ဟိုက်ဘရစ် ခွဲစိတ်ခန်း

ဟိုက်ဘရစ် ခွဲစိတ်ခန်းအား ခေတ်မီနည်းပညာစက်ပစ္စည်းများ တပ်ဆင်ထားသောကြောင့် သွေးကြောနှင့် နှလုံးခွဲစိတ် မှုကို တစ်ချိန်တည်းတစ်ပြိုင်တည်း ခံယူရန်လိုအပ်သည့် လူနာများအတွက် အဆင်ပြေမှုရှိစေပါသည်။ ၄င်းအား မော်ကျူလာ ခွဲစိတ်ခန်းအဖြစ် တည်ဆောက်ထားသောကြောင့် အဆင့်မြင့်ခေတ်မီနည်းပညာများ၏လိုအပ်ချက် နှင့် အဆက်မပြတ်ပြောင်းလဲနေသည့်လိုအပ်ချက်များ နှင့်ကိုက်ညီမှုရှိစေရန် နံရံအစိတ်အပိုင်းများကိုလည်း လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ပါသည်။ ခွဲစိတ်ခန်းနံရံကိုလည်း ဘက်တီးရီယားများကပ်ညှိနိုင်ခြင်းမရှိစေရန် ဒီဇိုင်းရေးဆွဲထားပြီး၊ လိုအပ်မှုနှင့်အညီ ပြောင်းလဲချိန်ညှိနိုင်သည့် အထူးအလင်းရောင်စနစ်ကြောင့် ခွဲစိတ်ရာတွင် အလင်းရောင်ကို တသမတ်တည်းရရှိစေပြီး အန္တရာယ်ကင်းစေပါသည်။ 
ဟိုက်ဘရစ်ခွဲစိတ်ခန်းတွင် တိုးတက်ခေတ်မီသည့်ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်နည်းပညာဖြစ်သည့် Flexmove အား တပ်ဆင်ထားသောကြောင့် သရီးဒီ ပုံရိပ်များကို ဖန်တီးရာတွင် ပြောင်းလွယ်ပြင်လွယ်ရှိပြီး 360 ဒီဂရီး လှည့်ပတ်နိုင် ပါသည်။ ထို့ကြောင့်၊ ဆရာဝန်များမှ ကိုယ်အင်္ဂါအစိတ်အပိုင်း၏ အရွယ်အစားနှင့် တည်နေရာကို အတိအကျသိရှိ ပါသည်။ ၄င်းပြင်၊ ရွှေ့ ပြောင်း၍မရသည့် C-Arms၊ CT scanners နှင့် MRI scanners များကိုလည်းတပ်ဆင်ထား ပါသည်။ ဤရှုပ်ထွေးပုံရိပ်ဖော်စက်များသည် အလွန်သေးငယ်သည့် နှလုံးထဲရှိ သွေးကြောမျှင်လေးများကဲ့သို့သော သေးငယ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို တွေ့မြင်စေနိုင်သောကြောင့် ၄င်းတို့၏ အကူအညီဖြင့် ခွဲစိတ်ရာတွင် ခွဲစိတ်ရာသေးငယ်ပါသည်။ ဟိုက်ဘရစ်ခွဲစိတ်ခန်းထဲတွင် လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်သည့် ခွဲစိတ်စင် လည်းရှိပါသည်။ ထို့ကြောင့်၊ ခွဲစိတ်မှုအမျိုးမျိုးကို သက်တောင့်သက်သာ အဆင်ပြေပြေဖြင့် ဆောင်ရွက်နိုင်ပါသည်။ ပထမဦးဆုံးအနေဖြင့် ခွဲစိတ်ဆရာဝန်များမှ ခွဲစိတ်နေစဉ်တွင် ရောဂါဗေဒ အထူးကုများ (pathologists)၊ ရေဒီယို ရောင်ခြည်အထူးကုများ (radiologists) နှင့်ပူးပေါင်းပြီး real-time သို့မဟုတ် အချိန်နှစ်တစ်ပြေးညီ ရရှိသည့် ပုံရိပ်များ ကို အသုံးပြုအကဲဖြတ်စေနိုင်ပါသည်။ ထို့ကြောင့်၊ ရောဂါများကို ချက်ချင်းစမ်းသပ်ရှာဖွေနိုင်ပြီး ကုသနိုင်ရန် ကူညီပေး ပါသည်။ 
ဟိုက်ဘရစ်ခွဲစိတ်ခန်းသည် ပြွန် (catheter-based) ဖြင့်ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သည့် လူနာများနှင့် နောက်ဆက် တွဲရောဂါများကြောင့် ပြန်လည်ခွဲစိတ်ရန်လိုအပ်ပြီး ကြီးမားသည့် အန္တရာယ်ကြုံတွေ့ရနိုင်သည့် လူနာများအတွက် သင့်လျော်ပါသည်။ 
    • ၀မ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောပြုပြင်ခြင်း (Endovascular Aortic Aneurysm Repair (EVAR))
    • ပြွန်ဖြင့် ပင်မသွေးလွှတ်ကြောအဆို့ ခွဲစိတ်အစားထိုးခြင်း (Trancatheter Aortic Valve Implantation (TAVI)) 
    • နှလုံးခုန်နှုန်း ပုံမမှန်ခြင်း (Electrophysiology) 
    • သွေကြေားများ ပုံမမှန်မှု (Arteriovenous malformation) 
    • ဦးနှောက်ပိုင်းဆိုင်ရာရောဂါ (Cerebral aneurysm) 

 ဟိုက်ဘရစ် ခွဲစိတ်ခန်း၏အကျိုးကျေးဇူး 
    1. ရောဂါစမ်းသပ်ရှာဖွေသည့်လုပ်ငန်းစဉ်နှင့် ကုသမှုများကို တစ်ပြိုင်နက်တည်း (တစ်ကြိမ်ပြသရုံ) ဆောင်ရွက်နိုင်ခြင်း 
    2. လုပ်ငန်းစဉ်များပိုမိုဘေးအန္တရာယ်ကင်းခြင်း
    3. လုပ်ငန်းစဉ်များ ပိုမိုတိုတောင်းခြင်း 
    4. ပုံရိပ်များကို လျှင်မြန်စွာ ပုံရိပ်ဖော်နိုင်ခြင်း 
    5. ရလဒ်များ ပိုမိုကောင်းမွန်ခြင်း 
    6. ဆေးရုံတက်ရသည့်အချိန် ပိုမိုတိုတောင်းခြင်း 
    7. ရှုပ်ထွေးသည့် ရောဂါ လက္ခဏာများရှိပြီး ကြီးမားသည့်အန္တရာယ် ကြုံတွေ့ ရနိုင်သည့် လူနာများအတွက် သင့်လျော်ခြင်း