အရိုးကြွက်သားစနစ်ဆိုင်ရာ ရောဂါများကို ကျွန်ုပ်တို့၏ ကမ္ဘာ့အဆင့်မီ အရိုးအထူးကု စင်တာကြီးမှ ရှေ့ ဆောင်ကုသ ပေးနေပြီး၊ အထူးသဖြင့် အရိုး၊ ကြွက်သား၊ အရွတ်၊ အာရုံကြော နှင့် အဆစ်များဆိုင်ရာရောဂါများကို ဆေးဝါးကုသပေး စောင့်ရှောက်မှုပေးနေပါသည်။ ကျွန်ုပ်တို့သည် လူနာများအဆင်ပြေလွယ်ကူသက်သာစေရေးအတွက် ဓာတ်မှန် နှင့် စမ်းသပ်စစ်ဆေးခန်းများအပါအ၀င် အရိုးကြွက်သားများနှင့်ဆိုင်သည့် စမ်းသပ်စစ်ဆေးမှုများနှင့် ခွဲစိတ်ကုသမှုများကို တစ်နေတည်းတွင် ပြီးပြည့်စုံစွာပြုလုပ်ဆောင်ရွက်ပေးနေပါသည်။ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ရေး၊ အားကစား စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး သို့မဟုတ် ဒဏ်ရာမှ ပြည်လည်နာလန်ထူနိုင်စေရေး အစရှိသည့် လူနာ တစ်ဦးချင်းစီ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများအဖွဲ့မှလည်း အကောင်းဆုံးရလဒ်ရရှိပြီး လူနာများ၏ ထိုကဲ့သို့သောလိုအပ်ချက်များကို ထိထိရောက်ရောက်ဖြည့်ဆည်း ပေးနိုင်ရန် အတွက် စေ့စပ်သေချာစွာပူးပေါင်းဆောင်ရွက်ကြပါသည်။
ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ
ဝန်ဆောင်မှုကောင်းမွန်သည့် ပြင်ပလူနာဌာန
အထူးကုခန်းများနှင့် ကုသမှုဆိုင်ရာနယ်ပယ်များ
ဆွေးနွေးတိုင်ပင်ခန်းများတွင် ကွန်ပျူတာစနစ်ဖြင့် လူနာမှတ်တမ်းတင်သည့်စနစ်
ပြန်လည်ထူထောင်ရေးဆေးဘက်ဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းနှင့် ကာယကုထုံး
ကျွန်ုပ်တို့ ၏၀န်ဆောင်မှုများ
အရိုးအကြောအထူးကု နယ်ပယ်ခွဲများ:
• အဆစ်ခွဲစိတ်ပြုပြင်ခြင်း (Joint arthroplasty)
• သက်ကြီးများ၏အရိုးအကြောအားပြန်လည်တည်ဆောင်ခြင်းနှင့် အဆစ်အစားထိုးခြင်း (Adult reconstruction and joint replacement)
• အားကစားဆိုင်ရာ ဆေးပညာ (Sports medicine)
• လက်နှင့် လက်ကောက်ဝတ်ခွဲစိတ်ခြင်း (Surgery of the hand and wrist)
• ခြေထောက်ခွဲစိတ်ခြင်း (Surgery of the foot)
• ပခုံးနှင့် တံတောင်ဆစ်ခွဲစိတ်ခြင်း (Surgery of shoulder and elbow)
• အရိုးကြွက်သားအကျိတ်ခွဲစိတ်ခြင်း (Musculoskeletal tumor surgery)
• အရိုးအကြောဒဏ်ရာ ခွဲစိတ်ခြင်း (Orthopedic trauma surgery)
• ကလေးအရိုးအကြော (Pediatric orthopedic)
• ကိုယ်ကာယပိုင်းဆိုင်ရာ ဆေးပညာနှင့် ပြန်လည်ထူထောင်ခြင်း (Physical medicine and rehabilitation)
• ကျောရိုးမခွဲစိတ်ခြင်း (Spine surgery)
ဖြည့်စွက်ပေးအပ်လျက်ရှိသည့် ၀န်ဆောင်မှုများ : အထွေထွေ အရိုးအကြောရောဂါ (General orthopedic)၊ အရိုး အကြောကင်ဆာ (အရိုးကြွက်သားအကျိတ်) (Orthopedic Oncology (musculoskeletal tumors))၊ အရိုးအဆစ် ကျောရိုး ခွဲစိတ်ပြုပြင်ခြင်း (Arthroscopy and Veterbroplasty and Kyphoplasyty)
တည်နေရာ နှင့် ၀န်ဆောင်မှု အချိန်
နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 8.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 5 ထပ်၊ အဆောက်အဦး B
ဆက်သွယ်ရန်: ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့ မဟုတ် + 66 (0) 2617-2444 ext. 3523, 3528 သို့ ဖုန်း ခေါ်ဆို ပါ။