Marketplace

ဦးနှောက်အာရုံကြောစင်တာ

ဖရာထိုင်း 2 ဆေးရုံတွင် ဦးနှောက်နှင့် အာရုံကြောပါရဂူကြီးများ နှင့် ခွဲစိတ်ဆရာဝန်ကြီးများမှ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ အဖြစ်များသည့်ရောဂါများမှသည် ခက်ခဲရှုပ်ထွေးသည့် ရောဂါများအထိ အကောင်းဆုံး စောင့်ရှောက်ကုသပေး နေပါသည်။ ကျွန်ုပ်တို့၏ လူနာများအတွက် ကျွန်ုပ်တို့၏ အထူးကုသမားတော်ကြီးများမှ အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးသော ရလဒ်ထွက်ပေါ်လာစေရေးအတွက် ရောဂါအားတိကျစွာရှာဖွေဖော်ထုတ်ပေးနိုင်မည့် အဆင့်မြင့် ပုံရိပ်ဖော်နည်းပညာကို အသုံးပြုပြီး ရောဂါအားစမ်းသပ်ရှာဖွေပေးသည်သာမက တစ်ဦးချင်းနှင့် သင့်တော်မည့် ကုသမှု အစီအစဉ်များကိုလည်း ဖော်ဆောင်ပေးနေပါသည်။ 
 
ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ 
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လူနာများအတွက် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ အထူးလူနာဆောင်များကို ထားရှိ ပေးထားပြီး၊ အဆင့်အမြင့်ဆုံးသော နည်းပညာ၊ ကျွမ်းကျင်ပညာရှင်များနှင့် စိတ်ရောကိုယ်ပါနှစ်မြှပ်ပြီး တာဝန် ထမ်းဆောင်နေကြသည့် ၀န်ထမ်းများဖြင့် လူနာများကို စောင့်ရှောက်ကုသနေပါသည်။ အကောင်းမွန်ဆုံး ရလဒ် ရရှိရန် အတွက် ကျွန်ုပ်တို့၏ စင်တာတွင် Electromyography (EMG)၊ Electroencephalography (EEG) နှင့် Carotid Duplex Scan စက်ကြီးများအပါအ၀င် CT SCAN၊ MRI နှင့် အာထရာဆောင်း (Ultrasound)  စက်များကိုလည်း တပ်ဆင်ထားပါသည်။ 

ကျွန်ုပ်တို့ ၏ ၀န်ဆောင်မှုများ 
ကျွန်ုပ်တို့၏ ဦးနှောက်နှင့်အာရုံကြော အထွေထွေဝန်ဆောင်မှုမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာ များကို ခံစားနေရသူလူနာများအတွက် ဆွေးနွေးတိုင်ပင်အကြံဥာဏ် ပေးအပ်ခြင်း၊ အကဲဖြတ်ခြင်း၊ ရောဂါစမ်းသပ် ရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာ ၀န်ဆောင်မှုများကို ပေးအပ်ပါသည်။ 

    • သိမြင်နားလည်နိုင်မှုစွမ်းရည်ချို့ ယွင်းခြင်း (Cognitive Disorders) 
    • ၀က်ရူးပြန်ရောဂါ (Epilepsy) 
    • ခေါင်းကိုက်ခြင်း (Headache) 
    • မှတ်ဥာဏ်ချို့ ယွင်းခြင်း (Memory Disorders) 
    • ရွေ့ လျားလှုပ်ရှားမှု မူမမှန်ခြင်း (Movement Disorders)
    • အာရုံကြောကြွက်သား ချို့ ယွင်းခြင်း (Neuromuscular Disorders
    • ပါကင်ဆန် ရောဂါ (Parkinson's Disease) 
    • လေဖြတ်ခြင်း (Stroke) 
 
လေဖြတ်အထူးကုဆေးခန်း  
ကျွန်ုပ်တို့၏ လေဖြတ်ခြင်းကုသမှုနည်းကို လေဖြတ်ခြင်းအစီအစဉ် (Acute Ischemic Stroke program) ဆိုင်ရာ လက်တွေ့ စောင့်ရှောက်ကုသမှုအစီအစဉ် သက်သေခံလက်မှတ်များအားပေးအပ်သော အပြည်ပြည် ဆိုင်ရာ စံချိန် စံညွှန်းများ ပူးတွဲကော်မရှင် (Joint Commission International Standards of Clinical Care Program Certifications (CCPC)) မှ အသိအမှတ်ပြုထားပါသည်။ ကျွန်ုပ်တို့၏ဌာနတွင် လေဖြတ် လူနာများအတွက် ဦးနှောက် နှင့် အာရုံကြော ပါရဂူများ၊ သူနာပြုများ၊ ရောင်ခြည်ကျွမ်းကျင်ပညာရှင် (radiologist)၊ ကာယကုထုံးပညာရှင် နှင့် အာဟာရအထူးကုပညာရှင် များမှ အတူပူးပေါင်း ၍ကုသမှုများပေးအပ်နေပါသည်။ 

ခေါင်းကိုက်အထူးကုဆေးခန်း  
အဆင့်မြင့်နည်းပညာဖြင့် ခေါင်းကိုက်သည့် ပြဿနာကို ကုသပေးပါသည်။ Occipital အာရုံကြော ပိတ်ဆို့ ခြင်း 
သို့မဟုတ် Botox ဆေးထိုးခြင်းများအပါအ၀င် ခံစားနေရသည့် ရောဂါ လက္ခဏာများသက်သာပျောက်ကင်းနိုင်စေရန်  ကျွန်ုပ်တို့ ၏ဦးနှောက်နှင့် အာရုံကြော ပါရဂူကြီးများမှ နာကျင်မှုဝေဒနာကို စစ်ဆေးအကဲဖြတ်ခြင်း၊ ဖြစ်ပွားရသည့် အကြောင်းရင်းကိုရှာဖွေခြင်း နှင့် ရွေးချယ်နိုင်သည့် ကုသမှုနည်းလမ်းများကို ပံ့ပိုးပေးခြင်းဖြင့် ၀န်ဆောင်ပေးနေပါ သည်။ 
 
မှတ်ဥာဏ်အထူးကုဆေးခန်း 
အယ်လ်ဇိုင်းမားနှင့် ဒီမန်းရှားတို့ကဲ့သို့သော မှတ်ဥာဏ်ချို့ယွင်းသည့် ဝေဒနာများကို  ခံစားနေရသူများအတွက် အကဲဖြတ်ခြင်း၊ ရောဂါရှာဖွေသတ်မှတ်ခြင်းနှင့် ကုသခြင်းများကို ဆောင်ရွက်ပေးနေပါသည်။ အယ်လ်ဇိုင်းမားဖြစ်ပေါ်ရ သည့်အကြောင်းတရားများတွင် အသက်အရွယ်ကြီးရင့်လာခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခြင်း၊ လေဖြတ်ခြင်း အစရှိ သည်တို့ ပါဝင်ပါသည်။ 
 
ဦးနှောက်အာရုံကြော ခွဲစိတ်ကုသမှုအထူးကုဆေးခန်း 
ဦးနှောက်နှင့်အာရုံကြော စင်တာတွင် နည်းနိုင်သမျှအနည်းဆုံး ကျောရိုးထိုးဖောက်ခွဲစိတ်မှု (ဦးနှောင်အာရုံကြောခွဲစိတ် မှု) ကိုဆောင်ရွက်နိုင်ပါသည်။ နည်းနိုင်သမျှအနည်းဆုံးထိုးဖောက်ခွဲစိတ်မှု (minimally invasive surgery) ကို ကျွန်ုပ်တို့၏ကျွမ်းကျင်သူ ခွဲစိတ်ဆရာဝန်များမှ မိုက်ခရိုခွဲစိတ်မှု (micro incisions) နည်းလမ်းများ ဖြင့် ဆောင်ရွက် ပေးကြပါသည်။ ဤနည်းဖြင့်ခွဲစိတ်ရာတွင် ခွဲစိတ်ဒဏ်ရာများမှာ လွန်စွာသေးငယ်သောကြောင့် ပတ်ဝန်းကျင်ရှိ ကြွက်သားများကို ထိခိုက်ပျက်စီးစေနိုင်ခြင်းမရှိသည်သာမက ယခင်ခွဲစိတ်မှုများ၏ ရလဒ်များမှာလည်း အထူးပင် ကောင်းမွန် သည်ကိုတွေ့ ရှိရပါသည်။ လူနာများမှာ၏ ဆေးရုံတက်ရသည့်အချိန်မှာလည်းတိုတောင်းသည်သာမက ပိုမို လျှင်မြန်စွာ နာလန်ပြန်ထူနိုင်ပြီး ထင်သာမြင်သာ သည့်အမာရွတ်များလည်း ဖြစ်ပေါ်ခြင်းမရှိပေ။ 

ပံ့ပိုးမှုနှင့် နောက်ဆက်တွဲ ကုသမှု (Support and Follow-up Treatment)
ကိုယ်ကာယပိုင်းဆိုင်ရာ ကျွမ်းကျင်သူကုထုံးပညာရှင်များအဖွဲ့သည် သင်၏ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် တစ်လျှောက်တွင် သင့်ကို အနီးကပ် လမ်းညွှန်မှုများ၊ အကြံဥာဏ်များပေးအပ်သွားမည်ဖြစ်ပါသည်။ ၄င်းတို့မှ သင်၏ ပြန်လည်ထူထောင်ရေးအစီအစဉ်များကို စီမံရေးဆွဲသတ်မှတ်ပြီး သင့်ခန္ဓာကိုယ် ၏လုပ်ငန်းဆောင်တာ၊ လှုပ်ရှား ဆောင်ရွက်မှုများ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်အထိ နေ့စဉ်၊ အပတ်စဉ်ပန်းတိုင်များကိုချမှတ်ရာ တွင်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။ 

တည်နေရာ နှင့် ၀န်ဆောင်မှု အချိန် 
နေ့ စဉ် ၀န်ဆောင်မှု အချိန်: နံနက် 8.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 4 ထပ်၊ အဆောက်အဦး  A
ဆက်သွယ်ရန်:  ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့မဟုတ် +66 (0) 2617-2444 ext. 4484,7451
သို့ဖုန်း ခေါ်ဆို ပါ။

Programs & Promotions

TMS Therapy

Transcranial Magnetic Stimulation (TMS) is a non-invasive, drug-free therapy that uses magnetic pulses to stimulate specific areas of the brain involved in mood regulation. This innovative treatment helps improve symptoms of depression, and anxiety

Aneurysm Coiling for Stroke Treatment

Aneurysm coiling is a minimally invasive procedure that can treat strokes caused by aneurysms reducing the risk of rupture and bleeding, and if ruptured, can cause life-threatening.