Top

ကျန်းမာရေး ပရိုမိုးရှင်း စင်တာ 

 

မိမိတို့၏ ဘ၀နှင့်အချိန်ကို အလုပ်အတွက်နှစ်မြှပ်ထားကြသည့် ဆရာဝန်၊ သူနာပြု နှင့် ဆေးရုံဝန်ထမ်းများကြောင့် သင့်ကျန်းမာရေးအခြေခံလိုအပ်ချက်များအတွက် တိုင်ပင်ဆွေးနွေးမှုနှင့် ကုသမှုများ၏ အမြင့်ဆုံးအရည်အသွေးကို ရရှိ ခံစားကြရပါမည်။ စင်တာကြီးတွင် အလုပ်အကိုင်အတွက် ကျန်းမာရေးစစ်ဆေးခြင်း၊ နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်း မပြုမီ ကျန်းမာရေးစစ်ဆေးခြင်း နှင့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများကဲ့သို့သော တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြည့်ဆည်းပေးမည့် ထူးခြားသော ပက်ကေ့ခ်ျများလည်းရှိပါသည်။ 

 

ဤသို့ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းဖြင့် တွေ့ရှိလာသည့် နာမကျန်းမှုများကို ချက်ချင်းကုသလျော့နည်းစေနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့လူနာများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရန်နှင့် လူနာများ၏  အခြေအနေကို စီမံခြင်း နှင့် ဘ၀အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားရှိနိုင်စေရန်အတွက် အကြွင်းမဲ့ လူနေမှု ပုံစံပြုပြင်မွမ်းမံခြင်း (Total Lifestyle Modifications (TLM)) ကဲ့သို့သော သင့်လျော်မှုအရှိဆုံးနည်းလမ်းများကို အကြံဥာဏ်များပေးအပ်ရန် ဖြစ်ပါသည်။ ကျန်းမာရေးသုတေသနစင်တာ (Healthcare Research Center) ဖြစ်လာရန် အတွက်လည်း အမေရိကန်နိုင်ငံရှိ Oregon Health & Science University (OHSU) ၏အဖွဲ့ဝင်အဖြစ် လည်း အသင်းဝင်ထားပါသည်။