PHYATHAI 2 INTERNATIONAL HOSPITAL

ထူးခြားဆုံး စင်တာများ

ဦးနှောက်နှင့် အာရုံကြောစင်တာ

ဦးနှောက်နှင့် အာရုံကြောစင်တာတွင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများကို ဦးဆောင်စောင့်ရှောက်ကုသပေးနိုင်ရန်အတွက် မိမိတို့၏ ဘဝကိုနှစ်မြှပ်ထားသည့် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံမြှင့်မားသော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပါရဂူကြီးများရှိပါသည်၊၊ ကုသမှုများအားပေးရာတွင် လူနာများခံစားရသည့်နာကျင်မှုအား ပိုမိုလျော့နည်းသက်သာစေရန်အတွက် ဦးနှောက်အာရုံကြောပုံရိပ်ဖော်စက် (neuro-navigator) ‌ခေတ်မီအဏုကြည့်မှန်ပြောင်းစသည့် အဆင့်မြင့် ပစ္စည်းကိရိယာများအပြင် နည်းနိုင်သမျှ အနည်းဆုံးထိုးဖောက်ခေတ်မီသည့် ကုသစောင့်‌ရှောက်မှုများကို ပေးအပ်လျက်ရှိပါသည်။

 

အောင်မြင်သည့် ကုသမှုများအပြင် ဦးနှောက်နှင့် အာရုံကြောစင်တာသည် လူနာများအတွက် အထူးသဖြင့် ကျွမ်းကျင်သူ၏ ထောက်ခံချက် ‌အပေါ်််််််မူတည်ပြီး တစ်ဦးချင်းစီ၏ လိုအပ်ချက်အတွက် ဒီဇိုင်းရေးဆွဲထားသည့် ပြန်လည်ထူထောင်ရေး ကုထုံး အစီအစဥ်များလည်းရှိပါသည်

 

ဦးနှောက်သွေးကြောကျဥ်း/ပိတ်ခြင်းကြောင့် လေဖြတ်ခြင်း(Acute Ischemic Stroke)နှင့် သက်ဆိုင်သည့် လက်တွေ့စောင့်ရှောက်ကုသမှု အစီအစဥ် သက်သေခံလက်မှတ်များအားပေးအပ်သော အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်းများ ပူးတွဲကော်မရှင် (Joint Commision Internatinal Standards of Clinical Care Program Certifications (CCPC))မှ အသိအမှတ်ပြုထားသည့် လေဖြတ်ခြင်းဆိုင်ရာအဖွဲ့ (The Stroke Medical Team)မှ တိုးတက်မြင့်မားဆန်းသစ်သည့် နည်းလမ်းများဖြင့် ဆေးဝါးများကိုလည်း ကုသပေးလျက်ရှိပါသည်။

 

စင်တာကြီးမှ

1.သာလွန်ကောင်မွန်သည့် ရလဒ်

2.သာလွန်ကောင်မွန်သည့် ဆေးဝါး စက်ပစ္စည်းကိရိယာများ

3.သာလွန်ကောင်းမွန်သည့် ခွဲစိတ်ပြီးနောက်ပိုင်းကာလပြုစုစောင့်‌ရှောက်သည့်အဖွဲ့ အစရှိသည်ဖြင့် သာလွန်ကောင်းမွန်းခြင်းများကို စင်တာမှဝန်ဆောင်မှုပေးလျက်ရှိပါသည်၊၊

နှလုံးစင်တာ

နှလုံးစင်တာသည် အာရှ၏ ပထမဆုံး နှလုံးအကုသမှုစင်တာဖြစ်ပြီး နှလုံးနှင့်ဆိုင်သည့် ရောဂါများအတွက် ရောဂါရှာဖွေ စမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသည်။ နှလုံး သို့မဟုတ် ရင်ဘတ် ဆိုင်ရာကုသမှုနှင့် ခွဲစိတ်မှုများအတွက်ကုသမှုလုပ်ငန်းစဥ် အသီးသီး အောင်မြ်နိုင်‌ရေးအတွက် ကျွမ်းကျင်မှုမြင့်မားသည့် အထူးကုသမားတော်ကြီးများနှင့် သူနာပြုအဖွဲ့လည်းရှိပါသည်။ စင်တာသည် နှလုံးသွေးလွတ်ကြော ပုံမှန်ပြန်လည် စီးဆင်းစေမည့်ခွဲစိတ်မှု ( Coronary Artery Bypass) အပါအဝင် ခေတ်မီနည်းပညာနှင့် နည်းနုင်သမျှ အနည်းဆုံး ထိုးဖောက်ခြင်း သို့မဟုတ် ခွဲစိတ်ရသည့် နည်းလမ်းများကို အသုံးပြုပါသည်။ စင်တာကြီးတွင် အဆင့်မြင့်ဆုံး ခေတ်အမီဆုံး နည်းပညာ၊ အထောက်အပံ့ပစ္စည်းကိရိယာများကို တပ်ဆင်ထားပါသည်။

 

အဆောက်အဦး

ရွေ့လျား CCu (နှလုံးသွေးလွတ်ကြော စောင့်ရှောက်မှု ယူနစ်)

အရေးပေါ််အခြေအနေများအတွက် အထူးသဖြင့် နှလုံးရောဂါနှင့် ဆိုင်သည့်အခြေအနေများအတွက် ‌ရွေ့လျား နှလုံး သွေးလွတ်ကြောစောင့်ရှောက်မှုယူနစ် လူနာတင်ယာဥ််အား ထားရှိထားပါသည်၊၊ ထိုလူနာတင်ယာဥ်တင်အသက်ရှု ကိရိယာ နှလုံးခုန်နှုန်းစောင့်ကြည့်စက် (EKG monitor) ခန္ဓာကိုယ်တွင်းရှိ အောက်ဆီဂျင်တိုင်းတာစက် ( pulse eximeter) နှလုံးရောဂါ‌‌ဝေဒနာရှင်များ၏ အသက်များကို ကယ်တင်ရာတွင် အရေးကြီးလှသည့် သွေးလှည့်ပတ်မှုစနစ် အတွင်းသိုအရည် ဆေးဝါး အစာအဟာရများဖြည့်သွင်းပေးသည် infusion pump စက်အစရှိသည်ဖြင့် ပစ္စည်း ကိရိယာအပြည့်အစုံပါဝင်ပါသည်

 

ဟိုက်ဘရစ် ခွဲစိတ်ခြင်း

ဟိုက်ဘရစ် ခွဲစိတ်ခန်းအား အခြေအနေတိုးတက်ကောင်းမွန်စေသည့် နည်းလမ်း (interventional approach) ကို ခွဲစိတ်ခန်းတွင်းရှိ စဥ်လာအတိုင်း ခွဲစိတ်ကုသမှုဆိုင်ရာနည်းလမ်း‌‌ဖြင့်ပေါင်းစည်းရန် ဖန်တီးထားခြင်းဖြစ်ပြီး နှလုံး အထူးကုသမားတော်ကြီးအား နည်းနိုင်သမျှ အနည်းဆုံးထိုးဖောက်ခြင်း သို့မဟုတ် ခွဲစိတ်ရသည့် နည်းလမ်းနှင့် (ခန္ဓာကိုယ်အားဖွင့်ခြင်း) ခွဲစိတ်ရသည့် နည်းလမ်းများကို တစ်ပြိုင်နက််တည်းအသုံးပြုနိုင်စေမည်ဖြစ်ပါသည်။ ဤစင်တာအား ရုတ်တရက် နှလုံးဖောက်ခြင်း (Acute MI(Acute Myocardial infarction))နှင့် ဆိုင်သည့် လက်တွေ့ စောင့်‌ရှောက်ကုသမှုအစီအစဥ် သက်သေခံလက်မှတ်များအားပေးအပ်သော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ ပူးတွကော်မရှင်(Joint Commision International Standards of Clinical Care Program Certifications (CCPC))မှ အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။

စိတ်ဒဏ်ရာနှင့် ပြန်လည်တည်ဆောက်ခြင်းစင်တာ

ဒီစင်တာသည် ကြီးမားပြင်ထန်သည့် မတော်တဆမှုအား ကြုံတွေ့ ခဲ့ရသည့် လူနာများအတွက် စိတ်ဒဏ်ရာနှင့် အရိုးကျိုးခြင်းနှင့် သွေးကြောများကို ပြန်လည်တွဲဆက်ပေးမည့် ကုသမှုအားပေးအပ်သည့် စင်တာကြီးဖြစ်ပါသည်။ ပေးအပ်သည့် ဝန်ဆောင်မှုများတွင် ခွဲစိတ်ပြီးပြန်လည်တည်ဆောက်ခြင်း ဒဏ်ရာအနာတရများအား ပျောက်ကင်းသည်အထိ ပြုစုစောင့်ရှောက်ပေးခြင်း ခွဲစိတ်ပြီးနောက်ပိုင်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြုစုစောင့်ရှောက်ခြင်းများပါဝင်ပါသည်၊၊ ဥပမာ အရိုးအားပြန်တွဲဆက်ခြင်း တစ်ရှူးကြွက်သား အရွတ် သွေးလွတ်ကြော နှင့် သွေးကြောများအား နဂိုကဲ့သို့ ပြန်လည်ကောင်းမွန်စေခြင်း အစရှိသည့် ဝန်ဆောင်မှုများဖြစ်ပြီး ဝန်ဆောင်မှုနယ်ပယ်တစ်ခုချင်းစီအတွက် ကျွမ်းကျင်သည့် သမားတော်ကြီးများလိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ကိုဖြည့်ဆည်းပေးမည့် သူများမှာ အာရှတလွှားဂုဏ်သတင်းကြီးမားကြသည့် ကျွန်ုပ်တို့၏အထူးကုသမားတော််ကြီးများပင်ဖြစ်ပါသည်၊၊ အကြံပေး ပုဂ္ဓိုလ်များ သူနာပြုများ ပြန်လည်ထူထောင်ရေး ဆိုင်ရာသမားတော်များနှင့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များပါဝင်သည့် ကျွန်ုပ်တို့၏ အထူးကုအဖွဲ့သည် သင်၏ရောဂါအခြေအနေကို ရှာဖွေဖော်ထုတ်ကုသနိုင်ရန်အတွက် အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်၊၊ လူနာများသည် ထူးကဲသာလွန်ကောင်းမွန်သည့် ရလဒ်နှင့် ဆေးဝါးကုသမှု၏အကျိုးကို ခံစားနိုင်မည်ဖြစ်သည်၊၊ ရည်မှန်းချက်မှာ လူနာများအား ပုံမှန် နေ့စဥ်ဆောင်ရွက်လုပ်ရှားမှုများကို ပြန်လည်ဆောင်ရွက်စေလိုမည့် အခွင့်အလမ်းအား ပေးအပ်လိုခြင်းဖြစ်ပါသည်၊၊ ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာစံ့ချိန်စံညွှန်းနှင့်အညီ ဆန်းသစ်သည့် ကုသမှုနည်းစနစ်ဆိုင်ရာဆေးဘက်ဆိုင်ရာ သုတေသနကိုလည်း ပြုလုပ်ပါသည်၊၊ လူနာစောင့် ရှောက်ရေးအတွက် ကျွန်ုပ်တို့ကျွမ်းကျင်မှုအဆင့်ကို မြင့်တင်နိုင်ရန် ကျွန်ုပ်တို့၏ကိုယ်ပိုင် ဖယားထိုင်း2 သုတေသနနှင့် ဆန်းသစ်တီထွင်မှုဌာန ကိုဖန်တီးဖော််ဆောင်ထားပါသည်၊၊

ကျန်းမာရေးစစ်ဆေးခြင်း စင်တာ

မိမိတို့၏ ဘဝနှင့်အချိန်ကို အလုပ်အတွက်နှစ်မြှပ်ထားကြသည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးရုံဝန်ထမ်းများကြောင့် သင့်ကျန်းမာရေးအခြေခံလိုအပ်ချက်များအတွက် တိုင်ပင်ဆွေးနွေးမှုနှင့် ကုသမှုများ၏ အမြင့်ဆုံးအရည်အသွေးကို ရရှိခံစားကြရပါမည်၊၊ စင်တာကြီးတွင် အလုပ်အကိုင်အတွက် ကျန်းမာရေးစစ်ဆေးခြင်း၊ နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းအပြုမီ ကျန်းမာရေးစစ်ဆေးခြင်း နှင့် နှစ်စဥ်ကျန်းမာရေးစစ်ဆေးမှုများကဲ့သို့သော တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြည့်စည်းပေးမည့် ထူးခြားသော ပက်ကေ့ချ်များလည်းရှိပါသည်၊၊

ဤသို့ ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း‌ဖြင့် တွေ့ရှိလာသည့် နာမကျန်းမှုများကို ချက်ချင်းကုသလျော့နည်းစေနိုင်မည် ဖြစ်ပါသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့လူနာများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရန်နှင့် လူနာများ၏ အခြေအနေကိုစီမံခြင်းနှင့် ဘဝအရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားရှိနိုင်စေရန်အတွက် အကြွင်းမဲ့ လူနေမှု ပုံစံပြုပြင်မွမ်းမံခြင်း (Total Lifestyle Modifications (TLM))ကဲ့သို့သော သင့်လျော်မှု အရှိဆုံးနည်းလမ်းများကို အကြံဥာဏ်များပေးအပ်ရန်ဖြစ်ပါည်၊၊ 

ကျန်းမာရေးသုတေသနစင်တာ (Healthcare Research Center)ဖြစ်လာရန်အတွက်လည်း အ‌မေရိကန်နိုင်ငံရှိ Oregon Health&Science University (OHSU) ၏အဖွဲ့ဝင်အဖြစ်လည်း အသင်းဝင်ထားပါသည်

အမျိုးသမီးစင်တာ

အမျိုးသမီးစင်တာသည် ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများ ကောင်းမွန်စွာလေ့ကျင့်သင်ကြားပြီး လွန်စွာ ကျွမ်းကျင်မှုရှိကြသည့် မီးယပ်‌ရောဂါအထူးကုများဖြင့် ခွဲစိတ်ကုသမှုခံယူခြင်းများအပါအဝင် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်လျက်ရှိပါသည်၊၊ ဤစင်တာတွင် ခွဲစိတ်ရာအပေါက် ‌သေးလေးတစ်ပေါက်သာဖြစ်ပေါ်စေပြီး အနာရွတ်မထင်သည့် Laparoscope ဟုခေါ်‌သော မှန်ပြောင်းဖြင့် ဝမ်း‌ဗိုက်တွင်း ထိုးသွင်းခွဲစိတ်သည့် Laparoscope Gynecology Surgery (Single port technique)နည်းလမ်းသစ်ကိုလည်း ဆန်းသစ်အသုံးပြုလျက်ရှိပါသည်၊၊

ထို့အပြင် အန္တရာယ်မြင့်မားသည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် မိခင်နှင့် သန္စေသားဆေးပညာဆရာဝန် (Maternal Fetal Medicine Doctor (MFM Doctor)များမှ စောင့်ရှောက်ခြင်း အစီအစဥ်များလည်းရှိပါသည် စင်တာကြီးတွင် 4D အာထရာဆောင်း ဒစ်ဂျစ်တယ်နည်းပညာပုံရိပ်ဖော်စက် (Digatal Mammmogram) အရိုးသိပ်သည်းဆတိုင်းတာစက် (Bone Densitometry) သားအိမ်ခေါင်း စမ်းသပ်စစ်ဆေးခြင်း (Thin_pep Prep Test) သားအိမ်ခေါင်း အမျိုးသမီးအဂ်ါဇတ် စမ်းသပ်စစ်ဆေးခြင်း (colposcope )နှင့် အသားစ ထစ်ရှူးစစ်ဆေးခြင်း (Biospy)များပြုလုပ်မည့်စက်များကဲ့သို့သော ခေတ်မီစက်ကြီးများကိုလည်း စမ်းသပ်ခန်းဆယ်ခန်းတွင် တပ်ဆင်ထားပါသည်၊၊ မိခင်လောင်းများအတွက် အကျိုးရှိသည့် သတင်းအချက်အလက်များ ရရှိနိုင်ရန်နှင့် မိခင်အချင်းချင်းကြား ၄င်းတို့၏ အတွေ့အကြုံများကို ဝေမျှနိုင်စေရန်အတွက် " မိခင် ကလပ်"အသင်းကိုလည်းဖွဲ့စည်းပေးထားပါသည်

ထို့အပြင် သုတ်ပိုးအားထိုးသွင်းခြင်း (Artificial insemination) မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးခြင်း (Microarray) IUI IVF နှင့် သိသိသာသာ ဘေးကင်းသည့်နည်းလမ်း UCSI များကဲ့သို့သော တန်ဖိုးကြ

မားသည့် အရည်အသွေးမြင့် မျိုးပွားနိုင်စွမ်းမရှိခြင်းဆိုင်ရာနည်းပညာများဖြင့်လည်း မျိးပွားမှုဆိုင်ရာနည်းပညာ (Assisted Reproductive Technology)ဆေးခန်းတွင် ဝန်ဆောင်မှုများပေးအပ်နေပါသည်

ကလေးစင်တာ

သင့်ရင်သွေးများသည် သင့်အတွက် မည်မျှအဖိုးတန်ကြောင်းကို ကျွန်ုပ်တို့နားလည်သဘောပေါက်ပါသည်။

ထို့ကြောင့် သင့်‌ရင်သွေးကို မေတ္တာဂရုဏာနှင့် နှစ်သိမ့်ချမ်းမြေ့မှုပေးမည့် ပတ်ဝန်းကျင်တွင် အကောင်းဆုံး ပြုစုစောင့်ရှောက်ပံ့ပိုးပေးသွားရန် သံဓိဌာန်ချမှတ်ဆောင်ရွက်အထိ သင့်ရင်သွေးနှင့် သင့်ရင်သွေးနှင့် သင့်မိသားစုကိုရင်းနှီးဖော်ရွေ နွေးထွေးစွာဖြင့် ဂရုစိုက်စောင့်ရှောက်မည့် ကျွမ်းကျင်သူနာပြုများလည်းရှိပါသည်

သင်သည် နိုင်ငံခြားသားဖြစ်ပါက ဘာသာစကားအခက်အခက်ဖြစ်ပေါ်ခြင်းမရှိရလေစေရန်အတွက်စကားပြန်လည်းအသင့်ရှိပါသည်

ကျွန်ုပ်တို့၏ ပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများ

ကလေးပြင်လူနာဌာန

ကလေးအတွင်းလူနာဌာန

ကလေးအထူးကြပ်မတ်ကုသဆောင်

မွေးကင်းစအထူးကြပ်မတ်စောင့်ရှောက်သည့် ယူနစ်

ကလေးနှလုံးခဲစိတ်ကုသဆောင်

ဆယ်ကျော်သက်လေးများအတွက်ဆေးခန်းစသည်တို့ရှိပါသည်