မျိုးပွားခြင်း စင်တာ

ကျွန်ုပ်တို့ ၏ မျိုးပွားမှု စင်တာ (ARC) ကြီးသည် မိသားစုဘ၀ကို စတင်ရန် သို့မဟုတ် ချဲ့ ထွင်ရန်အတွက် နှစ်ပေါင်း များ စွာကြာကပင်ကူညီပေးနေပါသည်။ စုံတွဲများ ကိုယ်ဝန်ဆောင်နိုင်ရန်အတွက် မျိုးမပွားနိုင်ခြင်းနှင့် ကိုယ်ဝန် နှင့် ဆက်စပ်သည့် ပြဿနာများကို အပြည့်အ၀အကဲဖြတ်ကုသပေးနေပါသည်။ ကျွန်ုပ်တို့၏ဆေးအဖွဲ့ တွင် မျိုးပွားနိုင်မှု မရှိခြင်းဆိုင်ရာ ပြဿနာများကို ဆွေးနွေးတိုင်ပင်အကြံဥာဏ်များနှင့် ကုသမှုများပေးမည့် အသိအမှတ်ပြု ကလေး မွေးဖွားအထူးကု၊ အသိအမှတ်ပြု သန္ဓေသားအထူးကု၊ အထူးပြုသူနာပြုများသာမက မေ့ဆေးဆရာဝန်များလည်း ပါဝင်သည်။ ၄င်းတို့ မှ မိမိစိတ်ကြိုက် ပျိုးပွားမှုဆိုင်ရာ ကုသမှုအစီအစဉ်ကို ရင်းနှီးဖော်ရွေနီးကပ်စွာ ကူညီ ဖော်ဆောင် ပေးမည်ဖြစ်ပါသည်။ 

ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ 
အမျိုးသားသုတ်ရည်အတွက် Andrology ဓာတ်ခွဲခန်း၊ ဇီဝ ပစ္စည်းများကိုအေးခဲထားရှိသည့် Cryoperesservation ဓာတ်ခွဲခန်း၊ သန္ဓေသားလောင်း (Embryo) ဓာတ်ခွဲခန်း နှင့် မျိုးဗီဇ (Genetic) ဓာတ်ခွဲခန်း 

ကျွန်ုပ်တို့ ၏၀န်ဆောင်မှုများ 
    • မျိုးပွားမှုဆိုင်ရာ ဆွေးနွေးတိုင်ပင်အကြံဥာဏ်များပေးခြင်း (Fertility consultation) 
    • သုတ်ရည်နှင့် မမျိုးဥပေါင်းစပ်ပေးခြင်း (In Vitro Fertilization (IVF))
    • သုတ်ရည်ထိုးသွင်းခြင်း (Intra-Cytoplasmic Sperm Injection (ICSI)၊ မျိုးအောင်ရန် ကူညီခြင်း (Assisted Hatching) 
    • အမျိုးသမီးတွင်းသို့သုတ်ရည်ထိုးသွင်းခြင်း (Intra Uterine insemination (IUI))
    • ခန္ဓာကိုယ်တွင်းမထည့်မီ မျိုးဗီဇအား စစ်ဆေးခြင်း(Pre-Implantation Generic Diagnosis or Screening)
    • မိုက်ခရိုပြားလေးများဖြင့် စစ်ဆေးသည့် Microarray စစ်ဆေးမှု 
    • Blastocyst culture
    • FISH (Fluorescent In Situ Hybridization)
    • Array Comparative Generic Hybridization (Array CGH)
    • သန္ဓေသားအေးခဲသိမ်းဆည်းခြင်း (Embryo Cryopreservation) 
အတိုချုပ်အနေဖြင့်၊ ဆရာဝန်များသည် မျိုးမပွားနိုင်ရသည့် အကြောင်းရင်းများကိုရှာဖွေဖော်ထုတ်ပြီး ရွေးချယ်နိုင်မည့် ကုသမှုနည်းလမ်းများကို ပေးအပ်မည်ဖြစ်ပါသည်။ ထို့နောက်တွင်၊ မျိုးပွားမှုဆိုင်ရာလုပ်ငန်းစဉ်များ စတင်ခြင်းမပြုမီ preimplantation မျိုးဗီဇစစ်ဆေးမှုကို စေ့စပ်သေချာစွာလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ 
သုတ်ရည်ထိုးသွင်းခြင်း (ICSI) သည် သုတ်ရည်နှင့် မမျိုးဥပေါင်းစပ်ပေးခြင်း (IVF) ဆိုင်ရာလုပ်ထုံးလုပ်နည်း၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းကို micromanipulation ပစ္စည်းအမျိုးမျိုးကို အသုံးပြုပြီး မိုက်ကရိုစကုပ်ဖြင့် လုပ်ဆောင်ရခြင်းဖြစ်ပြီး၊ သုတ်ပိုးအရေအတွက် နည်းနေသည့်အခါ၊ သုတ်ပိုး ပုံသဏ္ဍာန် ကောင်းမွန်ခြင်းမရှိသည့်အခါ သို့မဟုတ် ရွေ့လျားနိုင်ခြင်းမရှိသည့်အခါ များကဲ့သို့သော သုတ်အရေ အတွက် မလုံလောက်သည့်အချိန်အခါတွင် လုပ်ဆောင်ပါသည်။ သုတ်ရည်ထိုးသွင်းခြင်း (ICSI) သည် မျိုးအောင်နိုင်စေရန် အတွက် သုတ်ပိုးကို မမျိုးဥတွင်းသို့တိုက်ရိုက်ထိုးသွင်းခြင်းဖြစ်သည်။ မျိုးအောင်သည့် ဥအား အမျိုးသမီး၏ သားအိမ် တွင်းသို့ထိုးသွင်းပေးပါသည်။ 
အောင်မြင်နိုင်ရန် အဆင့်များ 
ရာသီမလာမီ 2-3  ရက်အလိုတွင် ဘန်ကောက်သို့လာသင့်သည်။ မျိုးဥကို လှုံ့ ဆော်ရန်ပေးအပ်ရမည့် ဟော်မုန်း ပမာဏကို သတ်မှတ်နိုင်ရန်အတွက် ရာသီလာသည့် ဒုတိယမြောက်နေ့တွင် FSH၊ Estradiol ကဲ့သို့သော IVF ဟော်မုန်းပမာဏ စစ်ဆေးမှုနှင့် အခြားစစ်ဆေးမှုများကို လုပ်ဆောင်ရန်အတွက်ဖြစ်သည်။ 
အဆင့် 1 – ကြိုတင်ပြင်ဆင်ခြင်း 
စုံတွဲနှစ်ဦးစလုံးမှ စမ်းသပ်စစ်ဆေးမှုအမျိုးမျိုးကို ခံယူကြရမည်ဖြစ်သည်။ ဤစမ်းသပ်စစ်ဆေးမှုများသည် ဆေးရုံ တစ်ခုနှင့်တစ်ခုမတူသော်လည်း အခြေခံအားဖြင့် အမျိုးသမီးများမှ ဟော်မုန်းစစ်ဆေးမှုခံယူခြင်း၊  အမျိုးသားများ မှ သုတ်ပိုးစစ်ဆေးမှုခံယူခြင်းနှင့် စုံတွဲနှစ်ဦးစလုံးမှ AIDS နှင့် အခြားစမ်းဆေးမှုများကို ခံယူကြရမည်ဖြစ်ပါသည်။ ပုံမှန် မမျိုးဥကြွေသည့် ရာသီစက်ဝန်းတွင် ပုံမှန်အားဖြင့် တစ်လလျှင်တစ်ဥ ရင့်မှည့်လေ့ရှိပါသည်။ သုတ်ပိုးနှင့် မျိုးဥ ပေါင်းစပ်သည့် စက်ဝန်း (IVF cycle) တွင် ကျွန်ုပ်တို့ ၏ရည်မှန်းချက်ပန်းတိုင်မှာ ကုသမှုအောင်မြင်စေရန်အတွက် ရင့်မှည့်သည့် မမျိုးဥ များနိုင်သမျှ များများရရှိနိုင်ရန်အတွက်ဖြစ်သည်။ ထို့ကြောင့်၊ သားအိမ်ကိုလှုံ့ဆော် ၍ မမျိုးဥ ထုတ်လွှတ်ပေးစေရန်အတွက် ခန့်မှန်းခြေအားဖြင့် ရာသီစက်ဝန်း၏ ဒုတိယမြောက်နေ့ မှ 13 -14 ရက်မြောက်နေ့ အထိ ထိုးဆေးများ ကို ထိုးသွင်းပါသည်။ ထိုးဆေးများကို သဘာဝမျိုးဥဖြစ်စဉ်တွင် ပါဝင်သည့် သဘာဝဟော်မုန်း များဖြစ်သည့် FSH နှင့် LH များမှ ဖော်စပ်ထားခြင်းဖြစ်ပါသည်။ 
အဆင့် 2 - မမျိုးများကို ထုတ်ယူခြင်း 
မမျိုးဥများ အဆင့်သင့်ဖြစ်ချိန်တွင် ဆေးထိုးအပ်ဖြင့် မအင်္ဂါနံရံမွေးညင်းပေါက်များမှတဆင့် ထိုဥများကို စုပ်ယူပါမည်။ ဤသို့စုပ်ယူရာတွင် သာမာန်အားဖြင့် နာကျင်မှုသက်သာအိပ်မောကျစေမည့်ဆေးကို မိနစ် 30 မျှ ပေးပါသည်။ အများအားဖြင့် စတင်ပြင်ဆင်ချိန်မှ အမျိုးသမီးပြန်လည်နိုးထလာသည့်အချိန်အထိကြာချိန်မှာ တစ်နာရီမျှပင် မရှိပေ။ 
အဆင့် 3 – မျိုးအောင်စေခြင်း (ရက် 1၊ ရက် 3)
ဆောင်ရွက်မှုလုပ်ငန်းစဉ်ကို သတ်မှတ်ခြင်းမပြုမီ ဓာတ်ခွဲခန်းမှ မမျိုးဥနှင့် သုတ်ပိုး၏အရည်အသွေးကို အကဲဖြတ် သတ်မှတ်ပါသည်။ သန္ဓေသားအထူးကုမှ ကောင်းမွန်ကျန်းမာသည့် သုတ်ပိုးလေးတစ်ကောင်ကို ရွေးချယ်ပြီး မျိုးဥ ၏အလယ်တည့်တည့်သို့ထိုးသွင်းပါသည်။ နောက်တစ်နေ့ နံနက် 11 နာရီဝန်းကျင်တွင် သန္ဓေသားလောင်း အရေအတွက်နှင့်ပတ်သက်သည့် သတင်းကို သင့်အားပြောကြားပေးမည်ဖြစ်ပါသည်။ 3 ရက်နေ့ သန္ဓေသားဖွံ့ ဖြိုး တိုးတက်မှုအခြေအနေနှင့် 5 ရက်မြောက် နေ့ blastocyst အဆင့်ရှိ သန္ဓေသား၏ အခြေအနေများကို သင့်အား စဉ်ဆက်မပြတ် အစီရင်ခံပေးသွားမည်ဖြစ်ပါသည်။ 
အဆင့် 4 - သန္ဓေသားအားပြောင်းရွှေ့ ခြင်း (ရက် 5)
သန္ဓေသားလောင်းလေးများဖွဲ့ စည်းဖြစ်တည်လာပြီး ကြီးထွားလာသည်နှင့် ၄င်းတို့ ၏သက်ရာနေရာဖြစ်သော သားအိမ် တွင်းသို့ ထည့်သွင်းရမည့် အချိန်ကျရောက်လာပြီ ဖြစ်ပါသည်။ ပြွန်သေးဖြင့် အမျိုးသမီး၏ သားအိမ်တွင်းသို့  သန္ဓေသားလောင်း တစ်ခု သို့မဟုတ် ထို့ ထက်ပိုစွာ ပြောင်းရွှေ့ ထည့်သွင်းပေးမည်ဖြစ်ပြီး၊ ထိုသို့ ထိုးသွင်းရာတွင် လည်းနာကျင်မှုကို ခံစားရမည်မဟုတ်ပေ။ 
အဆင့် 5 – Beta HCG (သန္ဓေသားအားပြောင်းရွှေ့ ထိုးသွင်းပြီး နောက် 10 ရက်)
ကိုယ်ဝန်တည်ခြင်း ရှိမရှိစမ်းသပ်ရမည့် အချိန်ဖြစ်သည်။ သွေးဖောက်ပြီး HCG ပမာဏအား တိုင်းတာပါမည်။ စမ်းသပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အချိန် 28-29 ရက်ကြာမြင့်နိုင်ပါသည်။ ရလဒ်အနေဖြင့် ကိုယ်ဝန် တည်နိုင်မှုမှာ ရာနှုန်း 50 ၀န်းကျင်ရှိပါသည်။ အရေးအကြီးဆုံးအချက်မှာ ကျွန်ုပ်တို့၏ဆေးရုံမှ မျိုးဗီဇစမ်းသပ် စစ်ဆေးခြင်း (Microarray) အသိဥာဏ်နည်းပညာကို အသုံးပြုခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်ကြောင့် သုတေသီများသည် သန္ဓေသား အတွက် နှလုံးရောဂါ၊ စိတ်ကျန်းမာရေးဆိုင်ရာရောဂါနှင့် ကူးစက်တတ်သည့်ရောဂါများ အပါအ၀င် ရောဂါအမျိုးမျိုး အကြောင်း ကိုပိုမိုလေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။ ဤအကျိုးကျေးဇူးကြီးမားလှသည့် လုပ်ငန်းစဉ်၏အောင်မြင်နိုင်မှု ရာနှုန်းမှာ 80 ဖြစ်ပါသည်။ 
ဖရာထိုင်း 2 ဆေးရုံမှ ကလေးရယူရန် စိတ်ဆန္ဒရှိသော်လည်း ကိုယ်ဝန်ရရှိနိုင်ရန် ခက်ခဲသည့် ကျွန်ုပ်တို့ လူနာများ၏ အခြေအနေကို စာနာ နားလည်ပေးသောကြောင့် မျိုးအောင်နိုင်ရေးအတွက် ၀န်ဆောင်မှုများကို ဂုဏ်ယူစွာဖြင့် ပေး အပ်နေပါသည်။ 
တည်နေရာ နှင့် ၀န်ဆောင်မှု အချိန် 
နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 7.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 10 ထပ်၊ အဆောက်အဦး  B
ဆက်သွယ်ရန်:  ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် + 66-(0)2 617-2444 ext.  1057, 1058 သို့ဖုန်း ခေါ်ဆိုပါ။ 

Our Doctors

Dr.Panya Saksangawong

Reproductive Endocrinology and Infertility Specialist

Dr.Theerayut Jongwutiwes

Obstetrician and Gynecologist, Reproductive Endocrinology and Infertility Specialist

Dr.Kitti Chattrakulchai

Reproductive Endocrinology and Infertility

Programs & Promotions

Testicular sperm extraction (TESE)

TESE allows our fertility experts to retrieve sperm directly from the testicles, offering renewed hope to couples working toward their dream of parenthood.

Percutaneous Epididymal Sperm Aspiration (PESA)

Facing male infertility challenges? Percutaneous Epididymal Sperm Aspiration (PESA) is a quick, safe, and minimally invasive procedure designed to collect sperm directly from the epididymis — especially helpful for men with blocked vas deferens.

Intrauterine insemination (IUI)

Looking to start or grow your family? Intrauterine Insemination (IUI) is a safe fertility treatment that can help you achieve your dream of parenthood.IUI increases the chances of pregnancy by placing specially prepared sperm directly into the uterus.

ICSI Program

Our state-of-the-art ICSI program offers hope for couples facing infertility or previous IVF challenges. With personalized care, and cutting-edge technology, we help turn dreams of parenthood into reality.

Fertility Check Up Program

To help determine the factors affecting an individual's or couple's ability to conceive.