင့် ဝန်ဆောင်မှုများကို ပေးအပ်နေသည်သာမက၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အကောင်းဆုံးဆောင်ရွက်မှုများကြောင့် ဂုဏ်အသရေတင့်တယ်သည့်အပြင် အခါအခွင့်သင့်တိုင်းရေရှည်တည်တံ့ခိုင်မာမှုအတွက် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

 

ဖယားထိုင်း ၂ ဆေးရုံကြီးတွင် အတွင်းလူနာများအတွက် ကုတင် 260လုံးနှင့် ‌ခေတ်မီစက်ကိရိယာပစ္စည်း အစုံအလင်တပ်ဆင်ထားသည့် ရောဂါစမ်းသပ်ရှာဖွေခန်း 76 ခန်းရှိသကဲ့သို့နေ့စဥ််ပြင်ပလူနာ 2,000အားလုံးကိုလည်း ဝန်ဆောင်မှုပေးနိုင်ပါသည်။ ထို့ပြင် ဆေးရုံကြီးသည် ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိသည့် လုပ်ငန်းခွင်ဝန်းကျင်တွင် လူနာများကို အမြင့်ဆုံး စံချိန်စံညွှန်းများဖြင့် စောင့်ရှောက်ကုသမည့် ၄င်း၏လုပ်ဆောင်မှုအသိအမှတ်ပြုခြင်းခံရသည် JCI (အပြည်ပြည်ဆိုင်ရာပူးတွဲကော်မရှင်)၏အသိအမှတ်ပြုထောက်ခံချက်လည်းရရှိထားပါသည်။

 

 

Vision And Mission

 

  ရည်မှန်းချက်

ထိုင်းနိုင်ငံ၏ အကောင်းဆုံး အထူးချွန်ဆုံးဆေးရုံများထဲ၌ တစ်ခုအပါအဝင်ဖြနိုင်စေရန်

  Mission

ကျွန်ုပ်တို့သည် ထူးခြားထင်ရှားသည့် ဝန်ဆောင်မှူ ပတ်ဝန်းကျင်နှင့်တကွ ပညာရေးနှင့် သုတေသနအခြေပြုဒီဇိုင်းနှင့် စနစ်၏ ထိရောက်မှုများ ပါဝင့်သည့် ကမ္ဘာ့အဆင့်မီ ကျန်းမာ‌ရေးဝန်ဆောင်မှုကို ပေးအပ်ပါသည်။