အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှု

ဖယားထိုင်း2ဆေးရုံမှ အပြည်ပြည်ဆိုင်ရာ လူနာများကို ကြိဆိုပါသည်၊၊ ကျွန်ုပ်တို့မှ အပြည်ပြည်ဆိုင်ရာ လူနာများအား အကောင်းဆုံးကျန်းမာရေးကုသစောင့်ရှောက်မှုပေးရန် အသင့်ရှိပါသည်၊၊

နိုင်ငံရပ်ခြားမှ လူနာများအား အဆင်မြင့်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုကို ပေးဆပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစင်တာအားတည်ထောင်ထားခြင်းဖြစ်ပါသည်။ကွဲပြားသည့် ထုံးတမ်းဓလေ့များကို လေးစားသမှုဖြင့် လူနာအယောက်ချင်းစီအား ကုသစောင့်ရှောက်ပေးသွားမည်ဖြသည်

 

အပြည်ပြည်ဆိုင်ရာကျန်းမာရေးစင်တာ(IRC)

 

အရည်အသွေးမြင့် မေတ္တာဂရုဏာပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုအတွက် ကောင်းမွန်သည့် ဆက်ဆံ‌ရေးသည် မရှိမဖြစ်လိုပါသည်။ထို့ကြောင့် နိုင်ငံတကာမှလူနာများအတွက် အပြည်ပြည်ဆိုင်ရာ ဆက်ဆံ‌ရေးစင်တာမှ စကားပြန်ဝန်ဆောင်မှုကိုစီစဥ်ထားရှိပေးထားပါသည်။ကျွန်ုပ်တို့၏ အထူးသံတမန်များသည် အဂၤလိပ် အာရပ် ဂျာမာန် ကမ္ောတီးယား ပြင်သစ် စပိန် မြန်မာနှင့် ဘဂ်လားဒေ့ရှ် ကဲ့သို့သောဘာသာစကားအများအပြားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်းစွမ်းရှိကြသည် သင့်လာရောက်မှု အဆင်ပြေလွယ်ကူစေ‌ရေးအတွက် ဆေးကုသမှု လုပ်ငန်းစဥ်တစ်လျှောက်တွင် သင့်အားဝမ်းမြောက်ဝမ်းသာစွာဖြင့် လိုက်ပါကူညီပေးရန် အသင့်ရှိပါ

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ (ICC)

ဖယားထိုင်း2 ဆေးရုံသို့ နိုင်ငံတကာမှ လူနာများသည် ဆွေးနွေးတိုင်ပင် အကြံဉာဏ်များရယူရန်နှင့် ဒုတိယထင်မြင်ချက်နှင့် ဆေးကုသမှုများ ခံယူရန် နှစ်စဥ်နှစ်တိုင်း လာရောက်လေ့လာလေ့ရှိပါသည်။ကမ္ဘာ့အဆင့်မီ ကျန်းမာရေး ဝန်ဆောင်မှုအတွက် ကျွန်ုပ်တို့၏အပြည်ပြည်ဆိုင်ရာဆက်သွယ်ပြန်ကြားရေးစင်တာတွင် သင့် ကိုသြဒီနေတာ(Coordinator)အဖြစ် ကျွန်ုပ်တို့၏ ဆေးရုံသို့ မလာရောက်မှီ နှင့် လာရောက်စဥ်အတွင်း အောက်ဖော်ပြပါဝန်ဆောင်မှုများပေးသည့် ဝန်ထမ်းများရှိပါသည်

  • ဆေးဝါးကုသမှုနှင့်ဆိုင်သော စုံစမ်းမေးမြန်းလိုသည်များအတွက် ပံ့ပိုးကူညီခြင်း
  • ဆေးဝါးကုသမှု ရက်ချိန်းများအတွက် စီစဥ်ပေးခြင်း
  • ဆေးရုံတက်ရောက်ခွင့်လုပ်ငန်းစဥ်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း
  • ဝန်ဆောင်မှုအတွက် ကုန်ကျစားရိတ်များကို တွက်ချက်ခန့်မှန်းပေးခြင်း
  • ဟိုတယ်အခန်းအတွက် ကြိုတင်ဘိုကင်တင်ပေးခြင်း
  • ဗီဇာအတွက် ကူညီပေးခြင်း
  • သယ်ယူပို့ဆောင်ရေးအတွက် စီစဥ်ပေးခြင်း လေဆိပ်သို့မဟုတ် ဟိုတယ်တွင် သွားရောက်ကြိုပေးခြင်း
  • ငွေသားမဲ့ ဝန်ဆောင်မှုအတွက် ဆန္ဒရှိပါက သင့်ကျန်းမာရေးအာမခံကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးစင်တာတွင် မှတ်ပုံတင်ထားပါက ပထမခရီ်တွင်သင်သာမက ဆေးဝါးကုသမှုတစ်လျောက်လုံးတွင် လူနာတစ်ဦးချင်းစီအား ပံ့ပိုးလမ်းညွှန်ပေးသွားမည်ဖြစ်ပါသည် သင့်အား ကုသမှုခံယူရမည့်ဆေးရုံတွင် သင်ကုသမှုနှင့်ဆိုင်သည့်ဖိုင်ဖြင့် အဆင်သင့်စောင့်ဆိုင်းနေပါမည်။ ထို့ကြောင့် လုပ်ငန်းစဥ််များတိုတောင်းပြီး စောင့်ဆိုင်းရသည့် အချိန်ကို သက်သာစေပါသည်။ ကျွန်ုပ်တို့၏ဆောင်ရွက်မှုတိုင်းသည် သင်၏ အဆင်ပြေလွယ်ကူစေရေးအတွက် အတတ်နိုင်ဆုံးဒီဇိုင်းရေးဆွဲဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

သင့်အားဝန်ဆောင်မှုများပေးအပ်နိုင်ရန် မျှော်လင့်ပါသည်။ ဆက်သွယ်စုံစမ်းရန် -
အီးမေး : onestop@phyathai.com
ဖုန်း     : +662-617-2444 ext. 2020, 2047, 5222
ဖက်ဖက်စ်  : +662-619-8555